Property Expo
×

မနက္မုိးလင္းၿပီဆိုတာနဲ႔ ဗိုက္ဆာလာတတ္ တာနဲ႔အမွ် သတင္းစာပါ ဆာတတ္တဲ့ကြၽန္မ၊ ေန႔တစ္ေန႔ရဲ႕ စာမ်က္ႏွာကို သတင္းစာနဲ႔ ဖြင့္ခ်င္တဲ့ကြၽန္မက အခုေတာ့ သတင္းစာကိုင္ရမွာကို လက္တုန္ေနတာေတာ့ အမွန္ပါ ပဲ။ ဟိုးအရင္ အခ်ိန္တုန္းက သတင္းစာကိုင္ရင္ ဓာတ္လိုက္မွာ စိုးတယ္လို႔ ေျပာစမွတ္တြင္ရ ေလာက္သလိုပဲ။ အခုလည္း သ တင္းစာကိုင္ဖို႔ကို ရင္တုန္ပန္းတုန္ နဲ႔ ေျခတုန္လက္တုန္ ျဖစ္ေနရၿပီလို႔ ေျပာရေတာ့မယ့္အေျခအေနေပါ့။
ေန႔စဥ္ထုတ္သတင္းစာေတြ ထဲမွာ မဂၤလာသတင္းေတြကနည္း နည္း၊ အမဂၤလာသတင္းေတြက မ်ားမ်ားျဖစ္ေနၾကတာ စိတ္ပ်က္ စရာပါပဲ။ တစ္ရက္တည္းမွာပဲ မႈခင္းသတင္းေတြက ႏွစ္မ်ိဳး၊ သံုး မ်ိဳးျဖစ္ေနၾကတာဆိုေတာ့။အစိုးရ သစ္လက္ထက္မွာ ရာဇ၀တ္မႈခင္း ေတြ ပိုေပါမ်ားၾကတယ္လို႔ ေျပာ ခ်င္သူေတြ ေျပာရေလာက္ေအာင္ ကို ျဖစ္ေနၾကတာပဲကိုး။ ျဖစ္ပြား ၾကတဲ့မႈခင္းေတြကလည္း တစ္ သက္နဲ႔တစ္ကိုယ္ မႀကံဳဖူး၊ မၾကား ဖူးတဲ့မႈခင္းေတြဆိုေတာ့ ‘ဖခင္ဘု ရင္ႀကီးမွာ မၾကားလိုပါ××× မၾကားလိုပါ×××’ သီခ်င္းလိုပဲ နားႏွစ္ဖက္ကိုပိတ္၊ မ်က္စိႏွစ္ဖက္ ကိုပိတ္ၿပီး ‘မၾကားလိုပါ××× မၾကားလိုပါ’လို႔ ေအာ္ဟစ္ပစ္ခ်င္ စိတ္ေတြ ေပါက္လာေတာ့တဲ့အထိ ေပါက္ကြဲပစ္လိုက္ခ်င္ေတာ့တာ ပဲ။

သတင္းေတြက ခိုးဆိုးလု ယက္သတင္းေတြထက္ ဆိုးတဲ့ ဆိုးဆိုးရြားရြားသတင္းေတြျဖစ္ေန ၾကတာ အံ့မခန္းပါပဲ။ ဘယ့္ႏွယ္ ဗုဒၶဘာသာထြန္းကားတဲ့တိုင္း ျပည္မွာ ျဖစ္ေနလိုက္ၾကတဲ့မႈခင္း ေတြက မၾကား၀ံ့မနာသာ။ အရင္ တုန္းကေတာ့ ဒီလိုသတင္းေတြက ႏိုင္ငံရပ္ျခားဆီမွာပဲ ျဖစ္တတ္ၾက တဲ့ သတင္းေတြပါ။ အခုမ်ားေတာ့ ကြၽန္မတို႔ဆီမွာ ကမ္းကုန္ေအာင္ ႐ိုင္းကုန္ၾကတာ ႏိုင္ငံရပ္ျခားက မႈ ခင္း သတင္းေတြထက္ေတာင္ လက္စြမ္းပိုထက္ေနၾကသလိုပါ ပဲ။

