Property Expo
×

ေျမာက္ဥကၠလာပၿမိဳ႕ နယ္ (ဆ)ရပ္ကြက္တြင္ အရက္မူးေနသူႏွင့္ စကားမ်ားရန္ျဖစ္ရာမွ အသက္(၃၄)ႏွစ္အရြယ္အမ်ဳိး သားတစ္ဦး ဓားထုိးခံရေၾကာင္း သတင္းရရွိသည္။

ဖိနပ္လုပ္ငန္းလုပ္ကိုင္သည့္ အသက္(၃၄)ႏွစ္အရြယ္ ကိုရဲမင္း သူသည္ စက္တင္ဘာ ၂၄ရက္ ည ၁၁နာရီခြဲခန္႔က (ဆ)ရပ္ကြက္ ကရ၀ိက္(၃)လမ္းရွိ ေနအိမ္တစ္ အိမ္ေရွ႕တြင္ ကိုသန္းလႈိင္၊ ေဇာ္ လတ္ႏွင့္ ရဲ၀င္းထြန္းတုိ႔ႏွင့္အတူ စကားေျပာရာမွ စတင္ျဖစ္ပြား ျခင္းျဖစ္သည္။
ယင္းသုိ႔စကားေျပာေနစဥ္ အသက္(၂၈)ႏွစ္အရြယ္ ရဲ၀င္းထြန္းသည္ အရက္မူးေနသျဖင့္ အိပ္ရန္ေနအိမ္ေပၚသို႔ ပုိ႔ေပးခဲ့ေသာ္လည္း ၎က ျပန္လည္ေရာက္လာသျဖင့္ အိပ္ရန္ေျပာဆုိရာမွအေခ်အတင္စကားမ်ား ရန္ျဖစ္ခဲ့သည္။ ရဲ၀င္းထြန္းက အသင့္ပါလာသည့္ဓားျဖင့္ ထုိးခဲ့၍ကုိရဲမင္းသူ၏ ၀ဲလက္ညဳိး၊ ယာလက္ဖ်ံႏွင့္ ၀ဲပါးတုိ႔တြင္ ျပတ္ရွဒဏ္ရာမ်ား၊ ေက်ာကုန္းတြင္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံႀကီးသို႔တင္ပုိ႔ကုသရေၾကာင္း ေျမာက္ဥ ကၠလာပၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။
ဓားျဖင့္ထုိးခဲ့သည့္ ရဲ၀င္းထြန္းကို ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းက ေဘးျဖစ္ေစေသာလက္နက္ျဖင့္အျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၂၆ျဖင့္အမႈဖြင့္စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 မြောက်ဥက္ကလာပမြို့ နယ် (ဆ)ရပ်ကွက်တွင် အရက်မူးနေသူနှင့် စကားများရန်ဖြစ်ရာမှ အသက်(၃၄)နှစ်အရွယ်အမျိုး သားတစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။

ဖိနပ်လုပ်ငန်းလုပ်ကိုင်သည့် အသက်(၃၄)နှစ်အရွယ် ကိုရဲမင်း သူသည် စက်တင်ဘာ ၂၄ရက် ည ၁၁နာရီခွဲခန့်က (ဆ)ရပ်ကွက် ကရဝိက်(၃)လမ်းရှိ နေအိမ်တစ် အိမ်ရှေ့တွင် ကိုသန်းလှိုင်၊ ဇော် လတ်နှင့် ရဲဝင်းထွန်းတို့နှင့်အတူ စကားပြောရာမှ စတင်ဖြစ်ပွား ခြင်းဖြစ်သည်။

ယင်းသို့စကားပြောနေစဉ် အသက်(၂၈)နှစ်အရွယ် ရဲဝင်းထွန်းသည် အရက်မူးနေသဖြင့် အိပ်ရန်နေအိမ်ပေါ်သို့ ပို့ပေးခဲ့သော်လည်း ၎င်းက ပြန်လည်ရောက်လာသဖြင့် အိပ်ရန်ပြောဆိုရာမှအချေအတင်စကားများ ရန်ဖြစ်ခဲ့သည်။ ရဲဝင်းထွန်းက အသင့်ပါလာသည့်ဓားဖြင့် ထိုးခဲ့၍ကိုရဲမင်းသူ၏ ဝဲလက်ညိုး၊ ယာလက်ဖျံနှင့် ဝဲပါးတို့တွင် ပြတ်ရှဒဏ်ရာများ၊ ကျောကုန်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့တင်ပို့ကုသရကြောင်း မြောက်ဥ က္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားဖြင့်ထိုးခဲ့သည့် ရဲဝင်းထွန်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ဘေးဖြစ်စေသောလက်နက်ဖြင့်အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ဖြင့်အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top