Kantharyar Centre
×

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ တြင္ ယေန႔နံနက္ပိုင္းက စက္ေလွ နစ္ျမဳပ္မႈတစ္ခု ျဖစ္ပြားခဲ့သျဖင့္ ေလွေပၚတြင္ ပါလာသူမ်ား အနက္ အမ်ိဳးသမီးေျခာက္ဦး ေသဆုံး ခဲ့ေၾကာင္း သိရသည္။

အဆိုပါ စက္ေလွသည္ ေတာင္ကုတ္ၿမိဳ႕မွ ရမ္းၿဗဲၿမိဳ႕နယ္ စကု ေက်းရြာသို႔ထြက္ခြာစဥ္ နစ္ျမဳပ္ခဲ့ျခင္း ျဖစ္ၿပီး ေတာင္ကုတ္ၿမိဳ႕မွ ထြက္ခြာ ခ်ိန္တြင္ စက္ေလွေပၚ၌ လိုက္ပါ စီးနင္းသူႏွင့္ ကုန္စည္အေရအတြက္ မ်ားျပားေနသည့္အတြက္ ပင္လယ္ဝ အေရာက္တြင္ လႈိင္းဒဏ္ေၾကာင့္ နစ္ျမဳပ္သြားျခင္းျဖစ္ေၾကာင္း အခင္း ျဖစ္ပြားရာသို႔ သြားေရာက္ကူညီခဲ့သည့္ ေတာင္ကုတ္ၿမိဳ႕ခံ ဦးစန္းေငြက ေျပာသည္။

''နစ္ျမဳပ္မႈ ျဖစ္ပြားတဲ့ စက္ေလွက ေသးေသးေလးပါ။ စက္ေလွေပၚမွာ ကုန္ေတြလည္းအမ်ားႀကီးတင္သြားတဲ့ အတြက္ အိုဗာဝိတ္ ျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ပင္လယ္ျပင္ကို ထြက္တဲ့ အခ်ိန္မွာ လႈိင္းဒဏ္မခံႏိုင္တဲ့အတြက္ နစ္ျမဳပ္သြားတာ ျဖစ္ပါတယ္။ ေလွနစ္ တဲ့အခ်ိန္မွာ အမ်ဳိးသားတစ္ဦးက အနီးဆုံးကမ္းကို ကူးႏိုင္ခဲ့ၿပီး အနား မွာ ရွိတဲ့ ရြာကိုအကူအညီေတာင္းႏိုင္ ခဲ့တဲ့အတြက္ ရြာက စက္ေလွေတြက ထြက္ၿပီးကူညီခဲ့တာေၾကာင့္ ေတာ္ေတာ္မ်ားမ်ား အသက္ရွင္ခဲ့ပါတယ္''ဟု ၄င္းက ေျပာသည္။

နစ္ျမဳပ္မႈ ျဖစ္ပြားခဲ့သည့္ စက္ေလွ ေပၚတြင္ အမ်ိဳးသားကုိးဦး၊ အမ်ဳိးသမီး ၁ဝ ဦး လိုက္ပါသြားျခင္းျဖစ္ၿပီး အမ်ဳိး သမီး ေျခာက္ဦးေသဆုံးခဲ့ကာ က်န္ လူမ်ားမွာ အသက္ရွင္ေၾကာင္း ေတာင္ကုတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းမွ သိရသည္။

စက္ေလွနစ္ျမဳပ္မႈ ျဖစ္ပြားၿပီး ေနာက္တြင္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ခဲ့ရာ အမ်ဳိးသမီး သုံးဦး၏ ႐ုပ္အေလာင္းကိုရွာေဖြေတြ႕ရွိခဲ့ေသာ္လည္း က်န္ အမ်ဳိးသမီး သုံးဦး၏ ႐ုပ္အေလာင္း မ်ားကိုမူ ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily

#Unicode Version
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တွင် ယနေ့နံနက်ပိုင်းက စက်လှေ နစ်မြုပ်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် လှေပေါ်တွင် ပါလာသူများ အနက် အမျိုးသမီးခြောက်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေသည် တောင်ကုတ်မြို့မှ ရမ်းဗြဲမြို့နယ် စကု ကျေးရွာသို့ထွက်ခွာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကုတ်မြို့မှ ထွက်ခွာ ချိန်တွင် စက်လှေပေါ်၌ လိုက်ပါ စီးနင်းသူနှင့် ကုန်စည်အရေအတွက် များပြားနေသည့်အတွက် ပင်လယ်ဝ အရောက်တွင် လှိုင်းဒဏ်ကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း အခင်း ဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သည့် တောင်ကုတ်မြို့ခံ ဦးစန်းငွေက ပြောသည်။

''နစ်မြုပ်မှု ဖြစ်ပွားတဲ့ စက်လှေက သေးသေးလေးပါ။ စက်လှေပေါ်မှာ ကုန်တွေလည်းအများကြီးတင်သွားတဲ့ အတွက် အိုဗာဝိတ် ဖြစ်နေပါတယ်။ အဲဒါကြောင့်ပင်လယ်ပြင်ကို ထွက်တဲ့ အချိန်မှာ လှိုင်းဒဏ်မခံနိုင်တဲ့အတွက် နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ လှေနစ် တဲ့အချိန်မှာ အမျိုးသားတစ်ဦးက အနီးဆုံးကမ်းကို ကူးနိုင်ခဲ့ပြီး အနား မှာ ရှိတဲ့ ရွာကိုအကူအညီတောင်းနိုင် ခဲ့တဲ့အတွက် ရွာက စက်လှေတွေက ထွက်ပြီးကူညီခဲ့တာကြောင့် တော်တော်များများ အသက်ရှင်ခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။

နစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် စက်လှေ ပေါ်တွင် အမျိုးသားကိုးဦး၊ အမျိုးသမီး ၁ဝ ဦး လိုက်ပါသွားခြင်းဖြစ်ပြီး အမျိုး သမီး ခြောက်ဦးသေဆုံးခဲ့ကာ ကျန် လူများမှာ အသက်ရှင်ကြောင်း တောင်ကုတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

စက်လှေနစ်မြုပ်မှု ဖြစ်ပွားပြီး နောက်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်း များကိုမူ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top