Kantharyar Centre
×

စပိန္ႏိုင္ငံ မွာ ရထားေမာင္းႏွင္သူတစ္ဦးက သူ႕ရဲ႕ ဂ်ဴတီအၿပီးမွာ ခရီးသည္ ၁၀၀ ေက်ာ္ကို ထားခဲ့ၿပီး ျပန္သြားခဲ့ပါတယ္။

ၿမိဳ႕ခံေတြရဲ႕ ေျပာဆိုခ်က္အရ ခရီးသည္ ၁၀၉ ေယာက္ဟာ Osorno မွတ္တိုင္မွာ ဂ်ဴတီခ်ိန္းဖို႔ တစ္ေယာက္မွ မလာေပမယ့္ ရထားေမာင္းႏွင္သူက ရထားအင္ဂ်င္ပိတ္ၿပီး စက္ခန္းကိုထားၿပီး ျပန္သြားခဲ့ပါတယ္။

ေမာင္းႏွင္သူက သူ႕ရဲ႕ တစ္ေန႕အမ်ားဆံုးလုပ္ရမယ့္ အလုပ္ခ်ိန္ၿပီးသြားတဲ့အတြက္ ျပန္သြားတာျဖစ္ၿပီး ခရီးသည္ေတြက နည္းပညာပိုင္းဆိုင္ရာ အျဖစ္အပ်က္ေတြေၾကာင့္ ခရီးမွာ ေႏွာင့္ေႏွးတယ္လို႕ ေျပာၾကပါတယ္။

ေမာင္းႏွင္သူ အင္ဂ်င္နီယာက သူ႕ရဲ႕ တစ္ေန႕အလုပ္လုပ္ခ်ိန္ထက္ ပိုၿပီး လုပ္ရင္ မေတာ္တဆျဖစ္ပြားမႈ ႏႈန္းေတြျမင့္တက္လာတာမ်ိဳး မျဖစ္ေစခ်င္တဲ့အတြက္ ရထားကို ရပ္လိုက္ဖို႕ ဆံုးျဖစ္ခဲ့တာပါ လို႔ ခရီးသည္ တစ္ဦးကလည္း ေျပာခဲ့ပါတယ္။

ေမာင္းႏွင္သူဟာ ရထားကို Osorno မွတ္တိုင္မွာ ည ၉နာရီခြဲက ထားခဲ့တာျဖစ္ၿပီး အခ်ိန္ဇယားအရ ဆိုရင္ မက္ဒရစ္ၿမိဳ႕ကို ည ၁၁ နာရီ ၁၅ မွာ ေရာက္ရွိရမွာ ျဖစ္ေပမယ့္ မနက္ ၂နာရီ ခြဲတဲ့အထိ ေရာက္မလာခဲ့ပါဘူး။

ခရီးစဥ္ ေႏွာင့္ေႏွးၾကန္႔ၾကာတာေၾကာင့္ ခရီးသည္ေတြက စိတ္ဆိုးေနၾကေပမယ့္ ေျပာခြင့္ဆိုခြင့္ရွိတဲ့ ရထားေမာင္းႏွင္အဖြဲ႕ က Semaf က ရထားေမာင္းႏွင္သူက တရား၀င္ နည္းစနစ္အရ လုပ္သင့္တာကို လုပ္ခဲ့တာလို႕ ေျပာပါတယ္။

ေမာင္းႏွင္သူေတြက ေမာင္းႏွင္ခ်ိန္ ၅နာရီေနာက္ပိုင္း နာရီ၀က္ထက္ ပိုေမာင္းဖို႕ ခြင့္မျပဳပါဘူးတဲ့။ ခုကိစၥမွာလဲ ေမာင္းႏွင္သူက အထက္အရာရွိကို ဂ်ဴတီၿပီးေၾကာင္း အႀကိမ္ႀကိမ္ အေၾကာင္းၾကားေပမယ့္ အခ်ိန္ပိုၿပီးတဲ့အထိ ဘာအေျဖရတဲ့အတြက္ ရထားကို ရပ္ၿပီး ထားခဲ့တာပါတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
စပိန်နိုင်ငံ မှာ ရထားမောင်းနှင်သူတစ်ဦးက သူ့ရဲ့ ဂျူတီအပြီးမှာ ခရီးသည် ၁၀၀ ကျော်ကို ထားခဲ့ပြီး ပြန်သွားခဲ့ပါတယ်။

မြို့ခံတွေရဲ့ ပြောဆိုချက်အရ ခရီးသည် ၁၀၉ ယောက်ဟာ Osorno မှတ်တိုင်မှာ ဂျူတီချိန်းဖို့ တစ်ယောက်မှ မလာပေမယ့် ရထားမောင်းနှင်သူက ရထားအင်ဂျင်ပိတ်ပြီး စက်ခန်းကိုထားပြီး ပြန်သွားခဲ့ပါတယ်။

မောင်းနှင်သူက သူ့ရဲ့ တစ်နေ့အများဆုံးလုပ်ရမယ့် အလုပ်ချိန်ပြီးသွားတဲ့အတွက် ပြန်သွားတာဖြစ်ပြီး ခရီးသည်တွေက နည်းပညာပိုင်းဆိုင်ရာ အဖြစ်အပျက်တွေကြောင့် ခရီးမှာ နှောင့်နှေးတယ်လို့ ပြောကြပါတယ်။

မောင်းနှင်သူ အင်ဂျင်နီယာက သူ့ရဲ့ တစ်နေ့အလုပ်လုပ်ချိန်ထက် ပိုပြီး လုပ်ရင် မတော်တဆဖြစ်ပွားမှု နှုန်းတွေမြင့်တက်လာတာမျိုး မဖြစ်စေချင်တဲ့အတွက် ရထားကို ရပ်လိုက်ဖို့ ဆုံးဖြစ်ခဲ့တာပါ လို့ ခရီးသည် တစ်ဦးကလည်း ပြောခဲ့ပါတယ်။

မောင်းနှင်သူဟာ ရထားကို Osorno မှတ်တိုင်မှာ ည ၉နာရီခွဲက ထားခဲ့တာဖြစ်ပြီး အချိန်ဇယားအရ ဆိုရင် မက်ဒရစ်မြို့ကို ည ၁၁ နာရီ ၁၅ မှာ ရောက်ရှိရမှာ ဖြစ်ပေမယ့် မနက် ၂နာရီ ခွဲတဲ့အထိ ရောက်မလာခဲ့ပါဘူး။

ခရီးစဉ် နှောင့်နှေးကြန့်ကြာတာကြောင့် ခရီးသည်တွေက စိတ်ဆိုးနေကြပေမယ့် ပြောခွင့်ဆိုခွင့်ရှိတဲ့ ရထားမောင်းနှင်အဖွဲ့ က Semaf က ရထားမောင်းနှင်သူက တရားဝင် နည်းစနစ်အရ လုပ်သင့်တာကို လုပ်ခဲ့တာလို့ ပြောပါတယ်။

မောင်းနှင်သူတွေက မောင်းနှင်ချိန် ၅နာရီနောက်ပိုင်း နာရီဝက်ထက် ပိုမောင်းဖို့ ခွင့်မပြုပါဘူးတဲ့။ ခုကိစ္စမှာလဲ မောင်းနှင်သူက အထက်အရာရှိကို ဂျူတီပြီးကြောင်း အကြိမ်ကြိမ် အကြောင်းကြားပေမယ့် အချိန်ပိုပြီးတဲ့အထိ ဘာအဖြေရတဲ့အတွက် ရထားကို ရပ်ပြီး ထားခဲ့တာပါတဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top