Kantharyar Centre
×

ဇီကာဗိုင္းရပ္စ္ႏွင့္ဆင္ တူေသာ သံသယလူနာရွစ္ဦးကုိ စစ္ေဆးရာ အဆိုပါေရာဂါပိုး မေတြ႕ရွိရေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲခန္းသို႔ ဇီကာ ဗိုင္းရပ္စ္ႏွင့္ ဆင္တူေသာသံသယ လကၡဏာမ်ားျဖစ္သည့္ ဖ်ားနာ ျခင္း၊ အနီစက္ထြက္ျခင္း၊ မ်က္စိ နာျခင္း၊ ဦးေခါင္းေသးကေလး ငယ္္ ေမြးဖြားျခင္းႏွင့္ ဦးေႏွာက္ဖြံ႕ ၿဖိဳးမႈေနာက္က်ျခင္းအျပင္ လတ္ တေလာေပ်ာ့ေခြအေၾကာေသ ျခင္း စေသာ လကၡဏာမ်ားျဖင့္ ေသြးႏွင့္ဆီးလာေရာက္စစ္ေဆး သူ ရွစ္ဦးစလံုး၌ ဇီကာဗိုင္းရပ္စ္ ပိုးမေတြ႕ရေၾကာင္း ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိုုင္းဦးစီးဌာနမွဴး   ေဒါက္တာ ခင္နန္းလံုကေျပာသည္။

‘‘အစိုးရနဲ႔ပုဂၢလိကေဆး႐ံု ေတြကတစ္ဆင့္ ေပးပို႔စစ္ေဆး တာရွိတယ္။ စင္ကာပူက ျပန္လာ တဲ့တစ္ ေယာက္ဆိုလည္းသူ႔ဟာသူ လာစစ္တယ္။ အခုထိ လာစစ္တဲ့ သူရွစ္ဦးမွာ တစ္ဦးမွဇီကာဗိုင္း ရပ္စ္မေတြ႕ေသးဘူး။ရွစ္ဦးထဲက စစ္ေတြေဆး႐ံုကပို႔တဲ့ ရခိုင္ ပုဏၰားကြၽန္းကဆိုလည္း ဦးေခါင္း ေသးကေလးေမြးလို႔ မိခင္ေရာ၊ ကေလးေရာစစ္တယ္။ မေတြ႕ ဘူး။ ပါရမီေဆး႐ံုကပို႔တဲ့ ဒဂံုဆိပ္ ကမ္းက ဆယ္လသားကေလးဆို လည္း ရယ္ရမယ့္အခ်ိန္မွာ မရယ္ လို႔၊ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈနည္းလို႔ စစ္ တာမေတြ႕ဘူး။ ထန္းတပင္က (၉)ႏွစ္အရြယ္ ကေလးကလည္း လတ္တေလာ ေပ်ာ့ေခြအေၾကာ ေသေရာဂါေတြ႕လို႔ စစ္တာလည္း မေတြ႕ဘူး။ ဒီ႐ံုးကလည္း မ်က္စိ နာတဲ့တစ္ေယာက္သြားစစ္တယ္ မေတြ႕ဘူး။ ေလဆိပ္မွာ တစ္ ေယာက္မွ မေတြ႕ေသးဘူး။ရွာေန တုန္းပဲ’’ဟု ၎ကေျပာသည္။

