Royal Maung Bamar Residence
×

စပါးအသင္းႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ေနာက္တြင္ ေနာက္ခံလူ ဒန္နီရို႕စ္က လန္ဒန္အေျခစိုက္ ကလပ္အသင္းတြင္ အသက္အရြယ္ ႀကီးရင့္သြားသည့္အရြယ္အထိ ကစားသြားမည္ဟု ေျပာဆိုလိုက္သည္။

စပါးအသင္းသည္ ေနာက္ခံလူ ဒန္နီရုိ႕စ္ကို ငါးႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္စာခ်ဳပ္သစ္အရ ရုိ႕စ္သည္ စပါးတြင္ ၂၀၂၁ ခုႏွစ္အထိ ဆက္ရွိေနမည္ ျဖစ္သည္။

စပါးအသင္းသည္ အဲရစ္ဆင္၊ အယ္လီဒယ္လီႏွင့္ ဒီယာတို႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ဒန္နီရုိ႕စ္ကို ဆက္လက္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္း ျဖစ္သည္။

‘စပါးအသင္းက မွန္ကန္တဲ့ ဦးတည္ခ်က္ လမ္းေၾကာင္းနဲ႔ ေရွ႕ဆက္ေနတယ္ဆိုတာ အားလုံးသိပါတယ္။ ကၽြန္ေတာ္ အလြန္ပဲ ေက်နပ္ေပ်ာ္ရႊင္မိပါတယ္။ အသက္အရြယ္ အိုမင္းသြားတဲ့အထိ စပါးအသင္းမွာ ကစားသြားမွာပါ’ ဟု အသက္ ၂၆ ႏွစ္အရြယ္ရွိ အဂၤလန္ လက္ေရြးစင္ကစားသမားက ေျပာဆိုသြားခဲ့သည္။

လိဒ္ယူႏိုက္တက္ လူငယ္အသင္းက ေပၚထြက္လာခဲ့ၿပီး ၂၀၀၇ ခုႏွစ္က စပါးအသင္းသို႔ ေရာက္ရွိခဲ့သည့္ ဒန္နီရို႕စ္သည္ ၀က္ဖု႔ိဒ္၊ ပီတာဘေရာ့၊ ဘရစၥတိုးႏွင့္ ဆန္းဒါးလန္းအသင္းတို႔တြင္ အငွားသြားေရာက္ကစားခဲ့ရၿပီး ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းတြင္မွ စပါးတြင္ ေနရာရလာခဲ့သူ ျဖစ္သည္။

လက္ရွိတြင္ စပါးအသင္းအတြက္ ၁၂၆ ပြဲကစားေပးထားၿပီး ၉ ဂိုးသြင္းယူေပးထားသူ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

စပါးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီး နောက်တွင် နောက်ခံလူ ဒန်နီရို့စ်က လန်ဒန်အခြေစိုက် ကလပ်အသင်းတွင် အသက်အရွယ် ကြီးရင့်သွားသည့်အရွယ်အထိ ကစားသွားမည်ဟု ပြောဆိုလိုက်သည်။

စပါးအသင်းသည် နောက်ခံလူ ဒန်နီရို့စ်ကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်စာချုပ်သစ်အရ ရို့စ်သည် စပါးတွင် ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေမည် ဖြစ်သည်။

စပါးအသင်းသည် အဲရစ်ဆင်၊ အယ်လီဒယ်လီနှင့် ဒီယာတို့ကို စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ဒန်နီရို့စ်ကို ဆက်လက်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

‘စပါးအသင်းက မှန်ကန်တဲ့ ဦးတည်ချက် လမ်းကြောင်းနဲ့ ရှေ့ဆက်နေတယ်ဆိုတာ အားလုံးသိပါတယ်။ ကျွန်တော် အလွန်ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ အသက်အရွယ် အိုမင်းသွားတဲ့အထိ စပါးအသင်းမှာ ကစားသွားမှာပါ’ ဟု အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ကစားသမားက ပြောဆိုသွားခဲ့သည်။

လိဒ်ယူနိုက်တက် လူငယ်အသင်းက ပေါ်ထွက်လာခဲ့ပြီး ၂၀၀၇ ခုနှစ်က စပါးအသင်းသို့ ရောက်ရှိခဲ့သည့် ဒန်နီရို့စ်သည် ဝက်ဖု့ိဒ်၊ ပီတာဘရော့၊ ဘရစ္စတိုးနှင့် ဆန်းဒါးလန်းအသင်းတို့တွင် အငှားသွားရောက်ကစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင်မှ စပါးတွင် နေရာရလာခဲ့သူ ဖြစ်သည်။

လက်ရှိတွင် စပါးအသင်းအတွက် ၁၂၆ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top