အရက္ေၾကာင္၊ ေဆးေၾကာင္ ၿပီး လူသတ္မႈေတြ၊ ေငြေၾကး ေၾကာင့္ လူသတ္မႈေတြ၊ ကေလး သူငယ္ မုဒိမ္းမႈေတြ၊ ခ်စ္သူရည္း စားကို မုဒိမ္းက်င့္မႈေတြ၊ လူကုန္ ကူးေရာင္းခ်မႈေတြက တစ္ေန႔တ ျခား ပိုလို႔မ်ားလာၾကတာ အမွန္ ပါ။ ဘုရားနဲ႔ တစ္ဂိုဏ္းတည္းထား တဲ့ မိဘကိုေတာင္ ေဆးေၾကာင္ၿပီး ဓားနဲ႔ထိုးရေလာက္ေအာင္ ျဖစ္ၾက ရတဲ့ မူးယစ္ေဆးရဲ႕ သားေကာင္ ေတြက လူ႔အဖြဲ႕အစည္းအတြက္ အႏၲရာယ္၊ ႏိုင္ငံအတြက္ အႏၲ ရာယ္ႀကီးလွပါတယ္။

ျမန္မာႏိုင္ငံမွာ သယံဇာတ ေတြ ေပါမ်ားႂကြယ္၀လြန္းတယ္။ ထို႔အတူပဲ ေဆးသမားေတြလည္း ေပါမ်ားၾကတယ္ဆုိတာ ကြၽန္မ သိရွိခဲ့တာ သိပ္မၾကာေသးပါ။ ၿပီး ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ခုႏွစ္က ဖား ကန္႔မွာ ေျမစာပံုၿပိဳက်လို႔ လူေတြ ရာခ်ီၿပီးေသၾကတာ သဘာ၀ေဘး မဟုတ္တဲ့ တကယ့္ဆိုးဆိုးရြားရြား အျဖစ္ေတြေပ့ါ။ ေျမစာပံု ၿပိဳက် တာက တစ္ခါလည္းမဟုတ္၊ႏွစ္ခါ လည္းမဟုတ္ဆိုေတာ့ ဘာျဖစ္လို႔ မ်ား အႏၲရာယ္ရွိမွန္းသိလ်က္နဲ႔ လူေတြက ေျမစာပံုကို ဖက္တြယ္ ေနရတာလဲ။ ဘာျဖစ္လို႔မ်ား အ သက္နဲ႔ရင္းၾကရသလဲ။ ထမင္း တစ္လုပ္အတြက္ တျခားမွာ သြား လုပ္စားၾကပါလားလို႔ ကြၽန္မမခ်င့္ မရဲနဲ႔ အၿမဲေတြးေနမိခဲ့တယ္။ ကိုယ့္အသက္ထက္ ဘာကအေရး ႀကီးေနသလဲလို႔ မေက်မနပ္ျဖစ္ခဲ့ မိတယ္။ ကြၽန္မတို႔ႏိုင္ငံသားေတြရဲ႕ အသက္ေတြ အလဟႆဆံုး႐ံႈး သြားၾကတာ ကြၽန္မမေက်နပ္တာ ေတာ့ အမွန္ပဲေလ။

