Property Expo
×

ရန္ကုန္တုိင္း ေဒသၾကီး တြံေတြးျမဳိ  ့နယ္ ပိတ္ဆြယ္ေက်းရြာ၌ ေနအိမ္တြင္ တစ္ေယာက္ထဲ႐ွိေနသည့္ အသက္ ၇၇ႏွစ္အရြယ္ အဖြားအိုအား ကက္ေၾကးျဖင့္ထိုးၿပီး ပစၥည္းလုယူရန္ႀကိဳးစားသည့္ ေန႔ခင္းေၾကာင္ေတာင္အႏုၾကမ္းစီး ဓားျပတုိက္မႈ စက္တင္ဘာလ (၁၈)ရက္ေန ့ေန ့လည္ပုိင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရိွရပါသည္။



၁၈.၉.၂၀၁၆ရက္ေန႔ ေန႔လည္ ၀၂၃၀ခန္႔တြင္ ေဒၚျမင့္ျမင့္ခိုင္ ၄၈ႏွစ္ လယ္လုပ္ ပိတ္ဆြယ္ေက်းရြာ တြံေတးၿမိဳ႕နယ္ေနသူသည္ တစ္ရြာထဲေန ေယာကၡမျဖစ္သူ ေဒၚရင္ျမ ၇၇ႏွစ္၏ ေနအိမ္သို႔သြားရာ ျခံစည္း႐ိုးတခါးမ်ားပြင့္ေနသျဖင့္ အတြင္းသို႔ဝင္သြားရာ ေနအိမ္ေပၚတြင္ ခြၽန္ထက္သည့္ အရာမ်ားျဖင့္ထိုးသြင္းထားသည့္ ဒဏ္ရာမ်ားျဖင့္လဲေနျဖင့္ ဆြဲထူၿပီး ပတ္ဝန္းက်င္အား ေအာ္ဟစ္အကူညီေတာင္းစဥ္ အမည္မသိ လူငယ္တဦးမွ ေဒၚျမင့္ျမင္ခင္အား လည္ပင္းညႇစ္တိုက္ခိုက္ၿပီး က်န္လူငယ္တစ္ဦးမွာ ေနအိမ္ေပၚမွခုန္ဆင္းထြတ္ေျပးသြားပါသည္။

 ၎တို႔ခိုက္ရန္ျဖစ္သည့္ အသံမ်ားၾကား၍ ပတ္ဝန္းက်င္ေနအိမ္မ်ားမွ ရြာသားမ်ားေရာက္႐ွိလာၿပီး ဝိုင္းဝန္းဖမ္းဆီးရာ (ပုံပါ) ထက္ကိုကို ၂၈ႏွစ္ (ဘ)ဦးျမင့္ေအာင္ က်ပန္းလုပ္ ႐ိုးႀကီးေက်းရြာ (က်ဴးေက်ာ္)ထန္းတပင္ၿမိဳ႕နယ္ ေနသူျဖစ္ၿပီး ထြက္ေျပးသြားသူမွာ ေဝယံ ၃၁ႏွစ္(ဘ)ဦးေဇာ္မ်ိဳး က်ပန္းလုပ္ ႐ိုးႀကီးေက်းရြာ (က်ဴးေက်ာ္)ထန္းတပင္ၿမိဳ႕နယ္ေနသူ ျဖစ္ေၾကာင္း စစ္ေမးသိ႐ွိရပါသည္။


၎ ေဝယံဆိုသူမွာ ယခင္က ေဒၚရင္ျမ၏ ေနအိမ္သို႔ ဆိုင္ကယ္ေပါင္ႏွံသည့္ ကိစၥျဖင့္ ႏွစ္ေခါက္ခန္႔ ယင္းအိမ္သို႔ ဝင္ ထြတ္ဖူးေၾကာင္းႏွင့္ယခုလည္း ေငြလို၍ ဆိုင္ကယ္အေပါင္ခံပါဟု လိမ္ညာ၍ ေနအိမ္တြင္ အဖြားအိုတဦးထဲ ႐ွိခ်ိန္ကို အခြင့္ေကာင္းယူ၍ ျပစ္မႈက်ဴးလြန္ရန္ ႀကိဳးစားအားထုတ္ျခင္းျဖစ္ပါသည္။

