Property Expo
×







#Unicode Version

တကယ်လည်း ကြံကြံဖန်ဖန်လုပ်တတ်တဲ့ လူတွေလို့ ဆိုရမှာပါပဲ။ မင်္ဂလာဆောင် အခမ်းအနားမှာ သတို့သားနဲ့ သတို့သမီးတို့ အချင်း အချင်း အပြန်အလှန် လက်ထပ်လက်စွပ်လဲလှယ်ရမယ့်အစား ကြောက်စရာကောင်းပြီး ထိတ်လန့်စရာ စပါးအုန်းမြွေတွေကို လဲ လှယ်ပေးကြတယ်ဆိုတာ တစ်ခါမှတောင် မကြားဖူးပါဘူးနော်…

ဒါပေမယ့် တရုတ်က သတို့သားနဲ့သတို့သမီးတို့ကတော့ သူတို့ မင်္ဂ လာဆောင် အခမ်းအနားအတွက် တကယ့်ကိုပဲ ဆန်းပြားတဲ့စိတ်ကူး နဲ့ပုံဖော်ခဲ့တဲ့ပုံပါပဲ။ ဒါကလည်း တကယ့်ကိုအကြီးအကျယ်ရှော့ခ်ရ သွားစေနိုင်ပါတယ်။

အဝါရောင် စပါးအုန်းမြွေကြီး နှစ်ကောင်ကို ကိုင်ပြီးတော့ မင်္ဂလာစင် မြင့်ထက်ပေါ် သတို့သား၊ သတို့သမီးတို့ တက်ပြီးတော့ အပြန်အ လှန် ပေးနေကြတာပါ။ လက်ထပ်လက်စွပ်တွေမဟုတ်ပဲ အလှမွေး ထားတဲ့ မြွေကြီးနှစ်ကောင်ကို သူတို့နှစ်ဦးသားရဲ့ ချစ်သက် အထိမ်း အမှတ်အနေနဲ့ လဲလှယ်နေတာကတော့ မကြောက်မလန့်တဲ့ အ တိုင်းပါပဲ။

သူတို့နှစ်ဦးသား အပြန်အလှန်ပေးကြတဲ့ ရွှေဝါရောင် မြွေကြီးနှစ် ကောင်ကဆိုရင် အလေးချိန်အားဖြင့် ၆၆ ပေါင်နဲ့၊ ၃၃ ပေါင်စီရှိကြ ပြီး တစ်ဦးကိုတစ်ဦး ဂုတ်ပေါ်ပတ်တင်ပေးထားကြကာ အပြန်အ လှန်လည်း ပွေ့ဖက်နေခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ဒီလိုမျိုး ထူးထူးခြားခြား တိရစ္ဆာန်အပြန်အလှန်ပေးအပ်တဲ့

ရည်ရွယ်ချက်က တောရိုင်းတိရစ္ဆာန်တွေရဲ့ဘဝတွေကို စောင့်ရှောက်ကာ ကွယ်သွား ချင်လို့လည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top