တစ္ေလာတုန္းကေတာ့ ဖား ကန္႔နယ္ဘက္က တိုင္းရင္းသူ တစ္ေယာက္နဲ႔ ခင္မင္ခြင့္ရေတာ့ သူ႔ကိုေမးၾကည့္မိတယ္၊ ကြၽန္မ ခံစားရတာကို ေျပာျပမိတယ္။ ‘သူတို႔ေသမွာမေၾကာက္ဘူးလား’ လို႔ ကြၽန္မရဲ႕အေမးကို တိုင္းရင္း သူေလးေျဖလိုက္ပံုက ‘‘မေၾကာက္ ဘူးအစ္မ။ အမ်ားစုက ဘိန္းစား ေတြေလ။ သူတို႔ဘိန္းစားဖို႔ပိုက္ဆံ ရွာရတာ ရြာေတြမွာက အိမ္တစ္ အိမ္မွာ ေယာက္်ားေလးသံုး ေယာက္ရွိရင္ ႏွစ္ေယာက္ကဘိန္း စားပဲ’’တဲ့ေလ။

ေၾသာ္…ဒါေၾကာင့္ အႏၲရာယ္ ရွိမွန္းသိသိႀကီးနဲ႔ ေသရမွာကို မ ေၾကာက္မရြံ႕ဘဲ ဒီေျမစာပံုကိုဖက္ တြယ္ေနၾကတာကိုး။ ေသမင္းရဲ႕ သားေကာင္ခ်င္းအတူတူ မေသ ခင္ေလးမွာ ဘိန္းစားဖို႔အတြက္ အ ေရးႀကီးေနၾကတဲ့ ျဖစ္အင္ေတြကို နားလည္လိုက္ရတာကေတာ့ ခါး သက္သက္ပါပဲ။

ဟိုးေရွးေရွးတုန္းက လူႀကီး ေတြ ေျပာခဲ့ၾကတာကေတာ့၊ စာ ေတြထဲမွာ ဖတ္ဖူးခဲ့တာေတြက ေတာ့ ဘိန္းစားဆိုရင္ တ႐ုတ္တန္း မွာပဲရွိၾကတာပါ။ အခုက်ေတာ့ လည္း ျမန္မာတစ္ျပည္လံုးမွာ ဘိန္းစားေတြရွိေနၾကၿပီ၊ ကြၽန္မတို႔ ျမန္မာေတြ ဘိန္းစားေတြျဖစ္ေန ၾကၿပီဆိုတာ အမွန္တရားတစ္ခုအ ျဖစ္ လက္သင့္ခံၾကရပါၿပီ။

ဒီေခတ္ႀကီးမွာ ကမၻာဟာရြာ ဆန္လာတာနဲ႔အမွ် မိန္းကေလး ေတြရဲ႕ ဘ၀ဟာလည္းသားေကာင္ ဆန္လာၿပီလို႔ပဲ ေျပာရေတာ့မယ္။ အရြယ္ေရာက္ၿပီး မိန္းကေလးေတြ ေရာ၊ အရြယ္မေရာက္ေသးတဲ့ မိန္းကေလးေတြပါ ဘ၀မလံုၿခံဳၾက ေတာ့။ ေယာက္်ားသားေတြဆို တာ သူတို႔အတြက္ ေၾကာက္စရာ ရြံ႕စရာ လူသားစားဘီလူးေတြ အျဖစ္ ခံယူပစ္လိုက္ၾကရမယ့္ အ ေျခအေနကို ဖန္တီးယူေနၾကေတာ့ သလားပဲ။ ခုေခတ္ မိန္းကေလးေတြ ဘ၀က ခ်စ္သူရည္းစားထားတာ ေတာင္ အႏၲရာယ္နဲ႔ကစားေနရသ လို ေၾကာက္စရာေကာင္းေနေတာ့ တာေလ။ ရည္းစားကို မႀကိဳက္၊ မႏွစ္သက္ေတာ့လို႔ အဆက္ျဖတ္ တာက အသက္ေပးခ်င္ေပးရႏိုင္ တာ။ ကိုယ္ႀကိဳက္မိတဲ့ ရည္းစား က ဘိန္းစားလား၊ အရက္သမား လား၊ တဏွာၾကဴးလား၊ လူသတ္ သမားလားဆိုတာ အကဲခတ္ႏိုင္ဖို႔ က ခပ္ခက္ခက္ပဲေနာ္။ မဟုတ္ တာလုပ္တဲ့သူက ပိုၿပီးဟန္ေဆာင္ ေကာင္းၾကတာကိုး။

