Kantharyar Centre
×

‘‘အတက္ေရာဂါရွိတဲ့ အမ်ိဳး သမီးေတြဟာလည္း အိမ္ေထာင္ ျပဳႏိုင္တယ္။ သားသမီးလည္း ယူ လို႔ရတယ္။ ဒါေပမဲ့ ေသာက္ေနတဲ့ အတက္ရပ္ေဆးတခ်ိဳ႕က သေႏၶ သားကို အႏၲရာယ္ျဖစ္ေစတတ္လို႔ ဆရာ၀န္နဲ႔ တိုင္ပင္ၿပီးမွ ယူသင့္ တယ္’’ဟု ၎ကဆိုသည္။

ကိုယ္၀န္ေဆာင္ေနစဥ္ဆရာ ၀န္ၫႊန္ၾကားထားသည့္ မူလ ေသာက္လက္စ အတက္ေရာဂါ ကုေဆးမ်ားကို မိမိသေဘာျဖင့္ ရပ္လိုက္ျခင္းမ်ိဳး မျပဳလုပ္သင့္ ေၾကာင္းသိရသည္။

ကိုယ္၀န္ေဆာင္စဥ္အတက္ ေရာဂါကို မထိန္းထားႏိုင္ပါက ကေလးပ်က္က်ျခင္း၊ လမေစ့ဘဲ ကေလးေမြးဖြားျခင္း၊ ကေလးအေသေမြးဖြားျခင္းမ်ား ျဖစ္တတ္သျဖင့္ ဆရာ၀န္ ၫႊန္ၾကားသည့္အတိုင္း အတက္ရပ္ေဆး ေသာက္သံုးရန္ လိုအပ္သည္ဟု အေထြေထြေရာ ဂါကု ဆရာ၀န္ေဒါက္တာတင့္ေဆြ ကဆိုသည္။ ထို႔အျပင္ အတက္ေရာဂါကုေဆးမ်ားျဖင့္ ကုသမႈခံယူေနေသာ ႏို႔တိုက္မိခင္သည္ ရင္ေသြးကို ႏို႔တိုက္ေကြၽးႏိုင္ၿပီးအတက္ က်ေဆးေသာက္ေနေသာမိခင္၏ ႏို႔ရည္သည္ ႏို႔စို႔ကေလးအတြက္ အႏၲရာယ္မျဖစ္ေစႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ အတက္ေရာဂါ စီမံခ်က္၏က်န္းမာေရးသတိေပးခ်က္တြင္ ေဖာ္ျပထားသည္။

အတက္ေရာဂါသည္ လူ ႀကီး၊ လူငယ္မေရြး ျဖစ္ပြားႏိုင္ၿပီး ကမၻာေပၚတြင္ ယင္းေရာဂါခံစားရ သူ သန္း ၅၀ ခန္႔ရွိကာ ျမန္မာႏိုင္ ငံတြင္ လူ ၁၀၀၀ လွ်င္ တစ္ဦး ႏႈန္းျဖစ္ပြားလ်က္ရွိသည္ဟု က်န္း မာေရးႏွင့္ အားကစား၀န္ႀကီး ဌာနမွ သိရသည္။

အတက္ေရာဂါရွိသူ အ မ်ိဳးသမီးမ်ားအေနျဖင့္ သားသမီး ယူလိုလွ်င္ျဖစ္ေစ၊ ကိုယ္၀န္ရ လာလွ်င္ျဖစ္ေစ တတ္ကြၽမ္းနား လည္သည့္ ဆရာ၀န္ႏွင့္ ျပသတိုင္ ပင္ရန္လိုအပ္ေၾကာင္း ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီး ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာေဆးကုဌာန သမား ေတာ္ႀကီး တြဲဖက္ပါေမာကၡေဒါက္ တာ စစ္ဦးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အတက်ရောဂါရှိသူ အ မျိုးသမီးများအနေဖြင့် သားသမီး ယူလိုလျှင်ဖြစ်စေ၊ ကိုယ်ဝန်ရ လာလျှင်ဖြစ်စေ တတ်ကျွမ်းနား လည်သည့် ဆရာဝန်နှင့် ပြသတိုင် ပင်ရန်လိုအပ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန သမား တော်ကြီး တွဲဖက်ပါမောက္ခဒေါက် တာ စစ်ဦးကပြောသည်။

‘‘အတက်ရောဂါရှိတဲ့ အမျိုး သမီးတွေဟာလည်း အိမ်ထောင် ပြုနိုင်တယ်။ သားသမီးလည်း ယူ လို့ရတယ်။ ဒါပေမဲ့ သောက်နေတဲ့ အတက်ရပ်ဆေးတချို့က သန္ဓေ သားကို အန္တရာယ်ဖြစ်စေတတ်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ယူသင့် တယ်’’ဟု ၎င်းကဆိုသည်။

ကိုယ်ဝန်ဆောင်နေစဉ်ဆရာ ဝန်ညွှန်ကြားထားသည့် မူလ သောက်လက်စ အတက်ရောဂါ ကုဆေးများကို မိမိသဘောဖြင့် ရပ်လိုက်ခြင်းမျိုး မပြုလုပ်သင့် ကြောင်းသိရသည်။

ကိုယ်ဝန်ဆောင်စဉ်အတက် ရောဂါကို မထိန်းထားနိုင်ပါက ကလေးပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ ကလေးအသေမွေးဖွားခြင်းများ ဖြစ်တတ်သဖြင့် ဆရာဝန် ညွှန်ကြားသည့်အတိုင်း အတက်ရပ်ဆေး သောက်သုံးရန် လိုအပ်သည်ဟု အထွေထွေရော ဂါကု ဆရာဝန်ဒေါက်တာတင့်ဆွေ ကဆိုသည်။ ထို့အပြင် အတက်ရောဂါကုဆေးများဖြင့် ကုသမှုခံယူနေသော နို့တိုက်မိခင်သည် ရင်သွေးကို နို့တိုက်ကျွေးနိုင်ပြီးအတက် ကျဆေးသောက်နေသောမိခင်၏ နို့ရည်သည် နို့စို့ကလေးအတွက် အန္တရာယ်မဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်၏ကျန်းမာရေးသတိပေးချက်တွင် ဖော်ပြထားသည်။

အတက်ရောဂါသည် လူ ကြီး၊ လူငယ်မရွေး ဖြစ်ပွားနိုင်ပြီး ကမ္ဘာပေါ်တွင် ယင်းရောဂါခံစားရ သူ သန်း ၅၀ ခန့်ရှိကာ မြန်မာနိုင် ငံတွင် လူ ၁၀၀၀ လျှင် တစ်ဦး နှုန်းဖြစ်ပွားလျက်ရှိသည်ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top