ေဒၚရင္ျမမွာ ဝမ္းဗိုက္ယာဘက္ ထိုးသြင္းဒဏ္ရာ ၂ခ်က္ ႏွင့္ဆီးခုံတြင္ ထိုးသြင္းဒဏ္ရာ ၁ခ်က္ျဖင့္ ရန္ကုန္ေဆး႐ုံႀကီးတြင္ အတြင္းလူနာျဖင့္ တတ္ေရာက္ကုသလ်က္႐ွိၿပီး ၎တရားခံ ထက္ကိုကို ႏွင့္ ေဝယံတို႔အား တြံေတးရဲစခန္း(ပ)၅၄၄/၂၀၁၆ ရာဇသက္ႀကီး ဥပေဒ ပုဒၼ ၄၅၂/၃၂၆ျဖင့္ ေဒၚျမင့္ျမင္ခင္မွတရားလိုျပဳလုပ္တိုင္တန္ၿပီး ထြတ္ေျပးတရားခံအား လိုက္လံဖမ္းဆီးလ်က္႐ွိေၾကာင္း သိ႐ွိရပါသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ရန်ကုန်တိုင်း ဒေသကြီး တွံတွေးမြို့နယ် ပိတ်ဆွယ်ကျေးရွာ၌ နေအိမ်တွင် တစ်ယောက်ထဲရှိနေသည့် အသက် ၇၇နှစ်အရွယ် အဖွားအိုအား ကက်ကြေးဖြင့်ထိုးပြီး ပစ္စည်းလုယူရန်ကြိုးစားသည့် နေ့ခင်းကြောင်တောင်အနုကြမ်းစီး ဓားပြတိုက်မှု စက်တင်ဘာလ (၁၈)ရက်နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


၁၈.၉.၂၀၁၆ရက်နေ့ နေ့လည် ၀၂၃၀ခန့်တွင် ဒေါ်မြင့်မြင့်ခိုင် ၄၈နှစ် လယ်လုပ် ပိတ်ဆွယ်ကျေးရွာ တွံတေးမြို့နယ်နေသူသည် တစ်ရွာထဲနေ ယောက္ခမဖြစ်သူ ဒေါ်ရင်မြ ၇၇နှစ်၏ နေအိမ်သို့သွားရာ ခြံစည်းရိုးတခါးများပွင့်နေသဖြင့် အတွင်းသို့ဝင်သွားရာ နေအိမ်ပေါ်တွင် ချွန်ထက်သည့် အရာများဖြင့်ထိုးသွင်းထားသည့် ဒဏ်ရာများဖြင့်လဲနေဖြင့် ဆွဲထူပြီး ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းစဉ် အမည်မသိ လူငယ်တဦးမှ ဒေါ်မြင့်မြင်ခင်အား လည်ပင်းညှစ်တိုက်ခိုက်ပြီး ကျန်လူငယ်တစ်ဦးမှာ နေအိမ်ပေါ်မှခုန်ဆင်းထွတ်ပြေးသွားပါသည်။

 ၎င်းတို့ခိုက်ရန်ဖြစ်သည့် အသံများကြား၍ ပတ်ဝန်းကျင်နေအိမ်များမှ ရွာသားများရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးရာ (ပုံပါ) ထက်ကိုကို ၂၈နှစ် (ဘ)ဦးမြင့်အောင် ကျပန်းလုပ် ရိုးကြီးကျေးရွာ (ကျူးကျော်)ထန်းတပင်မြို့နယ် နေသူဖြစ်ပြီး ထွက်ပြေးသွားသူမှာ ဝေယံ ၃၁နှစ်(ဘ)ဦးဇော်မျိုး ကျပန်းလုပ် ရိုးကြီးကျေးရွာ (ကျူးကျော်)ထန်းတပင်မြို့နယ်နေသူ ဖြစ်ကြောင်း စစ်မေးသိရှိရပါသည်။


၎င်း ဝေယံဆိုသူမှာ ယခင်က ဒေါ်ရင်မြ၏ နေအိမ်သို့ ဆိုင်ကယ်ပေါင်နှံသည့် ကိစ္စဖြင့် နှစ်ခေါက်ခန့် ယင်းအိမ်သို့ ဝင် ထွတ်ဖူးကြောင်းနှင့်ယခုလည်း ငွေလို၍ ဆိုင်ကယ်အပေါင်ခံပါဟု လိမ်ညာ၍ နေအိမ်တွင် အဖွားအိုတဦးထဲ ရှိချိန်ကို အခွင့်ကောင်းယူ၍ ပြစ်မှုကျူးလွန်ရန် ကြိုးစားအားထုတ်ခြင်းဖြစ်ပါသည်။

ဒေါ်ရင်မြမှာ ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ၂ချက် နှင့်ဆီးခုံတွင် ထိုးသွင်းဒဏ်ရာ ၁ချက်ဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာဖြင့် တတ်ရောက်ကုသလျက်ရှိပြီး ၎င်းတရားခံ ထက်ကိုကို နှင့် ဝေယံတို့အား တွံတေးရဲစခန်း(ပ)၅၄၄/၂၀၁၆ ရာဇသက်ကြီး ဥပဒေ ပုဒ္မ ၄၅၂/၃၂၆ဖြင့် ဒေါ်မြင့်မြင်ခင်မှတရားလိုပြုလုပ်တိုင်တန်ပြီး ထွတ်ပြေးတရားခံအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရှိရပါသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top