Property Expo
×

 ဝိုင္နီကို အစာေခ်ဖ်က္မႈ အေထာက္အကူျပဳေစရန္ ေသာ္လည္းေကာင္း စြမ္းအင္ကုန္ဆံုးျခင္းႏွင့္ ဝမ္းေလွ်ာျခင္းတုိ႔အျပင္အျခားေသာနာမက်န္းျဖစ္မႈမ်ားစြာအတြက္ ကုသရန္ေသာ္လည္းေကာင္း က်န္းမာေရးႏွင့္ ဆက္စပ္ျပႆနာအမ်ိဳးမ်ိဳးအတြက္ ေသာက္သံုးရန္ က်န္းမာေရးကြၽမ္းက်င္သူမ်ားက လမ္းၫႊန္ေလ့ရွိသည္။

ျပင္သစ္ႏုိင္ငံသားမ်ား၏ ပံုမွန္အစားအေသာက္မ်ားတြင္ ဝိုင္နီ လည္းပါဝင္ေသာေၾကာင့္ ၎တို႔က်န္းမာျခင္းျဖစ္ေၾကာင္း သုေတသနျပဳမႈမ်ားစြာက ေဖာ္ျပသည္။ ဝိုင္နီတစ္ခြက္ေသာက္ျခင္းျဖင့္ ရရွိႏုိင္မည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပေပးလုိက္ပါသည္။

ဝိုင္တြင္ ႏွလံုးေသြးေၾကာမ်ားထဲ မလိုလားအပ္သည့္အဆီမ်ားစုေဝးမႈကို ေလွ်ာ့ခ်ေပးႏုိင္သည့္ အားအေကာင္းဆံုးဓာတ္တိုးဆန္႔က်င္ျဒပ္ေပါင္းတစ္မ်ိဳးပါဝင္သည္။ ဝိုင္နီတြင္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ကို ကာကြယ္ေပးသည့္ျဒပ္ေပါင္းမ်ားလည္း ပါဝင္သည္။ သို႔ေသာ္ ဝိုင္ကို အတန္အသင့္သာေသာက္သံုးသင့္ပါသည္။ ဝိုင္နီကို အတန္အသင့္ ေသာက္သံုးပါက ေကာင္းေသာကိုလက္စထေရာ တစ္မ်ိဳးျဖစ္သည့္ HDL ကိုလက္စထေရာကို ျမႇင့္တင္ေပးသည္။

ဝိုင္နီေသာက္ျခင္းျဖင့္ သြားမ်ားပ်က္စီးမႈႏွင့္ ဘက္တီးရီးယားမ်ား ေပါက္ဖြားမႈကိုကာကြယ္ေပးႏုိင္သည္။ သြားဖံုးေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးၿပီး သြားဖံုးေရာဂါမ်ားကိုလည္း ကာကြယ္ေပးသည္။

ဝိုင္နီတြင္ ႏွစ္ၿခိဳက္စြာအိပ္စက္ႏုိင္ရန္ အေထာက္အကူျပဳသည့္ ဟိုမုန္းလည္းပါဝင္သည္။ သို႔ေသာ္ အၿမဲတမ္းအတြက္ မဆိုလိုပါ။ အကယ္၍ အိပ္မေပ်ာ္ျခင္း ၾကာရွည္ပါက ဆရာဝန္ႏွင့္ တုိင္ပင္သင့္ပါသည္။ ဝိုင္နီေသာက္ျခင္းျဖင့္ အသက္ပိုရွည္ႏုိင္သည္ဟု သိပၸံပညာရွင္မ်ားက ယံုၾကည္ထားသည္။ အယ္လ္ဇိုင္းမား (ဇရာႀကိဳေရာဂါ)ႏွင့္ အသိဉာဏ္ဆိုင္ရာပ်က္စီးမႈေရာဂါကိုလည္း ကာကြယ္ေပးသည္။