ဒီရက္ထဲ သတင္းတစ္ပုဒ္ က အသက္ (၁၈) ႏွစ္အရြယ္ မိန္း ကေလးကို ရည္းစားေဟာင္းက ခိုး ယူေပါင္းသင္းၿပီး ေနအိမ္ထဲမွာ သံႀကိဳးခတ္ထား၊ တစ္လတိတိ တိုင္ အလိုမတူဘဲ သားမယားအ ျဖစ္ ျပဳက်င့္႐ံုမွ်မက ညႇဥ္းပန္းႏွိပ္ စက္မႈေတြ ျပဳလုပ္ခဲ့တဲ့သူကို ေထာင္ဒဏ္ ၂ ႏွစ္ခ်လို႔ မေက်နပ္ ေၾကာင္း အယူခံတက္မည္ျဖစ္ ေၾကာင္း ဖတ္လိုက္ရပါတယ္။ ဒီ သတင္းဖတ္မိေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္၊ သံုးႏွစ္ေလာက္ကအေမရိကန္ မွာ မိန္းကေလးသံုးဦးကို ဆယ္ႏွစ္ ေက်ာ္ၾကာ ေနအိမ္တြင္း ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားၿပီး သားမယားအ ျဖစ္ ျပဳက်င့္႐ိုက္ႏွက္သူကို ေသ ဒဏ္ေပးလိုက္တဲ့ သတင္းတစ္ပုဒ္ ကို သြားၿပီးသတိရမိေသးေတာ့ တယ္။

ဗုဒၶဘာသာသာထြန္းကားတဲ့ တိုင္းျပည္မွာ ဘိန္းစားေတြေပါ တယ္၊ ခိုးဆိုးလုယက္ေတြေပါ တယ္၊ လူသတ္သမားေတြ ေပါ တယ္၊ မုဒိမ္းေကာင္ေတြ ေပါ တယ္၊ ျပည့္တန္ဆာေတြ ေပါ တယ္။ ကြၽန္မတို႔ရဲ႕ေရႊျပည္ႀကီးမွာ ေကာင္းတာေတြလည္း ရွိၾကသလို မေကာင္းတာေတြကလည္း ေပါမွ ေပါပဲ။

ကြၽန္မတို႔ရဲ႕ ျမန္မာေတြ လည္း မေကာင္းတာေတြမွာကမၻာ ဆန္လာၾကတာလား မသိေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7day news

