Property Expo
×

အၾကမ္းဖက္မႈႀကီးႀကီးမားမား ၾကံဳလာရၿပီးေနာက္မွာ အစၥလာမ္မစ္အစြန္းေရာက္အဖြဲ႔ (အိုင္အက္စ္)ကို တုိက္ခုိက္ေခ်မႈန္းေနတဲ့ႏိုင္ငံေတြစာရင္းမွာ ျပင္သစ္လည္း စတင္ပူးေပါင္းလိုက္ပါတယ္။ အီရတ္ႏိုင္ငံမွာ ေျခကုပ္ယူထားတဲ့ အိုင္အက္စ္ေတြကို ေခ်မႈန္းဖုိ႔ ခ်ားလ္စ္ ဒီ ေဂၚလီ ေလယာဥ္တင္သေဘၤာနဲ႔ တုိက္ေလယာဥ္ေတြကို ယေန႔မနက္အေစာပိုင္းက သယ္ေဆာင္သြားတယ္လို႔ သတင္းရပါတယ္။

ရာေဖးလ္အမ်ိဳးအစား တိုက္ေလယာဥ္ေတြဟာ မုိဆူးလ္ၿမိဳ႕က အိုင္အက္စ္ေတြကို ေခ်မႈန္းေတာ့မွာျဖစ္ပါတယ္။ အီရတ္စစ္တပ္ဟာ ၂၀၁၄ ခုႏွစ္ ဇြန္လကတည္းက မိုဆူးလ္ၿမိဳ႕က အိုင္အက္စ္ေတြကို တိုက္ခိုက္ေနခဲ့တာျဖစ္ၿပီး ျပင္သစ္ေလတပ္က အီရတ္စစ္တပ္နဲ႔ပူးေပါင္းမွာျဖစ္ပါတယ္။ ျပင္သစ္ေရဒီယို RTL ကေတာ့ ယေန႔ထြက္ခြာသြားတဲ့ တုိက္ေလယာဥ္အေရအတြက္ဟာ ၂၄ စီး ရွိတယ္လုိ႔ ေၾကညာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အကြမ်းဖက်မှုကြီးကြီးမားမား ကြုံလာရပြီးနောက်မှာ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ (အိုင်အက်စ်)ကို တိုက်ခိုက်ချေမှုန်းနေတဲ့နိုင်ငံတွေစာရင်းမှာ ပြင်သစ်လည်း စတင်ပူးပေါင်းလိုက်ပါတယ်။ အီရတ်နိုင်ငံမှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ်တွေကို ချေမှုန်းဖို့ ချားလ်စ် ဒီ ဂေါ်လီ လေယာဉ်တင်သင်္ဘောနဲ့ တိုက်လေယာဉ်တွေကို ယနေ့မနက်အစောပိုင်းက သယ်ဆောင်သွားတယ်လို့ သတင်းရပါတယ်။

ရာဖေးလ်အမျိုးအစား တိုက်လေယာဉ်တွေဟာ မိုဆူးလ်မြို့က အိုင်အက်စ်တွေကို ချေမှုန်းတော့မှာဖြစ်ပါတယ်။ အီရတ်စစ်တပ်ဟာ ၂၀၁၄ ခုနှစ် ဇွန်လကတည်းက မိုဆူးလ်မြို့က အိုင်အက်စ်တွေကို တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ပြင်သစ်လေတပ်က အီရတ်စစ်တပ်နဲ့ပူးပေါင်းမှာဖြစ်ပါတယ်။ ပြင်သစ်ရေဒီယို RTL ကတော့ ယနေ့ထွက်ခွာသွားတဲ့ တိုက်လေယာဉ်အရေအတွက်ဟာ ၂၄ စီး ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top