Property Expo
×







Credit:7Day Daily

#Unicode Version
ယခုလအတွင်း ကစားခဲ့ သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရရှိခဲ့သော နိုင်ပွဲများကြောင့် ဘရာဇီးအသင်းသည် ဖီဖာ အ ဆင့်သတ်မှတ်ချက်တွင် နံပါတ် ၉ နေရာမှ နံပါတ် ၄ နေရာသို့ ခုန်တက်သွားသည်။

ဘရာဇီးအသင်းသည် အီ ကွေဒေါနှင့် ကိုလံဘီယာတို့ကို အနိုင်ရရှိခဲ့ပြီးနောက် ထိပ်ဆုံး အသင်း ၂၀ တွင် အဆင့်အများ ဆုံးခုန်တက်သော အသင်းဖြစ် လာသည်။

အာဂျင်တီးနားဦးဆောင် သော ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင် ဘယ်လ်ဂျီယံက နံပါတ် ၂ နေရာ၌ရှိကာ တစ်ဆင့်တက် လာသော ဂျာမနီက နံပါတ် ၃ နေရာတွင် ရပ်တည်နေသည်။

စပိန်၊ အင်္ဂလန်နှင့် အီတလီ တို့က ၁၁၊ ၁၂၊ ၁၃ နေရာများ သိမ်းပိုက်ထားကာ ယူရိုပြိုင်ပွဲ အကြိုဗိုလ်လုပွဲရောက် ဝေးလ်စ်  အသင်းက ထိပ်သီး ၁၀ သင်းတွင် ပါဝင်သည်။

ကွန်ကာကပ်ဇုန်တွင် မက္က ဆီကိုက နံပါတ် ၁၅၊ ကော်စတာ ရီကာက နံပါတ် ၁၈ ၊ အမေရိ ကန်က နံပါတ် ၂၂ နေရာရရှိထား သည်။

အာဖရိကတွင် အိုင်ဗရီကို့စ်  အမြင့်ဆုံးနံပါတ် ၃၄ နေရာရရှိ ကာ အာရှတွင် အီရန်က နံပါတ် ၃၇ နေရာဖြင့် အမြင့်ဆုံးရပ်တည် နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top