#Unicode Version
မနက်မိုးလင်းပြီဆိုတာနဲ့ ဗိုက်ဆာလာတတ် တာနဲ့အမျှ သတင်းစာပါ ဆာတတ်တဲ့ကျွန်မ၊ နေ့တစ်နေ့ရဲ့ စာမျက်နှာကို သတင်းစာနဲ့ ဖွင့်ချင်တဲ့ကျွန်မက အခုတော့ သတင်းစာကိုင်ရမှာကို လက်တုန်နေတာတော့ အမှန်ပါ ပဲ။ ဟိုးအရင် အချိန်တုန်းက သတင်းစာကိုင်ရင် ဓာတ်လိုက်မှာ စိုးတယ်လို့ ပြောစမှတ်တွင်ရ လောက်သလိုပဲ။ အခုလည်း သ တင်းစာကိုင်ဖို့ကို ရင်တုန်ပန်းတုန် နဲ့ ခြေတုန်လက်တုန် ဖြစ်နေရပြီလို့ ပြောရတော့မယ့်အခြေအနေပေါ့။
နေ့စဉ်ထုတ်သတင်းစာတွေ ထဲမှာ မင်္ဂလာသတင်းတွေကနည်း နည်း၊ အမင်္ဂလာသတင်းတွေက များများဖြစ်နေကြတာ စိတ်ပျက် စရာပါပဲ။ တစ်ရက်တည်းမှာပဲ မှုခင်းသတင်းတွေက နှစ်မျိုး၊ သုံး မျိုးဖြစ်နေကြတာဆိုတော့။အစိုးရ သစ်လက်ထက်မှာ ရာဇဝတ်မှုခင်း တွေ ပိုပေါများကြတယ်လို့ ပြော ချင်သူတွေ ပြောရလောက်အောင် ကို ဖြစ်နေကြတာပဲကိုး။ ဖြစ်ပွား ကြတဲ့မှုခင်းတွေကလည်း တစ် သက်နဲ့တစ်ကိုယ် မကြုံဖူး၊ မကြား ဖူးတဲ့မှုခင်းတွေဆိုတော့ ‘ဖခင်ဘု ရင်ကြီးမှာ မကြားလိုပါ××× မကြားလိုပါ×××’ သီချင်းလိုပဲ နားနှစ်ဖက်ကိုပိတ်၊ မျက်စိနှစ်ဖက် ကိုပိတ်ပြီး ‘မကြားလိုပါ××× မကြားလိုပါ’လို့ အော်ဟစ်ပစ်ချင် စိတ်တွေ ပေါက်လာတော့တဲ့အထိ ပေါက်ကွဲပစ်လိုက်ချင်တော့တာ ပဲ။

သတင်းတွေက ခိုးဆိုးလု ယက်သတင်းတွေထက် ဆိုးတဲ့ ဆိုးဆိုးရွားရွားသတင်းတွေဖြစ်နေ ကြတာ အံ့မခန်းပါပဲ။ ဘယ့်နှယ် ဗုဒ္ဓဘာသာထွန်းကားတဲ့တိုင်း ပြည်မှာ ဖြစ်နေလိုက်ကြတဲ့မှုခင်း တွေက မကြားဝံ့မနာသာ။ အရင် တုန်းကတော့ ဒီလိုသတင်းတွေက နိုင်ငံရပ်ခြားဆီမှာပဲ ဖြစ်တတ်ကြ တဲ့ သတင်းတွေပါ။ အခုများတော့ ကျွန်မတို့ဆီမှာ ကမ်းကုန်အောင် ရိုင်းကုန်ကြတာ နိုင်ငံရပ်ခြားက မှု ခင်း သတင်းတွေထက်တောင် လက်စွမ်းပိုထက်နေကြသလိုပါ ပဲ။

အရက်ကြောင်၊ ဆေးကြောင် ပြီး လူသတ်မှုတွေ၊ ငွေကြေး ကြောင့် လူသတ်မှုတွေ၊ ကလေး သူငယ် မုဒိမ်းမှုတွေ၊ ချစ်သူရည်း စားကို မုဒိမ်းကျင့်မှုတွေ၊ လူကုန် ကူးရောင်းချမှုတွေက တစ်နေ့တ ခြား ပိုလို့များလာကြတာ အမှန် ပါ။ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထား တဲ့ မိဘကိုတောင် ဆေးကြောင်ပြီး ဓားနဲ့ထိုးရလောက်အောင် ဖြစ်ကြ ရတဲ့ မူးယစ်ဆေးရဲ့ သားကောင် တွေက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်၊ နိုင်ငံအတွက် အန္တ ရာယ်ကြီးလှပါတယ်။