ဇီကာဗိုင္းရပ္စ္ဟု သံသယ ရွိပါက ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲခန္းသို႔ ေပးပို႔ စစ္ေဆးႏိုင္ကာ အေထြေထြ ေရာ ဂါကုဆရာ၀န္မ်ားမွျဖစ္ေစ၊ ပုဂၢ လိက ေဆး႐ံုေဆးခန္းမ်ားမွျဖစ္ေစ ယင္းတို႔၏ ေထာက္ခံခ်က္ျဖင့္ အခမဲ့ေပးပို႔စစ္ေဆးႏိုင္ၿပီး ယင္း ဓာတ္ခြဲခန္း၌ လူဦးေရ ေလးရာအ တြက္ စစ္ေဆးႏိုင္ေသာ စက္ ပစၥည္းမ်ား ျပင္ဆင္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ ကမၻာ့ႏိုင္ငံ ေပါင္း ၇၂ ႏိုင္ငံ၌ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံေနရကာ ယင္းေရာဂါ သည္ အသက္အရြယ္မေရြးျဖစ္ ပြားႏိုင္ၿပီး ကူးစက္ခံရသူ ငါးဦး တြင္ တစ္ဦးသာ လကၡဏာျပ တတ္သည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဇီကာဗိုင်းရပ်စ်နှင့်ဆင် တူသော သံသယလူနာရှစ်ဦးကို စစ်ဆေးရာ အဆိုပါရောဂါပိုး မတွေ့ရှိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ဇီကာ ဗိုင်းရပ်စ်နှင့် ဆင်တူသောသံသယ လက္ခဏာများဖြစ်သည့် ဖျားနာ ခြင်း၊ အနီစက်ထွက်ခြင်း၊ မျက်စိ နာခြင်း၊ ဦးခေါင်းသေးကလေး ငယ် မွေးဖွားခြင်းနှင့် ဦးနှောက်ဖွံ့ ဖြိုးမှုနောက်ကျခြင်းအပြင် လတ် တလောပျော့ခွေအကြောသေ ခြင်း စသော လက္ခဏာများဖြင့် သွေးနှင့်ဆီးလာရောက်စစ်ဆေး သူ ရှစ်ဦးစလုံး၌ ဇီကာဗိုင်းရပ်စ် ပိုးမတွေ့ရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိုုင်းဦးစီးဌာနမှူး   ဒေါက်တာ ခင်နန်းလုံကပြောသည်။

‘‘အစိုးရနဲ့ပုဂ္ဂလိကဆေးရုံ တွေကတစ်ဆင့် ပေးပို့စစ်ဆေး တာရှိတယ်။ စင်ကာပူက ပြန်လာ တဲ့တစ် ယောက်ဆိုလည်းသူ့ဟာသူ လာစစ်တယ်။ အခုထိ လာစစ်တဲ့ သူရှစ်ဦးမှာ တစ်ဦးမှဇီကာဗိုင်း ရပ်စ်မတွေ့သေးဘူး။ရှစ်ဦးထဲက စစ်တွေဆေးရုံကပို့တဲ့ ရခိုင် ပုဏ္ဏားကျွန်းကဆိုလည်း ဦးခေါင်း သေးကလေးမွေးလို့ မိခင်ရော၊ ကလေးရောစစ်တယ်။ မတွေ့ ဘူး။ ပါရမီဆေးရုံကပို့တဲ့ ဒဂုံဆိပ် ကမ်းက ဆယ်လသားကလေးဆို လည်း ရယ်ရမယ့်အချိန်မှာ မရယ် လို့၊ ဦးနှောက်ဖွံ့ဖြိုးမှုနည်းလို့ စစ် တာမတွေ့ဘူး။ ထန်းတပင်က (၉)နှစ်အရွယ် ကလေးကလည်း လတ်တလော ပျော့ခွေအကြော သေရောဂါတွေ့လို့ စစ်တာလည်း မတွေ့ဘူး။ ဒီရုံးကလည်း မျက်စိ နာတဲ့တစ်ယောက်သွားစစ်တယ် မတွေ့ဘူး။ လေဆိပ်မှာ တစ် ယောက်မှ မတွေ့သေးဘူး။ရှာနေ တုန်းပဲ’’ဟု ၎င်းကပြောသည်။

ဇီကာဗိုင်းရပ်စ်ဟု သံသယ ရှိပါက ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးနိုင်ကာ အထွေထွေ ရော ဂါကုဆရာဝန်များမှဖြစ်စေ၊ ပုဂ္ဂ လိက ဆေးရုံဆေးခန်းများမှဖြစ်စေ ယင်းတို့၏ ထောက်ခံချက်ဖြင့် အခမဲ့ပေးပို့စစ်ဆေးနိုင်ပြီး ယင်း ဓာတ်ခွဲခန်း၌ လူဦးရေ လေးရာအ တွက် စစ်ဆေးနိုင်သော စက် ပစ္စည်းများ ပြင်ဆင်ထားကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၇၂ နိုင်ငံ၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကာ ယင်းရောဂါ သည် အသက်အရွယ်မရွေးဖြစ် ပွားနိုင်ပြီး ကူးစက်ခံရသူ ငါးဦး တွင် တစ်ဦးသာ လက္ခဏာပြ တတ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top