Kantharyar Centre
×






Credit : thithtoolwin


#Unicode Version

လွန်ခဲ့တဲ့ နှစ်၆၀တုန်းက သူတို့ကို ဆုံတွေ့စေခဲ့တဲ့ နှစ်ထပ်ကားနဲ့ အမျိုးအစားတူညီတဲ့ ကားကို ခင်ပွန်းဖြစ်သူက ဇနီးသည်အတွက် ဝယ်ယူခဲ့ပါတယ်။

သူတို့နှစ်ယောင်စတင် တွေ့ဆုံစဉ်က လေတပ်သားဖြစ်တဲ့ Ken က ၂၂ နှစ်ရှိပြီး Shirley က ၁၈ နှစ်ရှိပါပြီ။
Gloucester မြို့နဲ့ Cardiffin မြို့ ကို ကူးသန်းဆက်သွယ်ပေးတဲ့ကားပေါ်မှာ စတင်တွေ့ခဲ့ကြပြီး Ken အတွက် ဘဝကို ပြောင်းလဲပေးတဲ့ ခရီးတစ်ခုလို့ ဆိုပါတယ်။

မိုင် ၆၀ ခရီးအတွင်း စကားတွေပြောခဲ့ကြပြီး နောက် ရက်သတ္တပါတ် အနည်းငယ်ကြာမှာတော့ အပြင်မှာ စတင် ချိန်းဆိုမှုတွေပြုလုပ်ခဲ့ရာက ဘဝလက်တွဲဖော်တွေ ဖြစ်ခဲ့ကြပါတယ်။

ပထမဆုံးချိန်းဆိုပြီး ရုပ်ရှင်ကြည့်ရာက အိမ်ကိုလမ်းလျှောက်ပြန်ကြတဲ့ တစ်မိုင်ခရိးမှာ Shirley က ကားပေါ်ကို ပျော်စရာအဖြစ်အပျက်တွေကို သတိရတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ Ken က လေကြောင်းအင်ဂျင်နီယာ တစ်ယောက်ဖြစ်လာပြီး ဆက်သွယ်ရေးပြတိုက်မှာ ပြထားတဲ့ နှစ်ထပ်ဘပ်စ်ကားကို တွေ့တော့ သူတို့နှစ်ယောက်အတွက် ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမှတ်တရတွေကို သတိရနေစေမယ့် နှစ်ထပ်ဘပ်စ်ကားကြီးကို Ken က ဒေါ်လာ ၁၂၀၀၀ အကုန်ကျခံ ဝယ်ယူခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top