မြန်မာနိုင်ငံမှာ သယံဇာတ တွေ ပေါများကြွယ်ဝလွန်းတယ်။ ထို့အတူပဲ ဆေးသမားတွေလည်း ပေါများကြတယ်ဆိုတာ ကျွန်မ သိရှိခဲ့တာ သိပ်မကြာသေးပါ။ ပြီး ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ခုနှစ်က ဖား ကန့်မှာ မြေစာပုံပြိုကျလို့ လူတွေ ရာချီပြီးသေကြတာ သဘာဝဘေး မဟုတ်တဲ့ တကယ့်ဆိုးဆိုးရွားရွား အဖြစ်တွေပေ့ါ။ မြေစာပုံ ပြိုကျ တာက တစ်ခါလည်းမဟုတ်၊နှစ်ခါ လည်းမဟုတ်ဆိုတော့ ဘာဖြစ်လို့ များ အန္တရာယ်ရှိမှန်းသိလျက်နဲ့ လူတွေက မြေစာပုံကို ဖက်တွယ် နေရတာလဲ။ ဘာဖြစ်လို့များ အ သက်နဲ့ရင်းကြရသလဲ။ ထမင်း တစ်လုပ်အတွက် တခြားမှာ သွား လုပ်စားကြပါလားလို့ ကျွန်မမချင့် မရဲနဲ့ အမြဲတွေးနေမိခဲ့တယ်။ ကိုယ့်အသက်ထက် ဘာကအရေး ကြီးနေသလဲလို့ မကျေမနပ်ဖြစ်ခဲ့ မိတယ်။ ကျွန်မတို့နိုင်ငံသားတွေရဲ့ အသက်တွေ အလဟဿဆုံးရှုံး သွားကြတာ ကျွန်မမကျေနပ်တာ တော့ အမှန်ပဲလေ။

တစ်လောတုန်းကတော့ ဖား ကန့်နယ်ဘက်က တိုင်းရင်းသူ တစ်ယောက်နဲ့ ခင်မင်ခွင့်ရတော့ သူ့ကိုမေးကြည့်မိတယ်၊ ကျွန်မ ခံစားရတာကို ပြောပြမိတယ်။ ‘သူတို့သေမှာမကြောက်ဘူးလား’ လို့ ကျွန်မရဲ့အမေးကို တိုင်းရင်း သူလေးဖြေလိုက်ပုံက ‘‘မကြောက် ဘူးအစ်မ။ အများစုက ဘိန်းစား တွေလေ။ သူတို့ဘိန်းစားဖို့ပိုက်ဆံ ရှာရတာ ရွာတွေမှာက အိမ်တစ် အိမ်မှာ ယောက်ျားလေးသုံး ယောက်ရှိရင် နှစ်ယောက်ကဘိန်း စားပဲ’’တဲ့လေ။

သြော်…ဒါကြောင့် အန္တရာယ် ရှိမှန်းသိသိကြီးနဲ့ သေရမှာကို မ ကြောက်မရွံ့ဘဲ ဒီမြေစာပုံကိုဖက် တွယ်နေကြတာကိုး။ သေမင်းရဲ့ သားကောင်ချင်းအတူတူ မသေ ခင်လေးမှာ ဘိန်းစားဖို့အတွက် အ ရေးကြီးနေကြတဲ့ ဖြစ်အင်တွေကို နားလည်လိုက်ရတာကတော့ ခါး သက်သက်ပါပဲ။

ဟိုးရှေးရှေးတုန်းက လူကြီး တွေ ပြောခဲ့ကြတာကတော့၊ စာ တွေထဲမှာ ဖတ်ဖူးခဲ့တာတွေက တော့ ဘိန်းစားဆိုရင် တရုတ်တန်း မှာပဲရှိကြတာပါ။ အခုကျတော့ လည်း မြန်မာတစ်ပြည်လုံးမှာ ဘိန်းစားတွေရှိနေကြပြီ၊ ကျွန်မတို့ မြန်မာတွေ ဘိန်းစားတွေဖြစ်နေ ကြပြီဆိုတာ အမှန်တရားတစ်ခုအ ဖြစ် လက်သင့်ခံကြရပါပြီ။

