Property Expo
×

ဗဟန္း ဗိုလ္စိန္မွန္ကြင္းတြင္ စက္တင္ဘာ ၁၁ ရက္က ဆႏၵေဖာ္ထုတ္ေနစဥ္ (ဓာတ္ပံု - ေက်ာ္ဇင္သန္း)

 ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ဥကၠ႒ ကိုဖီ အာနန္ကို ကန္႔ကြက္ဆန္႔က်င္ျခင္း အပါအ၀င္ အမ်ိဳးသားေရး တက္ ႂကြလႈပ္ရွားသူမ်ား၏ ဆႏၵျပပြဲကို စက္တင္ဘာ ၁၁ ရက္က ဗဟန္း ၿမိဳ႕နယ္၊ ဗိုလ္စိန္မွန္ကြင္း၌ ျပဳလုပ္ရာ ဆႏၵျပသူမ်ားႏွင့္ရပ္ကြက္ေနသူမ်ား ပဋိပကၡျဖစ္ပြားၿပီး ပြဲသို႔ သတင္းလာယူသည့္ သတင္းေထာက္မ်ားကို ဆႏၵျပသူမ်ားက ၿခိမ္းေျခာက္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။


ရဟန္းသံဃာအခ်ိဳ႕ႏွင့္ အ မ်ိဳးသားေရး တက္ႂကြလႈပ္ရွားသူမ်ားက အမ်ိဳးသားေရးထိပါးမႈမ်ားကို ကန္႔ကြက္႐ႈတ္ခ်ပြဲႏွင့္ တရားဥပေဒစိုးမုိးေရး ေတာင္းဆိုပြဲကို ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ဗိုလ္စိန္မွန္ အားကစားကြင္း၌ စက္တင္ဘာ ၁၁ ရက္ နံနက္ ၁၁ နာရီက ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အဆုိပါပြဲ ျပဳလုပ္ေနစဥ္ အားကစားကြင္းအတြင္း ေဘာလံုး ကစားေနသူမ်ားႏွင့္ ဆႏၵျပသူမ်ား အၾကား စကားမ်ားရာမွ ဗိုလ္စိန္ မွန္ရပ္ကြက္တြင္ ေနထိုင္သူ ၂၀ ေက်ာ္လည္း ပါ၀င္လာၿပီးဆႏၵျပ သူမ်ားႏွင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့သည္။

အဆုိပါ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားမႈတြင္ သတင္းယူေန သည့္ သတင္းသမားမ်ားကိုလည္း ဆႏၵျပသူမ်ားက ဓာတ္ပံုမ်ား၊ ဗီဒီ ယိုဖိုင္မ်ား ျပန္ဖ်က္ရန္ ၿခိမ္း ေျခာက္ေျပာဆိုတြန္းထိုးမႈမ်ား ျပဳ လုပ္ခဲ့ေၾကာင္း ဗိုလ္စိန္မွန္ကြင္းသို႔ သြားေရာက္သတင္းယူသည့္ သ တင္းေထာက္မ်ားကေျပာသည္။

‘‘ပြဲလုပ္တဲ့သူေတြနဲ႔ ရပ္ ကြက္ကလူေတြ ျပႆနာျဖစ္ၾက တယ္။ အဲဒါသူတို႔ကို ဓာတ္ပံု႐ိုက္ ရေကာင္းမလားဆိုၿပီး ၀ိုင္းၿပီး တြန္းလားထိုးလားလုပ္တယ္။ ကြၽန္ေတာ့္ကို တစ္ေယာက္ထိုး သြားတယ္။ ေဘးနားမွာ သတင္း  ေထာက္တခ်ိဳ႕လည္းရွိတယ္။ ပြဲ လုပ္တဲ့သူေတြက ၀ိုင္းလာၿပီး လုပ္တာ။ ဘယ္သူကထိုးလိုက္တာလဲဆိုတာေတာင္ မသိလိုက္ ဘူး’’ဟု လက္သီးျဖင့္ ထိုးႀကိတ္ခံခဲ့ရသည့္ Myanmar Press Photo Agencyမွ ဓာတ္ပံုသတင္းေထာက္ ကိုျမတ္သူေက်ာ္ကေျပာသည္။

‘‘သူတို႔႐ုန္းရင္းဆန္ခတ္ျဖစ္ တာေတြကို သတင္းယူရမလားဆို ၿပီး မီဒီယာေတြကို ျပႆနာရွာ တယ္။ ကင္မရာေတြကိုေတာင္ လိုက္ၿပီးလုၾကတာေတြျဖစ္တယ္’’ ဟု ဗိုလ္စိန္မွန္ကြင္းတြင္ သတင္း ယူခဲ့သည့္ 7Day TV သတင္း ေထာက္ကေျပာသည္။

