Property Expo
×

                                                       ဓာတ္ပုံ-နစ္ကီ

ေအးဒိစ္ျခင္က်ားကိုက္ပါက ျဖစ္ပြားတတ္သည့္ ကူးစက္ျမန္ ဇီကာဗိုင္းရပ္စ္သည္ ျမန္မာႏွင့္အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္ ျဖစ္ပြားေနၿပီျဖစ္သည္။ ျမန္မာႏိုင္ငံသို႔ ကူးစက္မႈမရွိေစရန္ ေလဆိပ္ႏွင့္နယ္စပ္ဂိတ္ေပါက္မ်ားတြင္ ေရာဂါေထာက္လွမ္းရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း အစိုးရက ေျပာၾကားထားၿပီး ယင္းဗိုင္းရပ္စ္မွာ သာမန္လူထက္ အထူးသျဖင့္ ကိုယ္၀န္ေဆာင္မိခင္မ်ား၊ ကိုယ္၀န္ေဆာင္ရန္ စီစဥ္ေနသည့္မိခင္ေလာင္းမ်ားတြင္ ကူးစက္ပါက ေမြးဖြားလာသည့္ကေလးမ်ား ေမြးရာပါဦးေခါင္းေသး ေရာဂါအပါအ၀င္ အျခားအာ႐ံုေၾကာဆိုင္ရာ ေရာဂါမ်ားပါ ျဖစ္ပြားႏိုင္သည့္ ဗိုင္းရပ္စ္လည္းျဖစ္သည္။ ထို႔ေၾကာင့္ အဆိုပါဗိုင္းရပ္စ္ ကာကြယ္ေရးႏွင့္ပတ္သက္၍ ျပည္သူမ်ား၏ စိုးရိမ္ပူပန္မႈ၊ ျခင္အႏၲရာယ္အပါအ၀င္ ဗိုင္းရပ္စ္ကူးစက္ျခင္းမခံရေစေရး ကာကြယ္ေပးေစလိုမႈ စသည့္ အသံမ်ားကို စုစည္းေဖာ္ျပလုိက္ပါသည္။

ခိုင္ယဥ္မြန္ (ကိုယ္၀န္ေဆာင္၊ လႈိင္ၿမိဳ႕နယ္)

ကူးစက္ျမန္တဲ့ ဇီကာဗိုင္းရပ္စ္အေၾကာင္းကို သတင္းစာေတြမွာ ေရာ၊ ေဖ့စ္ဘြတ္ခ္မွာေရာ ေတြ႕ေနရတယ္။ စင္ကာပူႏိုင္ငံက ျမန္မာ တစ္ေယာက္ ဒီဗိုင္းရပ္စ္ကူးတယ္ဆိုတဲ့သတင္းေတာင္ ဟိုတေလာက ဖတ္လိုက္ရေသးတယ္။ အခုက ျမန္မာႏိုင္ငံနဲ႔ သိပ္မေ၀းတဲ့ ခ်င္းမိုင္အထိ ေရာက္ေနၿပီဆိုေတာ့ ျမန္မာႏိုင္ငံအတြက္လည္း စိုးရိမ္စရာပဲ။ စင္ကာပူ လို ဖံြ႕ၿဖိဳးၿပီး က်န္းမာေရးကို ဂ႐ုစိုက္တဲ့ႏိုင္ငံေတာင္ ကူးစက္တဲ့သူေတြ ရွိေနၿပီဆိုေတာ့ ျမန္မာႏိုင္ငံလို ျခင္နဲ႔ပတ္သက္ၿပီး အစစအရာရာလိုအပ္ ေနတဲ့ ႏိုင္ငံဆိုေတာ့ ေရာဂါကူးစက္မႈႏႈန္းက ေတာ္ေတာ္မ်ားမွာ။ အစိုးရ အေနနဲ႔ကေတာ့ ဇီကာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္တာက ေတာ့ ျမန္ပါတယ္။ ဒါေပမဲ့ ကာကြယ္မႈအပိုင္းကိုေတာ့ ၿမိဳ႕နယ္အဆင့္၊ ရပ္ကြက္အဆင့္လုပ္တာမေတြ႕ရေသးဘူး။ သတိေပးႏႈိးေဆာ္တာမ်ိဳးကို ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္အလိုက္ လုပ္ေပးရင္ ပိုေကာင္းမယ္။ဒီဗိုင္းရပ္စ္က ကိုယ္၀န္ေဆာင္မိခင္ေတြ အကူးခံရရင္ ေမြးလာတဲ့ကေလးကိုပါထိခိုက္တာဆိုေတာ့ ကိုယ္၀န္ေဆာင္မိခင္ေတြ ဘယ္လိုေနထိုင္ရမယ္၊ ျခင္ကိုက္မခံရေအာင္ ဘယ္လိုကာကြယ္ရမယ္ဆုိတာမ်ိဳးေတြကုိ ရပ္ကြက္အလိုက္ လုပ္ေဆာင္ေပးသင့္တယ္။ အခုေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ကာကြယ္ေနရ တယ္။ ကြၽန္မဆို ျခင္ကိုက္မခံရေအာင္ ျခင္မကိုက္ေဆးေတြ လိမ္းတယ္။ ျခင္ခိုေအာင္းတဲ့ ေနရာေတြကို ရွင္းတယ္။ အိမ္တြင္းေခ်ာင္က်တဲ့ေနရာေတြကို ျခင္ေဆးေတြဖ်န္းတယ္။ ညဘက္အိပ္ရင္လည္း ျခင္ေထာင္ကို ေသခ်ာေထာင္ၿပီးမွအိပ္တယ္။ ဒါ ကြၽန္မတို႔လို သိတဲ့သူေတြမို႔လို႔ပါ။ မသိတဲ့သူေတြအတြက္ အႏၲရာယ္မ်ား တယ္။ ဒါကို အစိုးရက ေသေသခ်ာခ်ာ ၿမိဳ႕နယ္၊ရပ္ကြက္အလိုက္ လုပ္ေပးသင့္တယ္။

ကိုစိုေျပ (လႈိင္ၿမိဳ႕နယ္)

ျမန္မာႏိုင္ငံထဲကို ၀င္မယ့္လမ္းေၾကာင္းေတြထဲမွာဆိုရင္ ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ႏိုင္ငံေတြကလာတဲ့ သူေတြကို အဓိကထားစစ္ေဆးသင့္ တယ္။ သူတို႔ရဲ႕ က်န္းမာေရးအေျခအေန၊ ေသေသခ်ာခ်ာစမ္းသပ္ စစ္ေဆးၿပီးမွ ျမန္မာႏိုင္ငံအတြင္းကို ၀င္ခြင့္ျပဳသင့္တယ္လို႔ ျမင္ပါတယ္။ ေနာက္ၿပီး ဒီေရာဂါက လိင္ကတစ္ဆင့္ကူးစက္တတ္တယ္ဆိုေတာ့ Awareness ေတြကို Port အ၀င္အထြက္ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေပးသင့္တယ္။ ျမန္မာႏိုင္ငံက လူေတြအေနနဲ႔လည္း ဇီကာဗိုင္းရပ္စ္  ကူးစက္ထားတဲ့ႏိုင္ငံေတြကို ခရီးမထြက္သင့္ဘူး။ အစိုးရက ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္တခ်ိဳ႕ေတာ့ ေတြ႕ပါတယ္။ ဒါေပမဲ့ ထိ ေရာက္မႈ အားနည္းတယ္လို႔ျမင္ပါတယ္။ ကိုယ္၀န္ေဆာင္ေတြအေနနဲ႔ လည္း ျခင္မကိုက္ေအာင္ ဂ႐ုတစိုက္ေနသင့္တယ္။ မိမိကိုယ္တိုင္ေတာ့ ျခင္မကိုက္ေအာင္ တတ္ႏိုင္သမွ် သတိထားေနေနပါတယ္။ အစိုးရအေနနဲ႔ ဒီထက္ပိုၿပီး ပညာေပးအစီအစဥ္ေတြ မ်ားမ်ားလုပ္သင့္တယ္လို႔ ျမင္ပါတယ္။

