Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္ဖတစ္ေကာင္ဟာ သူတုိ႔စံုတြဲဆီကို အျမဲေရာက္လာၿပီး ေႏွာင့္ယွက္ေနတဲ့အတြက္ သတို႔သမီးမွာ စိတ္အေတာ္ေလး ညစ္ေနရပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္မ်ားျဖစ္ၾကတဲ့ ခရစၥနဲ႔ ဗစ္တုိးရီးယားတုိ႔ဟာ ၿပီးခဲ့တဲ့အတ္က ေဝးလ္ႏုိင္ငံ၊ Prestatyn ၿမိဳ႕က Dyserth Falls Rsort မွာ စိတ္ကူးယဥ္ဆန္လွတဲ့ အိမ္ေလးတစ္လံုးကို ငွားၿပီး ေနထိုင္ခဲ့ၾကတာပါ။

အဲဒီ အပန္းေျဖဟိုတယ္မွာ ေဒါင္း ၄၀ အပါအဝင္ ငွက္ေတြအမ်ားႀကီးေမြးထားပါတယ္။ ဒါေပမဲ့ အမ်ားစုက အခန္းေတြရဲ႕ အျပင္မွာပဲ ေလွ်ာက္သြားေနၾကတာပါ။

ထူးထူးဆန္းဆန္း အရြယ္ေရာက္စ ၾကက္ဖတစ္ေကာင္ဟာ သူတုိ႔ႏွစ္ေယာက္ကို ခင္မင္ေနၿပီး အခန္းထဲထိ ခိုးဝင္လာခဲ့ပါတယ္။

သူတုိ႔စံုတြဲဟာ ၾကက္ဖကို ႏွင္ထုတ္လုိက္ေပမဲ့ အဲဒီၾကက္ဖက အျမဲတမ္း သူတုိ႔ႏွစ္ေယာက္ၾကားထဲကို ဝင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဗစ္တုိးရီးယားရဲ႕ ေမြးပြဖိနပ္ေလးကို ၾကက္မအမွတ္နဲ႔ သူက မိတ္လိုက္ေနေသးတာကို ေတြ႕လုိက္ရပါတယ္။

"ခရစၥက ေရခ်ဳိးေနတာ။ ဆုိဖာေနာက္မွာ အသံၾကားတာနဲ႔ ၾကည့္လုိက္ေတာ့ ကိုယ့္မ်က္လံုးကိုယ္ေတာင္ မယံုႏုိင္ဘူး။ ရွက္စရာအရမ္းေကာင္းတယ္" လုိ႔ ဗစ္တုိးရီးယားက စိတ္ပ်က္လက္ပ်က္ေျပာပါတယ္။

ၾကက္ဖလုပ္သမွ်ကို ရယ္စရာအျဖစ္ သေဘာထားတဲ့ ခရစၥက အဲဒီၾကက္ဖကို ေဒ့ဗ္လို႔ေတာင္ နာမည္ေပးထားၿပီး ဆယ္ဖီေတြေတာင္ အတူ႐ိုက္ခဲ့ၾကပါေသးတယ္။

"သူက ကၽြန္ေတာ့္ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းလုိပဲ။ အထဲကို ဝင္လာတယ္။ ကၽြန္ေတာ္တုိ႔နဲ႔အတူ ထုိင္တယ္။ ကၽြန္ေတာ့္အေပၚမွာေတာင္ အိပ္လုိက္ေသးတယ္။ သူအၾကာဆံုးေနတဲ့အခ်ိန္က ကၽြန္ေတာ့္လက္ေတာ့ပ္ေပၚမွာ ထုိင္ၿပီး ႐ုပ္ျမင္သံၾကား ေလးနာရီၾကည့္သြားတဲ့အခ်ိန္ပဲ" လို႔ ခရစၥက သေဘာတက်နဲ႔ ဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကြက်ဖတစ်ကောင်ဟာ သူတို့စုံတွဲဆီကို အမြဲရောက်လာပြီး နှောင့်ယှက်နေတဲ့အတွက် သတို့သမီးမှာ စိတ်အတော်လေး ညစ်နေရပါတယ်။

အသက် ၂၄ နှစ်အရွယ်များဖြစ်ကြတဲ့ ခရစ္စနဲ့ ဗစ်တိုးရီးယားတို့ဟာ ပြီးခဲ့တဲ့အတ်က ဝေးလ်နိုင်ငံ၊ Prestatyn မြို့က Dyserth Falls Rsort မှာ စိတ်ကူးယဉ်ဆန်လှတဲ့ အိမ်လေးတစ်လုံးကို ငှားပြီး နေထိုင်ခဲ့ကြတာပါ။

အဲဒီ အပန်းဖြေဟိုတယ်မှာ ဒေါင်း ၄၀ အပါအဝင် ငှက်တွေအများကြီးမွေးထားပါတယ်။ ဒါပေမဲ့ အများစုက အခန်းတွေရဲ့ အပြင်မှာပဲ လျှောက်သွားနေကြတာပါ။

ထူးထူးဆန်းဆန်း အရွယ်ရောက်စ ကြက်ဖတစ်ကောင်ဟာ သူတို့နှစ်ယောက်ကို ခင်မင်နေပြီး အခန်းထဲထိ ခိုးဝင်လာခဲ့ပါတယ်။

သူတို့စုံတွဲဟာ ကြက်ဖကို နှင်ထုတ်လိုက်ပေမဲ့ အဲဒီကြက်ဖက အမြဲတမ်း သူတို့နှစ်ယောက်ကြားထဲကို ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဗစ်တိုးရီးယားရဲ့ မွေးပွဖိနပ်လေးကို ကြက်မအမှတ်နဲ့ သူက မိတ်လိုက်နေသေးတာကို တွေ့လိုက်ရပါတယ်။

"ခရစ္စက ရေချိုးနေတာ။ ဆိုဖာနောက်မှာ အသံကြားတာနဲ့ ကြည့်လိုက်တော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘူး။ ရှက်စရာအရမ်းကောင်းတယ်" လို့ ဗစ်တိုးရီးယားက စိတ်ပျက်လက်ပျက်ပြောပါတယ်။

ကြက်ဖလုပ်သမျှကို ရယ်စရာအဖြစ် သဘောထားတဲ့ ခရစ္စက အဲဒီကြက်ဖကို ဒေ့ဗ်လို့တောင် နာမည်ပေးထားပြီး ဆယ်ဖီတွေတောင် အတူရိုက်ခဲ့ကြပါသေးတယ်။

"သူက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းလိုပဲ။ အထဲကို ဝင်လာတယ်။ ကျွန်တော်တို့နဲ့အတူ ထိုင်တယ်။ ကျွန်တော့်အပေါ်မှာတောင် အိပ်လိုက်သေးတယ်။ သူအကြာဆုံးနေတဲ့အချိန်က ကျွန်တော့်လက်တော့ပ်ပေါ်မှာ ထိုင်ပြီး ရုပ်မြင်သံကြား လေးနာရီကြည့်သွားတဲ့အချိန်ပဲ" လို့ ခရစ္စက သဘောတကျနဲ့ ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top