Property Expo
×

ေျမာက္ကုိရီးယားႏိုင္ငံက ၎ရဲ႕ အေ႐ွ႕ဘက္ကမ္း႐ုိးတန္းမွ ပင္လယ္ျပင္အတြင္းသို႕ ဒုံးက်ည္သုံးစင္ ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကုိရီးယား တာဝန္႐ွိသူေတြက ေျပာပါတယ္။ ဒုံးက်ည္ေတြကုိ ဟြမ္ဂ်ဴးေဒသမွ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကုိရီးယား စစ္ဘက္ထိပ္တန္းအရာ႐ွိက စက္တင္ဘာ ၅ ရက္မွာ ေျပာၾကားေၾကာင္း ယြန္ဟပ္သတင္းမွာ ေဖာ္ျပပါတယ္။

ေျမာက္ကုိရီးယားက ပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္အမ်ဳိးအစားနဲ႕ ေရာက္႐ွိခဲ့တဲ့ အကြာအေဝးကိုမူ မသိ႐ွိေၾကာင္း ယြန္ဟပ္သတင္းက ဆုိပါတယ္။ ေျမာက္ကုိရီးယားႏုိင္ငံဟာ ႏ်ဴကလီးယားနဲ႕ ဒုံးက်ည္ နည္းပညာစမ္းသပ္မႈ မျပဳလုပ္ရန္ တားျမစ္ပိတ္ပင္ခံထားရေပမဲ့ လတ္တေလာ လမ်ားအတြင္းမွာပင္ ဒုံးက်ည္စမ္းသပ္မႈမ်ား ဆက္တုိက္ လုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။
ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ကလည္း ႏ်ဴကလီးယားလက္နက္ ထုတ္လုပ္မႈမ်ား တုိးျမွင့္လုပ္ေဆာင္ရန္ စစ္တပ္ကုိ စက္တင္ဘာ ၆ ရက္က ညြန္ၾကားခ့ဲေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ခန္႕ကလည္း ေရငုပ္သေဘၤာမွ ဒုံးက်ည္တစ္စင္း ပစ္လႊတ္စမ္းသပ္ခဲ့ပါတယ္။

ေတာင္ကုိရီးယားနဲ႕ အေမရိကန္တုိ႕ရဲ႕ ပူးေပါင္းစစ္ေရးေလ့က်င့္မႈကုိ တုံ႕ျပန္တဲ့အေနနဲ႕ ေရငုပ္သေဘၤာမွ ဒုံးက်ည္ပစ္လႊတ္ခဲ့ၿပီး အဆုိပါ ဒုံးက်ည္ဟာ ဂ်ပန္ေရျပင္အတြင္း မက်ေရာက္မီ မုိင္ ၃၀၀ အကြာအေဝးကို ေရာက္႐ွိခဲ့ပါတယ္။

ေျမာက္ကုိရီးယားရဲ႕ တနလၤာေန႕ (စက္တင္ဘာ ၅ ရက္) ဒုံးက်ည္ပစ္လႊတ္မႈဟာ တ႐ုတ္ႏုိင္ငံမွာ ပထမဆုံးအႀကိမ္အျဖစ္ ႏုိင္ငံG20 ထိပ္သီး အစည္းအေဝးမ်ား က်င္းပေနခ်ိန္နဲ႕လည္း တုိက္ဆုိင္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှ ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်သုံးစင် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်တွေကို ဟွမ်ဂျူးဒေသမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ထိပ်တန်းအရာရှိက စက်တင်ဘာ ၅ ရက်မှာ ပြောကြားကြောင်း ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစားနဲ့ ရောက်ရှိခဲ့တဲ့ အကွာအဝေးကိုမူ မသိရှိကြောင်း ယွန်ဟပ်သတင်းက ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးကျည် နည်းပညာစမ်းသပ်မှု မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခံထားရပေမဲ့ လတ်တလော လများအတွင်းမှာပင် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကလည်း နျူကလီးယားလက်နက် ထုတ်လုပ်မှုများ တိုးမြှင့်လုပ်ဆောင်ရန် စစ်တပ်ကို စက်တင်ဘာ ၆ ရက်က ညွန်ကြားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်ကလည်း ရေငုပ်သငေ်္ဘာမှ ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေငုပ်သငေ်္ဘာမှ ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး အဆိုပါ ဒုံးကျည်ဟာ ဂျပန်ရေပြင်အတွင်း မကျရောက်မီ မိုင် ၃၀၀ အကွာအဝေးကို ရောက်ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တနင်္လာနေ့ (စက်တင်ဘာ ၅ ရက်) ဒုံးကျည်ပစ်လွှတ်မှုဟာ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံG20 ထိပ်သီး အစည်းအဝေးများ ကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေကြောင်း သတင်းများက ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top