Property Expo
×

 မ်က္လံုးမထိခုိက္ဘူးလို႔ ထင္ထားၾကတဲ့ အခ်ိဳ႕အေလ့အက်င့္ေတြက သင့္ရဲ႕မ်က္လံုးကို ပိုၿပီးပ်က္စီးေစပါတယ္။
မ်က္မွန္မတပ္ရေသးတဲ့ လူတစ္ေယာက္က အျခားသူရဲ႕ မ်က္မွန္ကို ေခတၱယူတပ္ၾကည့္တာမ်ိဳး၊ တီဗီြမ်က္ႏွာျပင္ကို အနီးကပ္ ၾကည့္တာမ်ိဳးေတြဟာ မ်က္လံုပ်က္စီးေစတယ္လို႔ အမ်ားစုက ယံုၾကည့္ၾကပါတယ္။

ဒါေပမဲ့ မ်က္လံုးဆရာဝန္ေတြ၊ သုေတသီေတြရဲ႕ အဆိုအရ လူအမ်ားစု ယံုၾကည္ထားတဲ့ နည္းလမ္းေတြဟာ မ်က္လံုးထိခိုက္မႈ သိပ္မျဖစ္ေစဘဲ လူအမ်ားစု သတိမထားမိတဲ့ နည္းလမ္းေတြကသာ မ်က္လံုးထိခိုက္မႈကို ပိုျဖစ္ေစတာလို႔ ဆိုပါတယ္။

၁။ အနီးကပ္ၾကည့္ျခင္း

တီဗီြ၊ ကြန္ပ်ဴတာနဲ႔ ဖုန္းမ်က္ႏွာျပင္ေတြကို နီးကပ္စြာ ၾကည့္ျခင္းထက္ အနားမေပးဘဲ ေတာက္ေလွ်ာက္စိုက္ၾကည့္ျခင္းက ပိုၿပီးမ်က္လံုးပ်က္စီးေစပါတယ္။

၂။ ညစ္ပတ္ျခင္း

တစ္ေန႔လံုး လိမ္းထားတဲ့ မိတ္ကပ္ေတြကိုမဖ်က္ဘဲ ညအိပ္တာ၊ မ်က္ႏွာမသစ္တာ၊ ညစ္ပတ္တဲ့လက္နဲ႔ မ်က္လံုးကို ပြတ္တာေတြဟာလည္း အႏၱရာယ္ရွိပါတယ္။

၃။ ေနပူထဲထြက္တာ

ေနကာမ်က္မွန္ဟာ ဖက္ရွင္သက္သက္မဟုတ္ပါဘူး။ ေနပူထဲထြက္သူတိုင္း ထီးပါခဲ့မယ္ဆိုရင္ေတာင္ ေနကာမ်က္မွန္ ေဆာင္သင့္ပါတယ္။ ခရမ္းလြန္ေရာင္ျခည္ဟာ မ်က္လံုးရဲ႕ ရန္သူလို႔ ဆိုႏိုင္ပါတယ္။

၄။ ေဆးလိပ္နဲ႔ အရက္

၇၀ ရာခိုင္ႏႈန္းေသာ မ်က္စိဆရာဝန္ေတြကေတာ့ မ်က္လံုးက်န္းမာေရးအတြက္ မေကာင္းဘူးလို႔ ယံုၾကည္ၾကပါတယ္။ အရက္ေသာက္ၿပီး က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ မစားတာလည္း မ်က္လံုးကို ထိခိုက္ေစပါတယ္။

ဘာေတြစားသင့္လဲ

ဘလူးဘယ္ရီသီးေတြ၊ ငါးႀကီးဆီနဲ႔ အစိမ္းေရာင္ အသီးအ႐ြက္ေတြဟာ မ်က္လံုးက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

 မျက်လုံးမထိခိုက်ဘူးလို့ ထင်ထားကြတဲ့ အချို့အလေ့အကျင့်တွေက သင့်ရဲ့မျက်လုံးကို ပိုပြီးပျက်စီးစေပါတယ်။
မျက်မှန်မတပ်ရသေးတဲ့ လူတစ်ယောက်က အခြားသူရဲ့ မျက်မှန်ကို ခေတ္တယူတပ်ကြည့်တာမျိုး၊ တီဗွီမျက်နှာပြင်ကို အနီးကပ် ကြည့်တာမျိုးတွေဟာ မျက်လုံပျက်စီးစေတယ်လို့ အများစုက ယုံကြည့်ကြပါတယ်။

ဒါပေမဲ့ မျက်လုံးဆရာဝန်တွေ၊ သုတေသီတွေရဲ့ အဆိုအရ လူအများစု ယုံကြည်ထားတဲ့ နည်းလမ်းတွေဟာ မျက်လုံးထိခိုက်မှု သိပ်မဖြစ်စေဘဲ လူအများစု သတိမထားမိတဲ့ နည်းလမ်းတွေကသာ မျက်လုံးထိခိုက်မှုကို ပိုဖြစ်စေတာလို့ ဆိုပါတယ်။

၁။ အနီးကပ်ကြည့်ခြင်း

တီဗွီ၊ ကွန်ပျူတာနဲ့ ဖုန်းမျက်နှာပြင်တွေကို နီးကပ်စွာ ကြည့်ခြင်းထက် အနားမပေးဘဲ တောက်လျှောက်စိုက်ကြည့်ခြင်းက ပိုပြီးမျက်လုံးပျက်စီးစေပါတယ်။

၂။ ညစ်ပတ်ခြင်း

တစ်နေ့လုံး လိမ်းထားတဲ့ မိတ်ကပ်တွေကိုမဖျက်ဘဲ ညအိပ်တာ၊ မျက်နှာမသစ်တာ၊ ညစ်ပတ်တဲ့လက်နဲ့ မျက်လုံးကို ပွတ်တာတွေဟာလည်း အန္တရာယ်ရှိပါတယ်။

၃။ နေပူထဲထွက်တာ

နေကာမျက်မှန်ဟာ ဖက်ရှင်သက်သက်မဟုတ်ပါဘူး။ နေပူထဲထွက်သူတိုင်း ထီးပါခဲ့မယ်ဆိုရင်တောင် နေကာမျက်မှန် ဆောင်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ မျက်လုံးရဲ့ ရန်သူလို့ ဆိုနိုင်ပါတယ်။

၄။ ဆေးလိပ်နဲ့ အရက်

၇၀ ရာခိုင်နှုန်းသော မျက်စိဆရာဝန်တွေကတော့ မျက်လုံးကျန်းမာရေးအတွက် မကောင်းဘူးလို့ ယုံကြည်ကြပါတယ်။ အရက်သောက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားတာလည်း မျက်လုံးကို ထိခိုက်စေပါတယ်။

ဘာတွေစားသင့်လဲ

ဘလူးဘယ်ရီသီးတွေ၊ ငါးကြီးဆီနဲ့ အစိမ်းရောင် အသီးအရွက်တွေဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top