Kantharyar Centre
×

                    ရန္ကုန္ျမိဳ့တြင္ ေျပးဆဲြေနေသာ လုိင္းကားအခ်ိဳ့ကို ေတြ့ရစဥ္

 ယာဥ္ေမာင္းရွားပါးလာ ျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္းေျပး ဆဲြေနသည့္ လိုင္းကားအစီးေရ ၄၀၀ ခန္႔ ေျပးဆဲြမႈရပ္နားထားရ ေၾကာင္း ယာဥ္ပိုင္ရွင္အခ်ိဳ႕ထံမွ သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္ တင္ယာဥ္အစီးေရ ငါးေထာင္ခန္႔ ရွိေၾကာင္း သိရသည္။

‘‘တရားဥပေဒစိုးမိုးေရးကုိ ထိထိေရာက္ေရာက္လုပ္ရင္ ေျပး ဆဲြေနတဲ့ခရီးသည္တင္ယာဥ္ တစ္ ၀က္ေလာက္ရပ္သြားမယ္။ တခ်ိဳ႕က လိုင္စင္မမွန္ဘဲနဲ႔ ခုိး ေမာင္းေနတာေတြရွိတယ္္’’ ဟု မထသ (၃၁) ယာဥ္လိုင္းပိုင္ရွင္ ဦးကုိကိုက ေျပာသည္။

‘‘ကၽြန္ေတာ္တို႔မွာ အစီးေရ ၄၅ စီးေလာက္ရွိတယ္။ ယာဥ္ ေမာင္းမရွိလို႔ ၁၅စီး ေလာက္ရပ္ ထားရတယ္’’ဟု (၃၁)ယာဥ္လိုင္း ႏွင့္ G 2000 ယာဥ္လိုင္းမွ ယာဥ္ ပိုင္ရွင္ ဦးကိုကိုႏိုင္က ဆက္လက္ ေျပာၾကားသည္။

ေမာ္ေတာ္ယာဥ္တင္သြင္းမႈ မူ၀ါဒေျပာင္းလဲျခင္းႏွင့္အတူ အ ငွားယာဥ္ (တကၠစီ)မ်ား မ်ားျပား လာၿပီး လိုင္းကားေမာင္းသူအခ်ိဳ႕ က တကၠစီေျပာင္းေမာင္းလာျခင္း ေၾကာင့္ ခရီးသည္တင္ ယာဥ္ပိုင္ ရွင္မ်ားအေနျဖင့္ ယာဥ္ေမာင္းရွား ပါးသည့္ ျပႆနာမ်ား ႀကံဳေတြ႕ ေနရသည္ဟု ဆုိသည္။

‘‘အရင္က ယာဥ္ေမာင္းက ဦးေဆာင္ၿပီး ေျပးဆဲြတယ္။ အခု ယာဥ္ေနာက္လိုက္ (စပယ္ယာ) စီစဥ္တဲ့အတုိင္း ေျပးဆဲြေနတယ္။ ယာဥ္ပိုင္ရွင္ကလည္း ယာဥ္ ေနာက္လိုက္လက္ခုပ္ထဲကေရ ျဖစ္ေနတယ္။ ေမာင္း/ေရာင္းကို စကားမာမာဆံုးမတာမ်ိဳးလုပ္ရင္ ေနာက္ေန႔လာမေမာင္းေတာ့ဘူး’’ ဟု ဦးကိုကုိႏုိင္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ေမာ္ ေတာ္ယာဥ္လိုင္းမ်ားကို အမ်ား ပိုင္ကုမၸဏီမ်ားဖဲြ႕စည္း၍ ယာဥ္ ေနာက္လိုက္မထားရွိဘဲ ကတ္ စနစ္ျဖင့္ လုပ္ေဆာင္ရန္ ရန္ကုန္ တုိင္းေဒသႀကီး သယ္ယူပုိ႔ေဆာင္ ေရးအာဏာပုိင္အဖဲြ႕က စီစဥ္ ေဆာင္ရြက္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ယာဉ်မောင်းရှားပါးလာ ခြင်းကြောင့် ရန်ကုန်မြို့တွင်းပြေး ဆွဲနေသည့် လိုင်းကားအစီးရေ ၄၀၀ ခန့် ပြေးဆွဲမှုရပ်နားထားရ ကြောင်း ယာဉ်ပိုင်ရှင်အချို့ထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်အစီးရေ ငါးထောင်ခန့် ရှိကြောင်း သိရသည်။

‘‘တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်ရင် ပြေး ဆွဲနေတဲ့ခရီးသည်တင်ယာဉ် တစ် ဝက်လောက်ရပ်သွားမယ်။ တချို့က လိုင်စင်မမှန်ဘဲနဲ့ ခိုး မောင်းနေတာတွေရှိတယ်’’ ဟု မထသ (၃၁) ယာဉ်လိုင်းပိုင်ရှင် ဦးကိုကိုက ပြောသည်။

‘‘ကျွန်တော်တို့မှာ အစီးရေ ၄၅ စီးလောက်ရှိတယ်။ ယာဉ် မောင်းမရှိလို့ ၁၅စီး လောက်ရပ် ထားရတယ်’’ဟု (၃၁)ယာဉ်လိုင်း နှင့် G 2000 ယာဉ်လိုင်းမှ ယာဉ် ပိုင်ရှင် ဦးကိုကိုနိုင်က ဆက်လက် ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းမှု မူဝါဒပြောင်းလဲခြင်းနှင့်အတူ အ ငှားယာဉ် (တက္ကစီ)များ များပြား လာပြီး လိုင်းကားမောင်းသူအချို့ က တက္ကစီပြောင်းမောင်းလာခြင်း ကြောင့် ခရီးသည်တင် ယာဉ်ပိုင် ရှင်များအနေဖြင့် ယာဉ်မောင်းရှား ပါးသည့် ပြဿနာများ ကြုံတွေ့ နေရသည်ဟု ဆိုသည်။

‘‘အရင်က ယာဉ်မောင်းက ဦးဆောင်ပြီး ပြေးဆွဲတယ်။ အခု ယာဉ်နောက်လိုက် (စပယ်ယာ) စီစဉ်တဲ့အတိုင်း ပြေးဆွဲနေတယ်။ ယာဉ်ပိုင်ရှင်ကလည်း ယာဉ် နောက်လိုက်လက်ခုပ်ထဲကရေ ဖြစ်နေတယ်။ မောင်း/ရောင်းကို စကားမာမာဆုံးမတာမျိုးလုပ်ရင် နောက်နေ့လာမမောင်းတော့ဘူး’’ ဟု ဦးကိုကိုနိုင်က ပြောသည်။

လက်ရှိအချိန်တွင် မော် တော်ယာဉ်လိုင်းများကို အများ ပိုင်ကုမ္ပဏီများဖွဲ့စည်း၍ ယာဉ် နောက်လိုက်မထားရှိဘဲ ကတ် စနစ်ဖြင့် လုပ်ဆောင်ရန် ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးအာဏာပိုင်အဖွဲ့က စီစဉ် ဆောင်ရွက်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top