ဝိုင္နီတြင္ပါဝင္ေသာ ဇီဝျဒပ္ေပါင္းတစ္မ်ိဳးက ကိုယ္ကာယစြမ္း ေဆာင္ရည္ကိုတိုးတက္ေစၿပီး ႏွလံုးလုပ္ေဆာင္ခ်က္ကို အားေကာင္း ေစကာ ႂကြက္သားမ်ားကို ပိုမိုသန္မာလာေစေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိထားသည္။ သို႔ေသာ္ တန္ေဆးလြန္ေဘးဆိုေသာဆုိ႐ိုးစကားအတိုင္း ဝိုင္နီကို အတန္အသင့္သာေသာက္သံုးသင့္ေၾကာင္း က်န္းမာေရးကြၽမ္းက်င္သူမ်ားက လမ္းၫႊန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 ဝိုင်နီကို အစာချေဖျက်မှု အထောက်အကူပြုစေရန် သော်လည်းကောင်း စွမ်းအင်ကုန်ဆုံးခြင်းနှင့် ဝမ်းလျှောခြင်းတို့အပြင်အခြားသောနာမကျန်းဖြစ်မှုများစွာအတွက် ကုသရန်သော်လည်းကောင်း ကျန်းမာရေးနှင့် ဆက်စပ်ပြဿနာအမျိုးမျိုးအတွက် သောက်သုံးရန် ကျန်းမာရေးကျွမ်းကျင်သူများက လမ်းညွှန်လေ့ရှိသည်။

ပြင်သစ်နိုင်ငံသားများ၏ ပုံမှန်အစားအသောက်များတွင် ဝိုင်နီ လည်းပါဝင်သောကြောင့် ၎င်းတို့ကျန်းမာခြင်းဖြစ်ကြောင်း သုတေသနပြုမှုများစွာက ဖော်ပြသည်။ ဝိုင်နီတစ်ခွက်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ဝိုင်တွင် နှလုံးသွေးကြောများထဲ မလိုလားအပ်သည့်အဆီများစုဝေးမှုကို လျှော့ချပေးနိုင်သည့် အားအကောင်းဆုံးဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတစ်မျိုးပါဝင်သည်။ ဝိုင်နီတွင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ကို ကာကွယ်ပေးသည့်ဒြပ်ပေါင်းများလည်း ပါဝင်သည်။ သို့သော် ဝိုင်ကို အတန်အသင့်သာသောက်သုံးသင့်ပါသည်။ ဝိုင်နီကို အတန်အသင့် သောက်သုံးပါက ကောင်းသောကိုလက်စထရော တစ်မျိုးဖြစ်သည့် HDL ကိုလက်စထရောကို မြှင့်တင်ပေးသည်။

ဝိုင်နီသောက်ခြင်းဖြင့် သွားများပျက်စီးမှုနှင့် ဘက်တီးရီးယားများ ပေါက်ဖွားမှုကိုကာကွယ်ပေးနိုင်သည်။ သွားဖုံးရောင်ရမ်းမှုကို လျှော့ချပေးပြီး သွားဖုံးရောဂါများကိုလည်း ကာကွယ်ပေးသည်။

ဝိုင်နီတွင် နှစ်ခြိုက်စွာအိပ်စက်နိုင်ရန် အထောက်အကူပြုသည့် ဟိုမုန်းလည်းပါဝင်သည်။ သို့သော် အမြဲတမ်းအတွက် မဆိုလိုပါ။ အကယ်၍ အိပ်မပျော်ခြင်း ကြာရှည်ပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ဝိုင်နီသောက်ခြင်းဖြင့် အသက်ပိုရှည်နိုင်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားသည်။ အယ်လ်ဇိုင်းမား (ဇရာကြိုရောဂါ)နှင့် အသိဉာဏ်ဆိုင်ရာပျက်စီးမှုရောဂါကိုလည်း ကာကွယ်ပေးသည်။

ဝိုင်နီတွင်ပါဝင်သော ဇီဝဒြပ်ပေါင်းတစ်မျိုးက ကိုယ်ကာယစွမ်း ဆောင်ရည်ကိုတိုးတက်စေပြီး နှလုံးလုပ်ဆောင်ချက်ကို အားကောင်း စေကာ ကြွက်သားများကို ပိုမိုသန်မာလာစေကြောင်း သုတေသီများက လေ့လာတွေ့ရှိထားသည်။ သို့သော် တန်ဆေးလွန်ဘေးဆိုသောဆိုရိုးစကားအတိုင်း ဝိုင်နီကို အတန်အသင့်သာသောက်သုံးသင့်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top