ေဒါက္တာခင္နန္းလံု (ဒုတုိင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ၊ ရန္ကုန္ တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊)

ဇီကာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ျခင္းလုပ္ငန္းေတြ လုပ္ေနပါတယ္။ ဇီကာသီးသန္႔ထက္ ေသြးလြန္တုပ္ေကြးနဲ႔ ေပါင္းလုပ္ ေနတယ္။ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းေတြ၊ ျခင္ႏွိမ္နင္းေရးလုပ္ငန္းေတြစစ္ ေဆးတာေတြ လုပ္ေနတယ္။ ေလဆိပ္နဲ႔ ပင္လယ္ကူးသေဘၤာဆိပ္ အ  ၀င္မွာ ျခင္ဥေထာင္ေခ်ာက္ေတြလုပ္ၿပီး ေအးဒီစ္ျခင္ေတြရွိေနလားစစ္ ေဆးတယ္။ ေလဆိပ္မွာ ျခင္ႏွိမ္နင္းေရးကိစၥကို ငွက္ဖ်ားေရာဂါတိုက္ဖ်က္ ေရးအဖြဲ႕က လုပ္ေနတယ္။ ျပည္သူအတြက္က်ေတာ့ ေလဆိပ္မွာရွိတဲ့ က်န္းမာေရးအဖြဲ႕ (ဗဟိုကူးစက္ေရာဂါကာကြယ္ေရးဌာနခြဲ) က က်န္း မာေရးစစ္ေဆးမႈေတြ လုပ္တယ္။ ေနာက္ၿပီး ျပည္နယ္နဲ႔တိုင္းအလိုက္ ဇီကာနဲ႔ပတ္သက္ၿပီး သီးသန္႔ပြဲႀကီးေတြလုပ္ဖို႔ အစီအစဥ္ရွိတယ္။ ၿမိဳ႕နယ္နဲ႔ေက်းရြာရပ္ကြက္မွာရွိတဲ့ က်န္းမာေရး၀န္ထမ္းေတြကလည္း ျပည္သူေတြကို ပညာေပးမႈေတြလုပ္ကိုင္ေနပါတယ္။ ျပည္သူေတြအေနနဲ႔ အိမ္တိုင္းအိမ္တိုင္းမွာ ျခင္၊ ပိုးေလာက္လမ္း လံုး၀မရွိေအာင္ ကိုယ့္တာ၀န္ကိုယ္ယူႏိုင္ရင္ ျခင္ႏွိမ္နင္းေရး လုပ္ငန္းေတြ ပိုထိေရာက္ၿပီး ေရာဂါေတြကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

ကိုေသာ္ၿဖိဳးေရႊ (NGO ၀န္ထမ္း)

ဇီကာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အဆင့္အေနနဲ႔ကို ဂ႐ုတ စိုက္ေသခ်ာၾကပ္မတ္ၿပီး ေဆာင္ရြက္သင့္တယ္လို႔ ျမင္ပါတယ္။ ၿမိဳ႕နယ္ ေတြကတစ္ဆင့္ ေက်းရြာေတြအထိ အသိပညာေပးတဲ့ လုပ္ငန္းေတြ လုပ္ေဆာင္ဖို႔လိုအပ္သလို ႀကိဳတင္ကာကြယ္ေရးအပိုင္းေတြကို အင္ တိုက္အားတိုက္ လုပ္ေဆာင္သင့္ပါတယ္။ ျမန္မာျပည္အေနအထားနဲ႔က ႏွစ္စဥ္လို ျခင္ေၾကာင့္ျဖစ္တဲ့ေသြးလြန္တုပ္ေကြး၊ ငွက္ဖ်ား စတာေတြ ေၾကာင့္ ကေလးသူငယ္နဲ႔ အသက္အရြယ္မေရြး အသက္ဆံုး႐ံႈးမႈေတြျဖစ္ ေပၚေနရတာပါ။ လူေနထိုင္မႈပံုစံနဲ႔ အစားအေသာက္အေနအထိုင္ စတာ ေတြေၾကာင့္လည္း ေရာဂါျဖစ္ပြားလာရင္ အခ်ိန္မီ ထိန္းခ်ဳပ္ဖို႔ေတာ္ေတာ္ ခက္ခဲပါတယ္။ Prevention is better than cure ေပါ့ေလ။ ကာကြယ္ ျခင္းက ကုသတာထက္ပိုေကာင္းတာေပါ့။ ကုိယ္၀န္ေဆာင္မိခင္ေတြ ကေလးေတြအေနနဲ႔က ျခင္မကိုက္ေအာင္ သတိထားေနထိုင္ရမယ့္အျပင္ မိမိပတ္၀န္းက်င္မွာ ျခင္ခိုေအာင္းႏိုင္မယ့္ေနရာေတြကို ရွင္းလင္းရမယ္။ ရပ္ကြက္ေက်းရြာေတြ တစ္ပတ္တစ္ႀကိမ္လို စုေပါင္းသန္႔ရွင္းေရးလုပ္တာ၊ အသိပညာေပးေဟာေျပာတာ စတဲ့လႈပ္ရွားမႈေတြ ျပဳလုပ္ရမွာ ပါ။ လက္ရွိအေနနဲ႔ ထုတ္ျပန္ခ်က္ေတြ အနည္းငယ္ အားနည္းေနေသး တယ္လို႔ ထင္မိပါတယ္။ ဒီထက္ကို ထိိေရာက္တဲ့လုပ္ေဆာင္မႈေတြ လိုအပ္မွာပါ။ ေက်းလက္ေတာရြာေတြကို ကြင္းဆင္းစစ္ေဆးတာ၊ပရဟိတအသင္းေတြ လူမႈေရးအသင္းေတြနဲ႔ ပူးေပါင္းၿပီး လႈံ႔ေဆာ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္သင့္ပါတယ္။

မေအးေအးျမင့္ (ကိုယ္၀န္ေဆာင္၊ KBZ Bank)

ဒီေရာဂါက ျခင္ကေနတစ္ဆင့္ ကူးစက္တာဆိုေတာ့ ျမန္မာႏိုင္ငံအ တြက္ေတာ့ အႏၲရာယ္မ်ားတယ္။ ထိုင္းႏိုင္ငံမွာပါ ေရာဂါကူးစက္တဲ့သူ ေတြရွိေနၿပီဆိုေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ေလဆိပ္ေတြ၊ သေဘၤာဆိပ္ ေတြနဲ႔ နယ္စပ္အ၀င္အထြက္ဂိတ္ေတြမွာ ေရာဂါ ရွိ၊ မရွိ ေသေသခ်ာခ်ာ စစ္ေဆးမႈေတြကို အရင္ထက္ပိုၿပီး ဂ႐ုတစိုက္လုပ္ေစခ်င္ပါတယ္။ အစိုးရအေနနဲ႔ သတိေပးထုတ္ျပန္တာေတြကိုေတာ့ သတိထားဖတ္မိပါ တယ္။ ေဖ့စ္ဘြတ္ခ္မွာလည္း ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ေတြ ဖတ္မိပါတယ္။ အစိုးရအေနနဲ႔ ဒီေရာဂါအေၾကာင္းကို လူ ေတြပိုသိလာေအာင္ ဒီထက္ပိုၿပီး လုပ္ေဆာင္ဖို႔လိုပါတယ္။ ေရာဂါကူး စက္ခံရတဲ့မိခင္က ဦးေခါင္းေသး၊ ဦးေႏွာက္ေသးတဲ့ ကေလးေတြ ေမြး ဖြားလာတယ္ဆိုေတာ့ အဓိကကိုယ္၀န္ေဆာင္မိခင္ေတြ ျခင္ကိုက္မခံရေအာင္ ဂ႐ုတစိုက္ေနထိုင္ဖို႔လိုပါတယ္။ ကြၽန္မက ေန႔ခင္းဆိုရင္ေတာ့ အလင္းေရာင္ရေအာင္၊ ေလ၀င္ေလထြက္ေကာင္းေအာင္ တံခါးေတြကိုေတာ့ ဖြင့္ထားတယ္။ ျခင္ခိုေအာင္းတတ္တဲ့ေနရာေတြကိုလည္း ျခင္ေဆးဖ်န္းတယ္။ ညဘက္ဆိုရင္လည္း ျခင္ေထာင္ေသေသခ်ာခ်ာေထာင္ၿပီးမွ အိပ္တယ္။ ျခင္ေပါက္ဖြားႏိုင္တဲ့၊ ေရ၀ပ္ေစႏိုင္တဲ့အရာေတြကိုလည္း ရွင္းသင့္ ပါတယ္။ ဥပမာ ဘုရားပန္းအိုး၊ ေသာက္ေရအိုး၊ ေရခ်ိဳးကန္၊ ေနာက္ဆံုး အိမ္သာေတြကိုပါ ေန႔စဥ္သန္႔ရွင္းေရး လုပ္သင့္ပါတယ္။ ဒီေရာဂါက ျခင္ကေနတစ္ဆင့္ အမ်ားဆံုးကူးစက္တတ္တဲ့ေရာဂါျဖစ္လို႔ ျခင္ကိုက္မခံမိ ေအာင္ေနဖိို႔က အေရးႀကီးပါတယ္။

