Kantharyar Centre
×

မကၠဆီကိုႏိုင္ငံမွာ လိင္တူခ်င္း လက္ထပ္ထိမ္းျမားမႈကို ဆန္႔က်င္ဆႏၵျပဖို႔ ခ်ီတက္လာၾကတဲ့ လူအုပ္စုႀကီးကို အသက္ ၁၂ ႏွစ္အရြယ္ ကေလးငယ္တဦးက ဆန္႔က်င္တားျမစ္ခဲ့တဲ့ အျဖစ္အပ်က္ဟာ လတ္တေလာမွာ ေရပန္းစားေနပါတယ္။
ဆန္႔က်င္ဆႏၵျပဖို႔ ခ်ီတက္ခဲ့ၾကတဲ့ လူအုပ္စုႀကီးဟာ ဦးေရ ၁၁၀၀၀ ေလာက္ရွိၿပီး သူတို႔ဟာ မကၠဆီကိုႏိုင္ငံ၊ ဆီလယာၿမိဳ႕ကို ျဖတ္သန္းခဲ့ခ်ိန္မွာ အဆိုပါကေလးငယ္က လမ္းမေပၚ ပိတ္ၿပီးရပ္ခဲ့တာပါ။

ဒီအျဖစ္အပ်က္ကို ဓာတ္ပံုသတင္းေထာက္ မန္ႏ်ဴရယ္ ႐ုိဒရီကြက္ဇ္က မွတ္တမ္းတင္ႏိုင္ခဲ့တာလို႔ မက္ထ႐ုိသတင္းတပုဒ္မွာ စက္တင္ဘာ ၁၂ ရက္ေန႔က ေဖာ္ျပပါတယ္။

ကေလးငယ္ဟာ လူအုပ္စုႀကီးေရွ႕မွာ ရပ္ၿပီး တားျမစ္ေနခဲ့တာဟာ ေဆာ့ကစားေနတာသာ ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွ ကေလးငယ္မွာ ေဂးဦးေလးတဦးရွိေနၿပီး ခုလို မုန္းတီးေရး လႈပ္ရွားသူေတြကို မုန္းတယ္လို႔ သူ႔ကိုေျပာခဲ့ေၾကာင္း မန္ႏ်ဴရယ္ ႐ုိဒရီကြက္ဇ္က မကၠဆီကိုသတင္းစာ ရီဂ်န္နေရးရွဲန္းသတင္းကို ေျဖခဲ့ပါတယ္။

အဆိုပါလူအုပ္စုႀကီးဟာ မကၠဆီကိုသမၼတ အဲန္ရစ္ပီနာနီတိုဆီ လိင္တူလက္ထပ္ထိမ္းျမားမႈကို ဆန္႔က်င္ေၾကာင္း ဆႏၵျပဖို႔ သြားေရာက္ခဲ့ၾကတာလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
မက္ကဆီကိုနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ချီတက်လာကြတဲ့ လူအုပ်စုကြီးကို အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးက ဆန့်ကျင်တားမြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ လတ်တလောမှာ ရေပန်းစားနေပါတယ်။
ဆန့်ကျင်ဆန္ဒပြဖို့ ချီတက်ခဲ့ကြတဲ့ လူအုပ်စုကြီးဟာ ဦးရေ ၁၁၀၀၀ လောက်ရှိပြီး သူတို့ဟာ မက္ကဆီကိုနိုင်ငံ၊ ဆီလယာမြို့ကို ဖြတ်သန်းခဲ့ချိန်မှာ အဆိုပါကလေးငယ်က လမ်းမပေါ် ပိတ်ပြီးရပ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ကို ဓာတ်ပုံသတင်းထောက် မန်နျူရယ် ရိုဒရီကွက်ဇ်က မှတ်တမ်းတင်နိုင်ခဲ့တာလို့ မက်ထရိုသတင်းတပုဒ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။

ကလေးငယ်ဟာ လူအုပ်စုကြီးရှေ့မှာ ရပ်ပြီး တားမြစ်နေခဲ့တာဟာ ဆော့ကစားနေတာသာ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှ ကလေးငယ်မှာ ဂေးဦးလေးတဦးရှိနေပြီး ခုလို မုန်းတီးရေး လှုပ်ရှားသူတွေကို မုန်းတယ်လို့ သူ့ကိုပြောခဲ့ကြောင်း မန်နျူရယ် ရိုဒရီကွက်ဇ်က မက္ကဆီကိုသတင်းစာ ရီဂျန်နရေးရှဲန်းသတင်းကို ဖြေခဲ့ပါတယ်။

အဆိုပါလူအုပ်စုကြီးဟာ မက္ကဆီကိုသမ္မတ အဲန်ရစ်ပီနာနီတိုဆီ လိင်တူလက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြဖို့ သွားရောက်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top