Property Expo
×






Credit:7day news

#Unicode Version
အိုင်းရင်းခရော့စ်အဖွဲ့ ၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ ရက်၌ ပြုလုပ် မည်ဖြစ်ပြီး နယ်ဖျော်ဖြေပွဲများ လည်း ဆက်တိုက်ပြုလုပ်ရန် အစီ အစဉ်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်ဖျော်ဖြေပွဲကို အောက်တိုဘာ ၁ ရက်တွင် ပြည် သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်း သတ်မှတ်ထားကာ စက်တင်ဘာ ၂၂ ရက်တွင် စတင်ဝယ်ယူနိုင်ကြောင်း We Love IC Fan Group Admin ကိုတင်ထွန်းလွင်က ပြောသည်။

ယင်းဖျော်ဖြေပွဲပြီးစီးပါက မကွေး၊ တောင်ငူ၊ အင်းလေး၊ မန္တလေး၊ မြင်းခြံ၊ ချောင်းသာ (Beach Show)၊ ရွှေဘို၊ ရန်ကုန် နှင့် မော်လမြိုင်ဖျော်ဖြေပွဲများ ဆက်တိုက် ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

နယ်ဖျော်ဖြေပွဲများအနက် အင်းလေးနှင့် ချောင်းသာတွင်ပြု လုပ်မည့် ပွဲများသည် အခမဲ့ပွဲများဖြစ်ပြီး ယခင်အခမဲ့ဖျော်ဖြေ ပွဲများကဲ့သို့ပင် 5Plus ရုပ်သံလိုင်း က ထုတ်လွှင့်ပြသပေးမည်ဖြစ် သည်။

အိုင်းရင်းခရော့စ်အဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အဖွဲ့ စတင်တည်ထောင်ခြင်း (၂၆)နှစ် ပြည့်မြောက်ပြီး လက်ရှိအချိန် အထိ ပရိသတ်အားပေးမှု အခိုင် အမာရရှိနေသော တီးဝိုင်းတစ်ခု လည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း အိုင်းရင်းခရော့စ်အဖွဲ့ ပင်တိုင်အဆိုရှင် များ၏ တစ်ကိုယ်တော် မိနစ်၉၀ ဖျော်ဖြေပွဲများမှာလည်း အောင် မြင်မှု ရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7day news
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top