ဦးထြန္းလင္း (ေဆးလူမႈဆက္ဆံေရးအရာရွိ၊ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး)

စင္ကာပူတို႔ ထိုင္းတို႔မွာ ဇီကာဗိုင္းရပ္စ္ကူးစက္ခံရမႈေတြရွိလာ ေတာ့ ျမန္မာႏိုင္ငံမွာလည္း ႀကိဳတင္ကာကြယ္မႈေတြ လုပ္ရမွာေပါ့။ လက္ရွိေလဆိပ္နဲ႔ ပင္လယ္ကူးသေဘၤာဆိပ္ေတြမွာ ျပင္ပက၀င္လာတဲ့သူ ေတြကို ဖ်ားနာျခင္းရွိ၊မရွိ စက္ေတြနဲ႔ စစ္ေဆးတာေတြလုပ္ေနတာ ေတြ႕ ရတယ္။ အဓိကက ျခင္ကိုက္မခံရေအာင္ ေနဖို႔ဆိုေတာ့ ကိုယ့္အိမ္ေဘး ပတ္၀န္းက်င္မွာ ျခင္ခိုေအာင္းႏိုင္မယ့္ေနရာေတြကို သန္႔ရွင္းေရးလုပ္ဖို႔လို တယ္။ ျခင္ေဆးဖ်န္းတာတို႔၊ ေန႔လယ္ေန႔ခင္းအိပ္တာပဲျဖစ္ျဖစ္၊ ညအိပ္ရင္ပဲျဖစ္ျဖစ္ ျခင္ေထာင္နဲ႔အိပ္ရမယ္။ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး မွာလည္း ျခင္ေအာင္းႏိုင္တဲ့ေနရာေတြကို သန္႔ရွင္းေရးလုပ္တာ၊ ျခင္ေဆးဖ်န္းတာေတြကို ဒီေန႔ စက္တင္ဘာ ၁၁ ရက္မွာ အင္န္အယ္လ္ဒီကလူေတြ လာလုပ္ေနတယ္။ အဓိကက ကိုယ့္ရဲ႕အသိစိတ္ဓာတ္နဲ႔ အိမ္နဲ႔ပတ္၀န္း က်င္သန္႔ရွင္းေရးကို ဂ႐ုတစိုက္ လုပ္ဖို႔လိုအပ္ပါတယ္။

ေဒါက္တာေက်ာ္စိုးမင္း

ေသြးလြန္တုပ္ေကြးျဖစ္တဲ့ ျခင္နဲ႔အတူတူပဲျဖစ္တယ္။ ေသြးလြန္တုပ္ ေကြးျဖစ္တဲ့ လကၡဏာခ်င္းဆင္တူတယ္။ ဒါေပမဲ့ေသြးလြန္တုပ္ေကြး ေရာဂါထက္ေတာ့ ေရာဂါလကၡဏာညင္သာတယ္။ ဖ်ားတာ၊အနီစက္ ထြက္တာ၊ မ်က္စိနာတာေတြျဖစ္တယ္။ လက္ရွိမွာ ကုသေဆး၊ ကာ ကြယ္ေဆးမရွိေသးဘူး။ ဒါေၾကာင့္ ျခင္ကိုက္မခံရေအာင္ဘဲ ကာကြယ္ ေနထိုင္ရမယ္။ လက္ရွိျမန္မာႏိုင္ငံမွာေတာ့ ျဖစ္ပြားမႈမရွိေသးဘူး။ ေရာ ဂါလကၡဏာက ျခင္ကိုက္ၿပီး ႏွစ္ရက္ကေန တစ္ပတ္အတြင္းမွာေပၚတာ ဆိုေတာ့ စစ္ေဆးဖို႔ကလည္း ခက္တယ္။ ႐ိုး႐ိုးဖ်ားတာနဲ႔လည္း ဆင္တူ ေတာ့ စစ္ေဆးဖို႔ခက္တယ္။ ျပည္သူေတြၾကားမွာေတာ့ ဇီကာဆိုတာကို ၾကားဖူးေပမယ့္ က်န္တာေတြကို သိပ္မသိၾကေသးဘူး။ နားလည္တတ္ ကြၽမ္းတဲဲ့ က်န္းမာေရးဘက္ကသူေတြ ပိုၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ သိေအာင္လုပ္ေပးရမယ္။ အဓိက ကိုယ္၀န္ေဆာင္မိခင္ေတြကို ထိခိုက္တယ္။ ေမြးလာတဲ့ ကေလးက ဦးေခါင္းေသးမယ္၊ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ တုန္႔ေႏွးေစ တယ္။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႔ ျခင္ကိုက္မခံရေအာင္ ဂ႐ုစိုက္ရမယ္။ လက္ရွိကာကြယ္ေဆးလည္းမရွိ ေရာဂါျဖစ္တဲ့အခါမွာလည္း ကုသေဆးမရွိတာေၾကာင့္ လုပ္ႏိုင္တာအေနနဲ႔ကေတာ့ ျခင္ကိုက္မခံရ ေအာင္ ေနထိုင္လို႔ပဲရမယ္။ ဒီေရာဂါနဲ႔ပတ္သက္ၿပီး ႏိုင္ငံတြင္းမွာ မျဖစ္ေသးတဲ့အတြက္ မေၾကာက္ၾကေသးဘူး။ သက္ဆိုင္ရာ တာ၀န္ရွိသူေတြဘက္ကလည္း ဒီေရာဂါနဲ႔ပတ္သက္ၿပီး က်ယ္က်ယ္ျပန္႔ျပန္႔သိရွိေအာင္၊ ဘယ္လိုကာကြယ္ရမလဲသိရွိေအာင္ အသိပညာေပးဖို႔ေတြ လိုအပ္မႈေတြေတာ့ရွိေနေသးတယ္။

ေရႊ၀တ္မႈံ (မရမ္းကုန္းၿမိဳ႕နယ္)

ဒီေရာဂါက ကူးစက္ျမန္ေရာဂါျဖစ္တဲ့အတြက္ လူတိုင္းက သတိ ထားၿပီးေတာ့ ေနသင့္တယ္လို႔ ထင္တယ္။ အမွန္ေတာ့ ျခင္ေၾကာင့္ျဖစ္ တာလို႔ သိရတယ္။ ေရၾကည္မွာေပါက္တာဆိုေတာ့  ျခင္ေတြမေပါက္ ပြားႏိုင္ေအာင္ ေနရာတိုင္းမွာ ႀကိဳတင္ကာကြယ္ထားသင့္တယ္။ ေရာဂါ ကူးစက္ခံရရင္၊ ကိုယ္၀န္ေဆာင္မိခင္ေတြဆိုရင္ ကေလးေတြ ဦးေခါင္း ေသး ကေလးငယ္ေတြ ေမြးလာတတ္တယ္လို႔ သိထားတယ္။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႔ပိုၿပီး သတိထားသင့္တယ္။ ျခင္ကိုက္ မခံရဖို႔နဲ႔ အိပ္စက္တဲ့အခါ ျခင္ေထာင္ေထာင္ၿပီး အိပ္ဖို႔လိုအပ္တယ္။

