Property Expo
×




Credit : Duwun


#Unicode Version


တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်ထဲမှာ ကလေး အယောက် ၂၀ ကို တင်ဆောင်လာတဲ့ ကျောင်းကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဘတ်စ်ကားဟာ မီးလောင်မှုကြီးကြီးမားမား ဖြစ်ခဲ့သည့်တိုင်အောင် ကလေးတွေအားလုံး ဘေးကင်းလုံခြုံခဲ့ရတာကတော့ ယာဉ်မောင်း အမျိုးသမီးကြောင့်ပါပဲ။

Glen Arden Woods မူကြိုကျောင်းကားဟာ မောင်းနှင်လာရင်းနဲ့ မီးထလောင်ခဲ့တာပါ။ ယာဉ်မောင်းအမျိုးသမီးက ကလေးတွေကို မီးတောက်တွေကြားထဲကနေ တစ်ယောက်ပြီးတစ်ယောက် ကယ်ထုတ်နိုင်ခဲ့လို့ ကလေးမိဘတွေနဲ့ လူတွေက သူမကို ချီးကျူးနေကြပါတယ်။

သူမကိုယ်တိုင်က ကလေးနှစ်ယောက်မိခင်ဖြစ်တာကြောင့် ဒါဟာ (ကလေးတွေကိုကယ်တင်ခြင်းက) သူမရဲ့အလုပ်ပါပဲလို့ ယာဉ်မောင်းအမျိုးသမီးက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top