Property Expo
×

 ၂၀၁၃ တြင္ ေရးဆဲြခဲ့သည့္ ရန္ကုန္ၿမိဳ႕ျပဖံြ႕ၿဖိဳးမႈ မဟာဗ်ဴဟာ စီမံကိန္းကုိ လက္ရွိၿမိဳ႕၏ အေျခ အေနႏွင့္ ကိုက္ညီေစရန္ျပန္လည္ ျပင္ဆင္ေရးဆဲြမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခဲြမႈဌာန ဒုတိယဌာနမွဴး ဦးတိုးေအာင္က ေျပာသည္။
‘‘၂၀၁၃ က ေရးခဲ့တဲ့ စီမံ ကိန္းမွာ အခုႏွစ္ၾကာလာတာနဲ႔အ မွ် စီမံကိန္းမွာ ေပါင္းစပ္ပါ၀င္ဖို႔ တျခားအေျခအေနေတြျဖစ္လာ တယ္။ ဒါေၾကာင့္ ျပန္လည္ေရးဆဲြ ေနတာပါ’’ဟု ဦးတုိးေအာင္က ဆုိ  သည္။

သို႔ေသာ္ ၂၀၁၃ တြင္ ေရးဆဲြ ခဲ့သည့္ စီမံကိန္း၏ ေက်ာ႐ိုးမ်ား ျဖစ္သည့္ အစိမ္းေရာင္နယ္ေျမ မ်ားေဖာ္ထုတ္ျခင္း၊ ေရွးေဟာင္း အေဆာက္အအံုေနရာမ်ား ထိန္း သိမ္းျခင္းႏွင့္ စီးပြားေရးအခ်က္အ ခ်ာနယ္ေျမသစ္မ်ား ေဖာ္ထုတ္ ျခင္းတို႔ကိုမူ ယခင္က ေရးဆဲြခဲ့ သည့္အတုိင္း လုပ္ေဆာင္မည္ျဖစ္ ေၾကာင္း သိရသည္။

ယခု ျပန္လည္ေရးဆဲြမႈတြင္ ၿမိဳ႕ကို ၀န္းရံၿပီး ၿမိဳ႕သစ္စီမံကိန္း သစ္မ်ား ေဖာ္ထုတ္ရန္ အဓိက ထားေရးဆဲြမည္ျဖစ္ေၾကာင္း ဦးတိုးေအာင္က ေျပာသည္။

‘‘သန္လ်င္၊  ၾကည့္ျမင္တုိင္ တစ္ဖက္ကမ္း ေမွာ္ဘီလိုေနရာ ခုနစ္ေနရာကို ၿမိဳ႕သစ္စီမံကိန္း လုပ္ဖို႔ လ်ာထားၿပီးၿပီျဖစ္တဲ့အ တြက္ ဒါေတြကို အဓိကထားေရး ဆဲြမယ္’’ဟု ၎က ဆက္လက္ ေျပာၾကားသည္။
ထို႔ေနာက္ ဆက္လက္ၿပီး ဆိပ္ကမ္းနယ္ေျမမ်ားကို အဆင့္ ျမႇင့္ေဖာ္ထုတ္သြားရန္ႏွင့္ ပင္ လယ္ထြက္ေပါက္ေဒသအျဖစ္ ကြမ္းၿခံကုန္း ေကာ့မွဴးေဒသကို အဓိကအေျချပဳ၍ ေရးဆဲြမည္ျဖစ္ ေၾကာင္း သိရသည္။

၂၀၁၃ က ေရးဆဲြခဲ့သည့္ ရန္ကုန္ၿမိဳ႕ျပဖံြ႕ၿဖိဳးမႈ မဟာဗ်ဴဟာ စီမံကိန္းသည္ ဂ်ပန္အျပည္ျပည္ ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီႏွင့္ ပူးေပါင္းၿပီး သံုးလ ၾကာ ေရးဆဲြေသာ စီမံကိန္းတစ္ခု လည္းျဖစ္သည္။
အဆိုပါစီမံကိန္းသည့္ တိုး ပြားလာမည့္ လူဦးေရအတြက္ ရန္ကုန္ၿမိဳ႕တြင္လာမည့္ ၂၀၅၀ အထိ အသံုးျပဳႏုိင္ရန္ ရည္ရြယ္ေရး ဆဲြထားျခင္းျဖစ္သည္။
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
 Unicode Version
 ၂၀၁၃ တွင် ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိမြို့၏ အခြေ အနေနှင့် ကိုက်ညီစေရန်ပြန်လည် ပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

‘‘၂၀၁၃ က ရေးခဲ့တဲ့ စီမံ ကိန်းမှာ အခုနှစ်ကြာလာတာနဲ့အ မျှ စီမံကိန်းမှာ ပေါင်းစပ်ပါဝင်ဖို့ တခြားအခြေအနေတွေဖြစ်လာ တယ်။ ဒါကြောင့် ပြန်လည်ရေးဆွဲ နေတာပါ’’ဟု ဦးတိုးအောင်က ဆို  သည်။



သို့သော် ၂၀၁၃ တွင် ရေးဆွဲ ခဲ့သည့် စီမံကိန်း၏ ကျောရိုးများ ဖြစ်သည့် အစိမ်းရောင်နယ်မြေ များဖော်ထုတ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံနေရာများ ထိန်း သိမ်းခြင်းနှင့် စီးပွားရေးအချက်အ ချာနယ်မြေသစ်များ ဖော်ထုတ် ခြင်းတို့ကိုမူ ယခင်က ရေးဆွဲခဲ့ သည့်အတိုင်း လုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။



ယခု ပြန်လည်ရေးဆွဲမှုတွင် မြို့ကို ဝန်းရံပြီး မြို့သစ်စီမံကိန်း သစ်များ ဖော်ထုတ်ရန် အဓိက ထားရေးဆွဲမည်ဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။



‘‘သန်လျင်၊  ကြည့်မြင်တိုင် တစ်ဖက်ကမ်း မှော်ဘီလိုနေရာ ခုနစ်နေရာကို မြို့သစ်စီမံကိန်း လုပ်ဖို့ လျာထားပြီးပြီဖြစ်တဲ့အ တွက် ဒါတွေကို အဓိကထားရေး ဆွဲမယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ဆက်လက်ပြီး ဆိပ်ကမ်းနယ်မြေများကို အဆင့် မြှင့်ဖော်ထုတ်သွားရန်နှင့် ပင် လယ်ထွက်ပေါက်ဒေသအဖြစ် ကွမ်းခြံကုန်း ကော့မှူးဒေသကို အဓိကအခြေပြု၍ ရေးဆွဲမည်ဖြစ် ကြောင်း သိရသည်။



၂၀၁၃ က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းသည် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းပြီး သုံးလ ကြာ ရေးဆွဲသော စီမံကိန်းတစ်ခု လည်းဖြစ်သည်။

အဆိုပါစီမံကိန်းသည့် တိုး ပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့တွင်လာမည့် ၂၀၅၀ အထိ အသုံးပြုနိုင်ရန် ရည်ရွယ်ရေး ဆွဲထားခြင်းဖြစ်သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top