မထက္ထက္ (စင္ကာပူတြင္ ေနထိုင္သူ)

ဓာတ္ခြဲခန္းက သူငယ္ခ်င္းတစ္ေယာက္ေျပာတာေတာ့ ဒီက ဇီကာ က ဟိုအေနာက္ႏိုင္ငံေတြမွာေတြ႕တဲ့ ဇီကာနဲ႔ေတာ့ Sequence မတူဘူး တဲ့။ ဒီမွာျဖစ္ပြားေနေပမယ့္ အရမ္းျပင္းထန္တယ္လို႔ေတာ့ မသတ္မွတ္ ဘူးတဲ့။ ဒီမွာေတာ့ National Environment Agency ကေတာ့ ျခင္ မေပါက္ပြားေအာင္၊ လုပ္ငန္းခြင္ေတြမွာ ေရမ၀ပ္ေအာင္ အၿမဲလိုက္စစ္ တယ္။ အခုခ်ိန္မွာေတာ့ ပိုစစ္တယ္။ အိမ္ေတြကိုလည္း လိုက္စစ္တယ္။ အစ္မေနတာက ဆမ္ဘာ၀မ္၊ ျဖစ္ပြားတဲ့နယ္ေျမထဲကတစ္ခုေပါ့။ ဖ်ား တယ္ဆုိလည္း ေဆးခန္းျပရင္ ခ်က္ခ်င္းစစ္တယ္။ Zika Positive ရွိ၊မရွိ ေပါ့။ ကိုယ္၀န္ေဆာင္ဆိုလည္း ေဆးခန္းျပခ်ိန္တိုင္းမွာ ဖ်ားလားဘာ လား စစ္တယ္လို႔ေတာ့ သူငယ္ခ်င္းကိုယ္၀န္သည္က ေျပာတယ္။ ဒီ ဗိုင္းရပ္စ္ကလည္း အခုျဖစ္ရင္ ဆိုးဆိုးရြားရြားမဟုတ္ေပမယ့္ ေနာက္ မ်ိဳးဆက္သစ္တစ္ခုကို ၿခိမ္းေျခာက္တာ။ ျမန္မာႏိုင္ငံလည္း ဆင္းရဲၿပီး မဖြံ႕ၿဖိဳးေသးတဲ့ႏိုင္ငံမွာ ဒီလိုျပန္႔ပြားသြားရင္ အစ္မတို႔အားကိုးရမယ့္ ေနာက္ မ်ိဳးဆက္သစ္အတြက္ ရင္ေလးစရာပါ။

ျပည့္စံု (ခ်င္းမိုင္ၿမိဳ႕တြင္ ေနထိုင္သူ)

ခ်င္းမိုင္ခ႐ိုင္ထဲမွာ ၁၁ ေယာက္ ဇီကာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ ထားတယ္။ ဒီအထဲမွာ ဆန္ဆိုင္းက ကိုယ္၀န္ေဆာင္ျမန္မာအမ်ိဳးသမီးပါ တယ္။ ဆန္ဆိုင္းၿမိဳ႕နယ္ထဲမွာ ရွမ္းမ်ားတယ္။ ဒါေပမဲ့ ဇီကာအေၾကာင္း သိတဲ့သူနည္းတယ္။ အမ်ားစုက ဘာသိဘာသာပဲ။က်န္းမာေရးဌာနက ေတာ့ ျခင္ေဆးဖ်န္းတာေလာက္ေတာ့ လုပ္ေပးတယ္။ ျမန္မာေကာင္ စစ္၀န္နဲ႔အဖြဲ႕က ျမန္မာေတြ၊ အလုပ္သမားေတြ၊ အမ်ားစုလာတတ္တဲ့ ေနရာေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ဇီကာအေၾကာင္း သတိေပးစာေတြ လိုက္ကပ္ထားတာေတြ႕ရတယ္။ ဒီမွာက ျမန္မာမွမဟုတ္ဘူး။ ထိုင္းေတြ ကအစ သိပ္အေလးထားပံုမရဘူး။ ခ်င္းမိုင္ေလဆိပ္မွာ အဖ်ားတိုင္း စကင္န္နာေတာ့ ထားတယ္။ တျခားစစ္ေဆးမႈေတာ့မရွိဘူး။ အစိုးရထုတ္ ျပန္ခ်က္သတိထားမိလားဆိုေတာ့ သိပ္သတိမထားၾကဘူးလို႔ပဲ ထင္တယ္။

မ၀င္း၀င္းခိုင္ (ပုဂၢလိကေဆး႐ံု၀န္ထမ္း၊ ျပည္ၿမိဳ႕)

ဇီကာဗိုင္းရပ္စ္ေရာဂါပိုးက ျခင္ကေန ကူးစက္ႏိုင္တာေၾကာင့္ ျခင္ ကိုက္မခံရေအာင္ ဂ႐ုစိုက္ေနဖို႔လိုပါတယ္။ ကိုယ့္ႏိုင္ငံ စတင္ျဖစ္ပြားတာ မဟုတ္ဘဲ တျခားႏိုင္ငံေတြကေန စတင္ခဲ့တာဆိုေတာ့ အဲဒီေရာဂါပိုး သယ္ေဆာင္လာသူေတြ ကိုယ့္ႏိုင္ငံအတြင္း ၀င္ေရာက္လာမႈကိုစစ္ေဆး မႈ၊ ႀကိဳတင္ကာကြယ္မႈေတြက အဓိကက်တယ္။ ျမန္မာႏိုင္ငံလို ျခင္ေပါ တဲ့၊ ဆင္းရဲတဲ့ႏိုင္ငံမွာ ဒီလိုေရာဂါကူးစက္ပ်ံ႕ပြားၿပီဆိုရင္ ထိန္းခ်ဳပ္ကုသ ဖို႔ အလြန္ခက္ခဲတာပါ။ ဒါေၾကာင့္ ႀကိဳတင္ကာကြယ္ေရးက အဓိကက်ၿပီး ေလဆိပ္တို႔ နယ္စပ္ထြက္ေပါက္ေတြမွာ တင္းတင္းက်ပ္က်ပ္ စစ္ေဆးမႈ လိုအပ္တယ္။ အိမ္ဦးနဲ႔ၾကမ္းျပင္လိုသြားလာေနၾကတဲ့ ထိုင္းႏိုင္ငံနဲ႔ အာ ဆီယံေဒသတြင္းႏိုင္ငံေတြမွာေတာင္ ကူးစက္ပ်ံ႕ပြားေနတာေၾကာင့္ ခိုး ၀င္၊ ခိုးထြက္ သြားလာေနတဲ့လူေတြေၾကာင့္လည္း စိတ္ပူစရာပါ။ ျခင္ဆို တာက အခ်ိန္မေရြးကိုက္လိုက္ႏိုင္တယ္ေလ။ ကြၽန္မတို႔ဘက္က နတၱ လင္း၊ ေပါင္းတည္စတဲ့ၿမိဳ႕က လူေတြဆို ထိုင္းႏိုင္ငံဘက္ကို ေန႔ခ်င္းျပန္ သြားလာ လႈပ္ရွားေနၾကတာေတြရွိတယ္။ ကိုယ္၀န္ေဆာင္မိခင္ေတြ၊ မိခင္ေလာင္းေတြအေနနဲ႔ ဒီေရာဂါကူးစက္ ခံရၿပီဆိုရင္ ေခါင္းေသးတဲ့ ကေလးငယ္ေတြ ေမြးဖြားလာႏိုင္တာေၾကာင့္ ေပါ့ေပါ့ဆဆမေနဘဲ ျခင္ကိုက္မခံရ ေအာင္ ဂ႐ုစိုက္သတိထားေနသင့္တယ္။ တခ်ိဳ႕ဆို ဇီကာ ဗိုင္းရပ္စ္ေရာဂါပိုးအေၾကာင္း၊ ဘယ္လိုကူးစက္ႏုိင္ တယ္ဆုိတာကို မသိၾကသလို မိသားစုစား၀တ္ေနေရး ႐ုန္းကန္ေနရေတာ့လည္း သတိမထား မိၾကတာျဖစ္လိမ့္ မယ္။ ဇီကာဗိုင္းရပ္စ္ေရာဂါအေၾကာင္းကို အစိုးရနဲ႔ သက္ဆိုင္ရာဌာနေတြကက်ယ္က်ယ္ျပန္႔ျပန္႔အသိပညာ ေပးဖို႔လိုေနပါေသးတယ္။ အစုိုးရထုတ္ျပန္ခ်က္ေတြကို သတိထားမိသူနည္းပါတယ္။ ထိေရာက္ပ်ံ႕ႏွံ႔မႈ အားနည္းတယ္။