ဆႏၵျပသူမ်ားက ရန္ျပဳတိုက္  ခိုက္မႈေၾကာင့္ သတင္းယူေနသည့္ သတင္းေထာက္တစ္ဦး ထိုးႀကိတ္ ခံခဲ့ရၿပီး ယင္း႐ုန္းရင္းဆန္ခတ္မႈမ်ားကို ရဲတပ္ဖြဲ႕မ်ားက ရွင္းလင္းခဲ့ကာ ဆႏၵျပသူမ်ားက ၎တို႔မူလအစီအစဥ္အတိုင္း ဟစ္တိုင္ကြင္းသို႔ လမ္းေလွ်ာက္ထြက္ခြာခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဗဟန်း ဗိုလ်စိန်မှန်ကွင်းတွင် စက်တင်ဘာ ၁၁ ရက်က ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

 ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီ အာနန်ကို ကန့်ကွက်ဆန့်ကျင်ခြင်း အပါအဝင် အမျိုးသားရေး တက် ကြွလှုပ်ရှားသူများ၏ ဆန္ဒပြပွဲကို စက်တင်ဘာ ၁၁ ရက်က ဗဟန်း မြို့နယ်၊ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်ရာ ဆန္ဒပြသူများနှင့်ရပ်ကွက်နေသူများ ပဋိပက္ခဖြစ်ပွားပြီး ပွဲသို့ သတင်းလာယူသည့် သတင်းထောက်များကို ဆန္ဒပြသူများက ခြိမ်းခြောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။


ရဟန်းသံဃာအချို့နှင့် အ မျိုးသားရေး တက်ကြွလှုပ်ရှားသူများက အမျိုးသားရေးထိပါးမှုများကို ကန့်ကွက်ရှုတ်ချပွဲနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်း၌ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲ ပြုလုပ်နေစဉ် အားကစားကွင်းအတွင်း ဘောလုံး ကစားနေသူများနှင့် ဆန္ဒပြသူများ အကြား စကားများရာမှ ဗိုလ်စိန် မှန်ရပ်ကွက်တွင် နေထိုင်သူ ၂၀ ကျော်လည်း ပါဝင်လာပြီးဆန္ဒပြ သူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် သတင်းယူနေ သည့် သတင်းသမားများကိုလည်း ဆန္ဒပြသူများက ဓာတ်ပုံများ၊ ဗီဒီ ယိုဖိုင်များ ပြန်ဖျက်ရန် ခြိမ်း ခြောက်ပြောဆိုတွန်းထိုးမှုများ ပြု လုပ်ခဲ့ကြောင်း ဗိုလ်စိန်မှန်ကွင်းသို့ သွားရောက်သတင်းယူသည့် သ တင်းထောက်များကပြောသည်။

‘‘ပွဲလုပ်တဲ့သူတွေနဲ့ ရပ် ကွက်ကလူတွေ ပြဿနာဖြစ်ကြ တယ်။ အဲဒါသူတို့ကို ဓာတ်ပုံရိုက် ရကောင်းမလားဆိုပြီး ဝိုင်းပြီး တွန်းလားထိုးလားလုပ်တယ်။ ကျွန်တော့်ကို တစ်ယောက်ထိုး သွားတယ်။ ဘေးနားမှာ သတင်း  ထောက်တချို့လည်းရှိတယ်။ ပွဲ လုပ်တဲ့သူတွေက ဝိုင်းလာပြီး လုပ်တာ။ ဘယ်သူကထိုးလိုက်တာလဲဆိုတာတောင် မသိလိုက် ဘူး’’ဟု လက်သီးဖြင့် ထိုးကြိတ်ခံခဲ့ရသည့် Myanmar Press Photo Agencyမှ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကပြောသည်။

‘‘သူတို့ရုန်းရင်းဆန်ခတ်ဖြစ် တာတွေကို သတင်းယူရမလားဆို ပြီး မီဒီယာတွေကို ပြဿနာရှာ တယ်။ ကင်မရာတွေကိုတောင် လိုက်ပြီးလုကြတာတွေဖြစ်တယ်’’ ဟု ဗိုလ်စိန်မှန်ကွင်းတွင် သတင်း ယူခဲ့သည့် 7Day TV သတင်း ထောက်ကပြောသည်။

ဆန္ဒပြသူများက ရန်ပြုတိုက်  ခိုက်မှုကြောင့် သတင်းယူနေသည့် သတင်းထောက်တစ်ဦး ထိုးကြိတ် ခံခဲ့ရပြီး ယင်းရုန်းရင်းဆန်ခတ်မှုများကို ရဲတပ်ဖွဲ့များက ရှင်းလင်းခဲ့ကာ ဆန္ဒပြသူများက ၎င်းတို့မူလအစီအစဉ်အတိုင်း ဟစ်တိုင်ကွင်းသို့ လမ်းလျှောက်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top