ဒီခေတ်ကြီးမှာ ကမ္ဘာဟာရွာ ဆန်လာတာနဲ့အမျှ မိန်းကလေး တွေရဲ့ ဘဝဟာလည်းသားကောင် ဆန်လာပြီလို့ပဲ ပြောရတော့မယ်။ အရွယ်ရောက်ပြီး မိန်းကလေးတွေ ရော၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေပါ ဘဝမလုံခြုံကြ တော့။ ယောက်ျားသားတွေဆို တာ သူတို့အတွက် ကြောက်စရာ ရွံ့စရာ လူသားစားဘီလူးတွေ အဖြစ် ခံယူပစ်လိုက်ကြရမယ့် အ ခြေအနေကို ဖန်တီးယူနေကြတော့ သလားပဲ။ ခုခေတ် မိန်းကလေးတွေ ဘဝက ချစ်သူရည်းစားထားတာ တောင် အန္တရာယ်နဲ့ကစားနေရသ လို ကြောက်စရာကောင်းနေတော့ တာလေ။ ရည်းစားကို မကြိုက်၊ မနှစ်သက်တော့လို့ အဆက်ဖြတ် တာက အသက်ပေးချင်ပေးရနိုင် တာ။ ကိုယ်ကြိုက်မိတဲ့ ရည်းစား က ဘိန်းစားလား၊ အရက်သမား လား၊ တဏှာကြူးလား၊ လူသတ် သမားလားဆိုတာ အကဲခတ်နိုင်ဖို့ က ခပ်ခက်ခက်ပဲနော်။ မဟုတ် တာလုပ်တဲ့သူက ပိုပြီးဟန်ဆောင် ကောင်းကြတာကိုး။

ဒီရက်ထဲ သတင်းတစ်ပုဒ် က အသက် (၁၈) နှစ်အရွယ် မိန်း ကလေးကို ရည်းစားဟောင်းက ခိုး ယူပေါင်းသင်းပြီး နေအိမ်ထဲမှာ သံကြိုးခတ်ထား၊ တစ်လတိတိ တိုင် အလိုမတူဘဲ သားမယားအ ဖြစ် ပြုကျင့်ရုံမျှမက ညှဉ်းပန်းနှိပ် စက်မှုတွေ ပြုလုပ်ခဲ့တဲ့သူကို ထောင်ဒဏ် ၂ နှစ်ချလို့ မကျေနပ် ကြောင်း အယူခံတက်မည်ဖြစ် ကြောင်း ဖတ်လိုက်ရပါတယ်။ ဒီ သတင်းဖတ်မိတော့ လွန်ခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်လောက်ကအမေရိကန် မှာ မိန်းကလေးသုံးဦးကို ဆယ်နှစ် ကျော်ကြာ နေအိမ်တွင်း ဖမ်းဆီး ချုပ်နှောင်ထားပြီး သားမယားအ ဖြစ် ပြုကျင့်ရိုက်နှက်သူကို သေ ဒဏ်ပေးလိုက်တဲ့ သတင်းတစ်ပုဒ် ကို သွားပြီးသတိရမိသေးတော့ တယ်။

ဗုဒ္ဓဘာသာသာထွန်းကားတဲ့ တိုင်းပြည်မှာ ဘိန်းစားတွေပေါ တယ်၊ ခိုးဆိုးလုယက်တွေပေါ တယ်၊ လူသတ်သမားတွေ ပေါ တယ်၊ မုဒိမ်းကောင်တွေ ပေါ တယ်၊ ပြည့်တန်ဆာတွေ ပေါ တယ်။ ကျွန်မတို့ရဲ့ရွှေပြည်ကြီးမှာ ကောင်းတာတွေလည်း ရှိကြသလို မကောင်းတာတွေကလည်း ပေါမှ ပေါပဲ။

ကျွန်မတို့ရဲ့ မြန်မာတွေ လည်း မကောင်းတာတွေမှာကမ္ဘာ ဆန်လာကြတာလား မသိနော်။


ဖိုးသူတော် (www.phothutaw.com)
Credit:7day news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top