မေမာ္ေမာ္လင္း (လမ္းမေတာ္ၿမိဳ႕နယ္)

ဇီကာဗိုင္းရပ္စ္ ျမန္မာျပည္ေရာက္ရင္ေတာ့ မလြယ္ပါဘူး။ ျပည္ပ ၀င္ထြက္ေပါက္ေတြကေန ေသခ်ာေစာင့္ၾကည့္ စစ္ေဆးဖို႔ပဲလိုပါတယ္။ ႀကိဳတင္ကာကြယ္တာက ျမန္မာျပည္အတြက္ေတာ့ အေကာင္းဆံုးပါပဲ။  ဒီေရာဂါသာျဖစ္လာရင္ ငုတ္တုတ္ခံၾကရမွာပါ။ ႏိုင္ငံျခားခရီးထြက္တဲ့ သူေတြလည္း သတိထားသင့္ပါတယ္္။ အထူးသျဖင့္ ကိုယ္၀န္ေဆာင္ေတြ စင္ကာပူ၊ ထိုင္းတို႔ကို မလိုအပ္ရင္ခရီးမသြားတာ အေကာင္းဆံုးပါပဲ။ ဇီကာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ အစိုးရက ထုတ္ျပန္တဲ့ထုတ္ျပန္ခ်က္ေတြ ကို နည္းနည္းေတာ့ သတိထားမိပါတယ္။ ကိုယ္တိုင္လည္း လိုက္နာ သလို ပတ္၀န္းက်င္ကိုလည္း တုိက္တြန္းပါတယ္။ အစိုးရအေနနဲ႔ မီဒီယာ ေပါင္းစံုကေန ဒီထက္ပိုၿပီး ပညာေပးသင့္တယ္လို႔ထင္ပါတယ္။ အခုအ ေနအထားက ဇီကာဆိုေတာ့ ၿမိဳ႕ေနျပည္သူေတြ ေတာ္ေတာ္မ်ားမ်ား ၾကားသိေနၿပီးသားပါ။ Awareness ရေနတဲ့ အေနအထားေပါ့။ ေဆာင္ရန္၊ေရွာင္ရန္ေတြကို ျပည္သူအားလံုး၊ လူတန္းစားအားလံုး အတိအက် လိုက္နာဖို႔ေတာ့ လိုေသးတယ္ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဓာတ်ပုံ-နစ်ကီ

အေးဒိစ်ခြင်ကျားကိုက်ပါက ဖြစ်ပွားတတ်သည့် ကူးစက်မြန် ဇီကာဗိုင်းရပ်စ်သည် မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေပြီဖြစ်သည်။ မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန် လေဆိပ်နှင့်နယ်စပ်ဂိတ်ပေါက်များတွင် ရောဂါထောက်လှမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း အစိုးရက ပြောကြားထားပြီး ယင်းဗိုင်းရပ်စ်မှာ သာမန်လူထက် အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် စီစဉ်နေသည့်မိခင်လောင်းများတွင် ကူးစက်ပါက မွေးဖွားလာသည့်ကလေးများ မွေးရာပါဦးခေါင်းသေး ရောဂါအပါအဝင် အခြားအာရုံကြောဆိုင်ရာ ရောဂါများပါ ဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်လည်းဖြစ်သည်။ ထို့ကြောင့် အဆိုပါဗိုင်းရပ်စ် ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှု၊ ခြင်အန္တရာယ်အပါအဝင် ဗိုင်းရပ်စ်ကူးစက်ခြင်းမခံရစေရေး ကာကွယ်ပေးစေလိုမှု စသည့် အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ခိုင်ယဉ်မွန် (ကိုယ်ဝန်ဆောင်၊ လှိုင်မြို့နယ်)

ကူးစက်မြန်တဲ့ ဇီကာဗိုင်းရပ်စ်အကြောင်းကို သတင်းစာတွေမှာ ရော၊ ဖေ့စ်ဘွတ်ခ်မှာရော တွေ့နေရတယ်။ စင်ကာပူနိုင်ငံက မြန်မာ တစ်ယောက် ဒီဗိုင်းရပ်စ်ကူးတယ်ဆိုတဲ့သတင်းတောင် ဟိုတလောက ဖတ်လိုက်ရသေးတယ်။ အခုက မြန်မာနိုင်ငံနဲ့ သိပ်မဝေးတဲ့ ချင်းမိုင်အထိ ရောက်နေပြီဆိုတော့ မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စရာပဲ။ စင်ကာပူ လို ဖွံ့ဖြိုးပြီး ကျန်းမာရေးကို ဂရုစိုက်တဲ့နိုင်ငံတောင် ကူးစက်တဲ့သူတွေ ရှိနေပြီဆိုတော့ မြန်မာနိုင်ငံလို ခြင်နဲ့ပတ်သက်ပြီး အစစအရာရာလိုအပ် နေတဲ့ နိုင်ငံဆိုတော့ ရောဂါကူးစက်မှုနှုန်းက တော်တော်များမှာ။ အစိုးရ အနေနဲ့ကတော့ ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာက တော့ မြန်ပါတယ်။ ဒါပေမဲ့ ကာကွယ်မှုအပိုင်းကိုတော့ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်လုပ်တာမတွေ့ရသေးဘူး။ သတိပေးနှိုးဆော်တာမျိုးကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် လုပ်ပေးရင် ပိုကောင်းမယ်။ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်မိခင်တွေ အကူးခံရရင် မွေးလာတဲ့ကလေးကိုပါထိခိုက်တာဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လိုနေထိုင်ရမယ်၊ ခြင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာမျိုးတွေကို ရပ်ကွက်အလိုက် လုပ်ဆောင်ပေးသင့်တယ်။ အခုတော့ ကိုယ့်ဘာသာကိုယ်ပဲ ကာကွယ်နေရ တယ်။ ကျွန်မဆို ခြင်ကိုက်မခံရအောင် ခြင်မကိုက်ဆေးတွေ လိမ်းတယ်။ ခြင်ခိုအောင်းတဲ့ နေရာတွေကို ရှင်းတယ်။ အိမ်တွင်းချောင်ကျတဲ့နေရာတွေကို ခြင်ဆေးတွေဖျန်းတယ်။ ညဘက်အိပ်ရင်လည်း ခြင်ထောင်ကို သေချာထောင်ပြီးမှအိပ်တယ်။ ဒါ ကျွန်မတို့လို သိတဲ့သူတွေမို့လို့ပါ။ မသိတဲ့သူတွေအတွက် အန္တရာယ်များ တယ်။ ဒါကို အစိုးရက သေသေချာချာ မြို့နယ်၊ရပ်ကွက်အလိုက် လုပ်ပေးသင့်တယ်။

