Property Expo
×






Credit : Duwun


#Unicode Version

ဆွစ်ဇာလန်မြောက်ပိုင်းရှိ ရှက်ဆူဆန်မြို့က မိခင်တစ်ဦးဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကလပ်ထဲကို ဝင်နေချိန်မှာ ရပ်ထားတဲ့ ကားထဲမှာ ပိတ်ထားခံရတဲ့ ကလေးငယ်လေးကို ဆွစ်ရဲတပ်ဖွဲ့က တွေ့ရှိပြီး ကားကို ဖွင့်ပေးဖို့ ကြိုါ်စားခဲ့ပါတယ်။

ကလးငယ်လေးဟာ ကားထဲမှာ အော်ဟစ်နေတာကို ဖြတ်သွားဖြတ်လာတွေ ကြားရပြီး ကလေးက ကားထဲမှာ ပိတ်မိနေတာကို သိရှိခဲ့တာ ဖြစ်ပါတယ်။

ကလေးရဲ့ အုပ်ထိန်းသူတစ်စုံတစ်ယောက်မှ ရှာမတွေ့တဲ့အတွက် သူတို့က ရဲကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေရောက်လာချိန်မှာ ကားတံခါးကို ဖွင့်ပေးနိုင်ဖို့အတွက် ကားပြင်ဆရာကို ချက်ချင်းခေါ်လိုက်ပါတယ်။ ကားပြင်ဆရာ ရောက်လာခါနီး နောက်မိနစ် ၂၀ အကြာမှာမှ မိခင်ဖြစ်သူ ရောက်လာပါတယ်။

အသက် ၂၅ နှစ်အရွယ် မိခင်ဟာ "အများပြည်သူရှေ့မှာ မိမိကလေးကို စောင့်ရှောက်ရမယ့်တာဝန် ပျက်ကွက်မှု" နဲ့ တရားရင်ဆိုင်ရလိမ့်မယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top