ကိုစိုပြေ (လှိုင်မြို့နယ်)

မြန်မာနိုင်ငံထဲကို ဝင်မယ့်လမ်းကြောင်းတွေထဲမှာဆိုရင် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံတွေကလာတဲ့ သူတွေကို အဓိကထားစစ်ဆေးသင့် တယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ၊ သေသေချာချာစမ်းသပ် စစ်ဆေးပြီးမှ မြန်မာနိုင်ငံအတွင်းကို ဝင်ခွင့်ပြုသင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီး ဒီရောဂါက လိင်ကတစ်ဆင့်ကူးစက်တတ်တယ်ဆိုတော့ Awareness တွေကို Port အဝင်အထွက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးသင့်တယ်။ မြန်မာနိုင်ငံက လူတွေအနေနဲ့လည်း ဇီကာဗိုင်းရပ်စ်  ကူးစက်ထားတဲ့နိုင်ငံတွေကို ခရီးမထွက်သင့်ဘူး။ အစိုးရက ဒီရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တချို့တော့ တွေ့ပါတယ်။ ဒါပေမဲ့ ထိ ရောက်မှု အားနည်းတယ်လို့မြင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ လည်း ခြင်မကိုက်အောင် ဂရုတစိုက်နေသင့်တယ်။ မိမိကိုယ်တိုင်တော့ ခြင်မကိုက်အောင် တတ်နိုင်သမျှ သတိထားနေနေပါတယ်။ အစိုးရအနေနဲ့ ဒီထက်ပိုပြီး ပညာပေးအစီအစဉ်တွေ များများလုပ်သင့်တယ်လို့ မြင်ပါတယ်။

ဒေါက်တာခင်နန်းလုံ (ဒုတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊)

ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေ လုပ်နေပါတယ်။ ဇီကာသီးသန့်ထက် သွေးလွန်တုပ်ကွေးနဲ့ ပေါင်းလုပ် နေတယ်။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေ၊ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေစစ် ဆေးတာတွေ လုပ်နေတယ်။ လေဆိပ်နဲ့ ပင်လယ်ကူးသငေ်္ဘာဆိပ် အ  ဝင်မှာ ခြင်ဥထောင်ချောက်တွေလုပ်ပြီး အေးဒီစ်ခြင်တွေရှိနေလားစစ် ဆေးတယ်။ လေဆိပ်မှာ ခြင်နှိမ်နင်းရေးကိစ္စကို ငှက်ဖျားရောဂါတိုက်ဖျက် ရေးအဖွဲ့က လုပ်နေတယ်။ ပြည်သူအတွက်ကျတော့ လေဆိပ်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့ (ဗဟိုကူးစက်ရောဂါကာကွယ်ရေးဌာနခွဲ) က ကျန်း မာရေးစစ်ဆေးမှုတွေ လုပ်တယ်။ နောက်ပြီး ပြည်နယ်နဲ့တိုင်းအလိုက် ဇီကာနဲ့ပတ်သက်ပြီး သီးသန့်ပွဲကြီးတွေလုပ်ဖို့ အစီအစဉ်ရှိတယ်။ မြို့နယ်နဲ့ကျေးရွာရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ပြည်သူတွေကို ပညာပေးမှုတွေလုပ်ကိုင်နေပါတယ်။ ပြည်သူတွေအနေနဲ့ အိမ်တိုင်းအိမ်တိုင်းမှာ ခြင်၊ ပိုးလောက်လမ်း လုံးဝမရှိအောင် ကိုယ့်တာဝန်ကိုယ်ယူနိုင်ရင် ခြင်နှိမ်နင်းရေး လုပ်ငန်းတွေ ပိုထိရောက်ပြီး ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကိုသော်ဖြိုးရွှေ (NGO ဝန်ထမ်း)

ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်အနေနဲ့ကို ဂရုတ စိုက်သေချာကြပ်မတ်ပြီး ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ မြို့နယ် တွေကတစ်ဆင့် ကျေးရွာတွေအထိ အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုအပ်သလို ကြိုတင်ကာကွယ်ရေးအပိုင်းတွေကို အင် တိုက်အားတိုက် လုပ်ဆောင်သင့်ပါတယ်။ မြန်မာပြည်အနေအထားနဲ့က နှစ်စဉ်လို ခြင်ကြောင့်ဖြစ်တဲ့သွေးလွန်တုပ်ကွေး၊ ငှက်ဖျား စတာတွေ ကြောင့် ကလေးသူငယ်နဲ့ အသက်အရွယ်မရွေး အသက်ဆုံးရှုံးမှုတွေဖြစ် ပေါ်နေရတာပါ။ လူနေထိုင်မှုပုံစံနဲ့ အစားအသောက်အနေအထိုင် စတာ တွေကြောင့်လည်း ရောဂါဖြစ်ပွားလာရင် အချိန်မီ ထိန်းချုပ်ဖို့တော်တော် ခက်ခဲပါတယ်။ Prevention is better than cure ပေါ့လေ။ ကာကွယ် ခြင်းက ကုသတာထက်ပိုကောင်းတာပေါ့။ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးတွေအနေနဲ့က ခြင်မကိုက်အောင် သတိထားနေထိုင်ရမယ့်အပြင် မိမိပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်မယ့်နေရာတွေကို ရှင်းလင်းရမယ်။ ရပ်ကွက်ကျေးရွာတွေ တစ်ပတ်တစ်ကြိမ်လို စုပေါင်းသန့်ရှင်းရေးလုပ်တာ၊ အသိပညာပေးဟောပြောတာ စတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ရမှာ ပါ။ လက်ရှိအနေနဲ့ ထုတ်ပြန်ချက်တွေ အနည်းငယ် အားနည်းနေသေး တယ်လို့ ထင်မိပါတယ်။ ဒီထက်ကို ထိရောက်တဲ့လုပ်ဆောင်မှုတွေ လိုအပ်မှာပါ။ ကျေးလက်တောရွာတွေကို ကွင်းဆင်းစစ်ဆေးတာ၊ပရဟိတအသင်းတွေ လူမှုရေးအသင်းတွေနဲ့ ပူးပေါင်းပြီး လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပါတယ်။

မအေးအေးမြင့် (ကိုယ်ဝန်ဆောင်၊ KBZ Bank)

ဒီရောဂါက ခြင်ကနေတစ်ဆင့် ကူးစက်တာဆိုတော့ မြန်မာနိုင်ငံအ တွက်တော့ အန္တရာယ်များတယ်။ ထိုင်းနိုင်ငံမှာပါ ရောဂါကူးစက်တဲ့သူ တွေရှိနေပြီဆိုတော့ မြန်မာနိုင်ငံအနေနဲ့ လေဆိပ်တွေ၊ သငေ်္ဘာဆိပ် တွေနဲ့ နယ်စပ်အဝင်အထွက်ဂိတ်တွေမှာ ရောဂါ ရှိ၊ မရှိ သေသေချာချာ စစ်ဆေးမှုတွေကို အရင်ထက်ပိုပြီး ဂရုတစိုက်လုပ်စေချင်ပါတယ်။ အစိုးရအနေနဲ့ သတိပေးထုတ်ပြန်တာတွေကိုတော့ သတိထားဖတ်မိပါ တယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ဖတ်မိပါတယ်။ အစိုးရအနေနဲ့ ဒီရောဂါအကြောင်းကို လူ တွေပိုသိလာအောင် ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုပါတယ်။ ရောဂါကူး စက်ခံရတဲ့မိခင်က ဦးခေါင်းသေး၊ ဦးနှောက်သေးတဲ့ ကလေးတွေ မွေး ဖွားလာတယ်ဆိုတော့ အဓိကကိုယ်ဝန်ဆောင်မိခင်တွေ ခြင်ကိုက်မခံရအောင် ဂရုတစိုက်နေထိုင်ဖို့လိုပါတယ်။ ကျွန်မက နေ့ခင်းဆိုရင်တော့ အလင်းရောင်ရအောင်၊ လေဝင်လေထွက်ကောင်းအောင် တံခါးတွေကိုတော့ ဖွင့်ထားတယ်။ ခြင်ခိုအောင်းတတ်တဲ့နေရာတွေကိုလည်း ခြင်ဆေးဖျန်းတယ်။ ညဘက်ဆိုရင်လည်း ခြင်ထောင်သေသေချာချာထောင်ပြီးမှ အိပ်တယ်။ ခြင်ပေါက်ဖွားနိုင်တဲ့၊ ရေဝပ်စေနိုင်တဲ့အရာတွေကိုလည်း ရှင်းသင့် ပါတယ်။ ဥပမာ ဘုရားပန်းအိုး၊ သောက်ရေအိုး၊ ရေချိုးကန်၊ နောက်ဆုံး အိမ်သာတွေကိုပါ နေ့စဉ်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ဒီရောဂါက ခြင်ကနေတစ်ဆင့် အများဆုံးကူးစက်တတ်တဲ့ရောဂါဖြစ်လို့ ခြင်ကိုက်မခံမိ အောင်နေဖို့က အရေးကြီးပါတယ်။

ဦးထွန်းလင်း (ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

စင်ကာပူတို့ ထိုင်းတို့မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရှိလာ တော့ မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ရမှာပေါ့။ လက်ရှိလေဆိပ်နဲ့ ပင်လယ်ကူးသငေ်္ဘာဆိပ်တွေမှာ ပြင်ပကဝင်လာတဲ့သူ တွေကို ဖျားနာခြင်းရှိ၊မရှိ စက်တွေနဲ့ စစ်ဆေးတာတွေလုပ်နေတာ တွေ့ ရတယ်။ အဓိကက ခြင်ကိုက်မခံရအောင် နေဖို့ဆိုတော့ ကိုယ့်အိမ်ဘေး ပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ဖို့လို တယ်။ ခြင်ဆေးဖျန်းတာတို့၊ နေ့လယ်နေ့ခင်းအိပ်တာပဲဖြစ်ဖြစ်၊ ညအိပ်ရင်ပဲဖြစ်ဖြစ် ခြင်ထောင်နဲ့အိပ်ရမယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာလည်း ခြင်အောင်းနိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ခြင်ဆေးဖျန်းတာတွေကို ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ အင်န်အယ်လ်ဒီကလူတွေ လာလုပ်နေတယ်။ အဓိကက ကိုယ့်ရဲ့အသိစိတ်ဓာတ်နဲ့ အိမ်နဲ့ပတ်ဝန်း ကျင်သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဖို့လိုအပ်ပါတယ်။

ဒေါက်တာကျော်စိုးမင်း

သွေးလွန်တုပ်ကွေးဖြစ်တဲ့ ခြင်နဲ့အတူတူပဲဖြစ်တယ်။ သွေးလွန်တုပ် ကွေးဖြစ်တဲ့ လက္ခဏာချင်းဆင်တူတယ်။ ဒါပေမဲ့သွေးလွန်တုပ်ကွေး ရောဂါထက်တော့ ရောဂါလက္ခဏာညင်သာတယ်။ ဖျားတာ၊အနီစက် ထွက်တာ၊ မျက်စိနာတာတွေဖြစ်တယ်။ လက်ရှိမှာ ကုသဆေး၊ ကာ ကွယ်ဆေးမရှိသေးဘူး။ ဒါကြောင့် ခြင်ကိုက်မခံရအောင်ဘဲ ကာကွယ် နေထိုင်ရမယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ ဖြစ်ပွားမှုမရှိသေးဘူး။ ရော ဂါလက္ခဏာက ခြင်ကိုက်ပြီး နှစ်ရက်ကနေ တစ်ပတ်အတွင်းမှာပေါ်တာ ဆိုတော့ စစ်ဆေးဖို့ကလည်း ခက်တယ်။ ရိုးရိုးဖျားတာနဲ့လည်း ဆင်တူ တော့ စစ်ဆေးဖို့ခက်တယ်။ ပြည်သူတွေကြားမှာတော့ ဇီကာဆိုတာကို ကြားဖူးပေမယ့် ကျန်တာတွေကို သိပ်မသိကြသေးဘူး။ နားလည်တတ် ကျွမ်းတဲ့ ကျန်းမာရေးဘက်ကသူတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိအောင်လုပ်ပေးရမယ်။ အဓိက ကိုယ်ဝန်ဆောင်မိခင်တွေကို ထိခိုက်တယ်။ မွေးလာတဲ့ ကလေးက ဦးခေါင်းသေးမယ်၊ ဦးနှောက်ဖွံ့ဖြိုးမှု တုန့်နှေးစေ တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ခြင်ကိုက်မခံရအောင် ဂရုစိုက်ရမယ်။ လက်ရှိကာကွယ်ဆေးလည်းမရှိ ရောဂါဖြစ်တဲ့အခါမှာလည်း ကုသဆေးမရှိတာကြောင့် လုပ်နိုင်တာအနေနဲ့ကတော့ ခြင်ကိုက်မခံရ အောင် နေထိုင်လို့ပဲရမယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတွင်းမှာ မဖြစ်သေးတဲ့အတွက် မကြောက်ကြသေးဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ဒီရောဂါနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ ဘယ်လိုကာကွယ်ရမလဲသိရှိအောင် အသိပညာပေးဖို့တွေ လိုအပ်မှုတွေတော့ရှိနေသေးတယ်။

ရွှေဝတ်မှုံ (မရမ်းကုန်းမြို့နယ်)

ဒီရောဂါက ကူးစက်မြန်ရောဂါဖြစ်တဲ့အတွက် လူတိုင်းက သတိ ထားပြီးတော့ နေသင့်တယ်လို့ ထင်တယ်။ အမှန်တော့ ခြင်ကြောင့်ဖြစ် တာလို့ သိရတယ်။ ရေကြည်မှာပေါက်တာဆိုတော့  ခြင်တွေမပေါက် ပွားနိုင်အောင် နေရာတိုင်းမှာ ကြိုတင်ကာကွယ်ထားသင့်တယ်။ ရောဂါ ကူးစက်ခံရရင်၊ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ကလေးတွေ ဦးခေါင်း သေး ကလေးငယ်တွေ မွေးလာတတ်တယ်လို့ သိထားတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ပိုပြီး သတိထားသင့်တယ်။ ခြင်ကိုက် မခံရဖို့နဲ့ အိပ်စက်တဲ့အခါ ခြင်ထောင်ထောင်ပြီး အိပ်ဖို့လိုအပ်တယ်။

မထက်ထက် (စင်ကာပူတွင် နေထိုင်သူ)

ဓာတ်ခွဲခန်းက သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဒီက ဇီကာ က ဟိုအနောက်နိုင်ငံတွေမှာတွေ့တဲ့ ဇီကာနဲ့တော့ Sequence မတူဘူး တဲ့။ ဒီမှာဖြစ်ပွားနေပေမယ့် အရမ်းပြင်းထန်တယ်လို့တော့ မသတ်မှတ် ဘူးတဲ့။ ဒီမှာတော့ National Environment Agency ကတော့ ခြင် မပေါက်ပွားအောင်၊ လုပ်ငန်းခွင်တွေမှာ ရေမဝပ်အောင် အမြဲလိုက်စစ် တယ်။ အခုချိန်မှာတော့ ပိုစစ်တယ်။ အိမ်တွေကိုလည်း လိုက်စစ်တယ်။ အစ်မနေတာက ဆမ်ဘာဝမ်၊ ဖြစ်ပွားတဲ့နယ်မြေထဲကတစ်ခုပေါ့။ ဖျား တယ်ဆိုလည်း ဆေးခန်းပြရင် ချက်ချင်းစစ်တယ်။ Zika Positive ရှိ၊မရှိ ပေါ့။ ကိုယ်ဝန်ဆောင်ဆိုလည်း ဆေးခန်းပြချိန်တိုင်းမှာ ဖျားလားဘာ လား စစ်တယ်လို့တော့ သူငယ်ချင်းကိုယ်ဝန်သည်က ပြောတယ်။ ဒီ ဗိုင်းရပ်စ်ကလည်း အခုဖြစ်ရင် ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် နောက် မျိုးဆက်သစ်တစ်ခုကို ခြိမ်းခြောက်တာ။ မြန်မာနိုင်ငံလည်း ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာ ဒီလိုပြန့်ပွားသွားရင် အစ်မတို့အားကိုးရမယ့် နောက် မျိုးဆက်သစ်အတွက် ရင်လေးစရာပါ။

ပြည့်စုံ (ချင်းမိုင်မြို့တွင် နေထိုင်သူ)

ချင်းမိုင်ခရိုင်ထဲမှာ ၁၁ ယောက် ဇီကာဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားတယ်။ ဒီအထဲမှာ ဆန်ဆိုင်းက ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီးပါ တယ်။ ဆန်ဆိုင်းမြို့နယ်ထဲမှာ ရှမ်းများတယ်။ ဒါပေမဲ့ ဇီကာအကြောင်း သိတဲ့သူနည်းတယ်။ အများစုက ဘာသိဘာသာပဲ။ကျန်းမာရေးဌာနက တော့ ခြင်ဆေးဖျန်းတာလောက်တော့ လုပ်ပေးတယ်။ မြန်မာကောင် စစ်ဝန်နဲ့အဖွဲ့က မြန်မာတွေ၊ အလုပ်သမားတွေ၊ အများစုလာတတ်တဲ့ နေရာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဇီကာအကြောင်း သတိပေးစာတွေ လိုက်ကပ်ထားတာတွေ့ရတယ်။ ဒီမှာက မြန်မာမှမဟုတ်ဘူး။ ထိုင်းတွေ ကအစ သိပ်အလေးထားပုံမရဘူး။ ချင်းမိုင်လေဆိပ်မှာ အဖျားတိုင်း စကင်န်နာတော့ ထားတယ်။ တခြားစစ်ဆေးမှုတော့မရှိဘူး။ အစိုးရထုတ် ပြန်ချက်သတိထားမိလားဆိုတော့ သိပ်သတိမထားကြဘူးလို့ပဲ ထင်တယ်။

မဝင်းဝင်းခိုင် (ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပြည်မြို့)

ဇီကာဗိုင်းရပ်စ်ရောဂါပိုးက ခြင်ကနေ ကူးစက်နိုင်တာကြောင့် ခြင် ကိုက်မခံရအောင် ဂရုစိုက်နေဖို့လိုပါတယ်။ ကိုယ့်နိုင်ငံ စတင်ဖြစ်ပွားတာ မဟုတ်ဘဲ တခြားနိုင်ငံတွေကနေ စတင်ခဲ့တာဆိုတော့ အဲဒီရောဂါပိုး သယ်ဆောင်လာသူတွေ ကိုယ့်နိုင်ငံအတွင်း ဝင်ရောက်လာမှုကိုစစ်ဆေး မှု၊ ကြိုတင်ကာကွယ်မှုတွေက အဓိကကျတယ်။ မြန်မာနိုင်ငံလို ခြင်ပေါ တဲ့၊ ဆင်းရဲတဲ့နိုင်ငံမှာ ဒီလိုရောဂါကူးစက်ပျံ့ပွားပြီဆိုရင် ထိန်းချုပ်ကုသ ဖို့ အလွန်ခက်ခဲတာပါ။ ဒါကြောင့် ကြိုတင်ကာကွယ်ရေးက အဓိကကျပြီး လေဆိပ်တို့ နယ်စပ်ထွက်ပေါက်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးမှု လိုအပ်တယ်။ အိမ်ဦးနဲ့ကြမ်းပြင်လိုသွားလာနေကြတဲ့ ထိုင်းနိုင်ငံနဲ့ အာ ဆီယံဒေသတွင်းနိုင်ငံတွေမှာတောင် ကူးစက်ပျံ့ပွားနေတာကြောင့် ခိုး ဝင်၊ ခိုးထွက် သွားလာနေတဲ့လူတွေကြောင့်လည်း စိတ်ပူစရာပါ။ ခြင်ဆို တာက အချိန်မရွေးကိုက်လိုက်နိုင်တယ်လေ။ ကျွန်မတို့ဘက်က နတ္တ လင်း၊ ပေါင်းတည်စတဲ့မြို့က လူတွေဆို ထိုင်းနိုင်ငံဘက်ကို နေ့ချင်းပြန် သွားလာ လှုပ်ရှားနေကြတာတွေရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိခင်လောင်းတွေအနေနဲ့ ဒီရောဂါကူးစက် ခံရပြီဆိုရင် ခေါင်းသေးတဲ့ ကလေးငယ်တွေ မွေးဖွားလာနိုင်တာကြောင့် ပေါ့ပေါ့ဆဆမနေဘဲ ခြင်ကိုက်မခံရ အောင် ဂရုစိုက်သတိထားနေသင့်တယ်။ တချို့ဆို ဇီကာ ဗိုင်းရပ်စ်ရောဂါပိုးအကြောင်း၊ ဘယ်လိုကူးစက်နိုင် တယ်ဆိုတာကို မသိကြသလို မိသားစုစားဝတ်နေရေး ရုန်းကန်နေရတော့လည်း သတိမထား မိကြတာဖြစ်လိမ့် မယ်။ ဇီကာဗိုင်းရပ်စ်ရောဂါအကြောင်းကို အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေကကျယ်ကျယ်ပြန့်ပြန့်အသိပညာ ပေးဖို့လိုနေပါသေးတယ်။ အစိုးရထုတ်ပြန်ချက်တွေကို သတိထားမိသူနည်းပါတယ်။ ထိရောက်ပျံ့နှံ့မှု အားနည်းတယ်။

မမော်မော်လင်း (လမ်းမတော်မြို့နယ်)

ဇီကာဗိုင်းရပ်စ် မြန်မာပြည်ရောက်ရင်တော့ မလွယ်ပါဘူး။ ပြည်ပ ဝင်ထွက်ပေါက်တွေကနေ သေချာစောင့်ကြည့် စစ်ဆေးဖို့ပဲလိုပါတယ်။ ကြိုတင်ကာကွယ်တာက မြန်မာပြည်အတွက်တော့ အကောင်းဆုံးပါပဲ။  ဒီရောဂါသာဖြစ်လာရင် ငုတ်တုတ်ခံကြရမှာပါ။ နိုင်ငံခြားခရီးထွက်တဲ့ သူတွေလည်း သတိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ စင်ကာပူ၊ ထိုင်းတို့ကို မလိုအပ်ရင်ခရီးမသွားတာ အကောင်းဆုံးပါပဲ။ ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အစိုးရက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေ ကို နည်းနည်းတော့ သတိထားမိပါတယ်။ ကိုယ်တိုင်လည်း လိုက်နာ သလို ပတ်ဝန်းကျင်ကိုလည်း တိုက်တွန်းပါတယ်။ အစိုးရအနေနဲ့ မီဒီယာ ပေါင်းစုံကနေ ဒီထက်ပိုပြီး ပညာပေးသင့်တယ်လို့ထင်ပါတယ်။ အခုအ နေအထားက ဇီကာဆိုတော့ မြို့နေပြည်သူတွေ တော်တော်များများ ကြားသိနေပြီးသားပါ။ Awareness ရနေတဲ့ အနေအထားပေါ့။ ဆောင်ရန်၊ရှောင်ရန်တွေကို ပြည်သူအားလုံး၊ လူတန်းစားအားလုံး အတိအကျ လိုက်နာဖို့တော့ လိုသေးတယ်ထင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top