Property Expo
×

 အေမရိကန္သူ ဂ်ဴလီယာဟာ ကိုယ္ပိုင္ေမြးျမဴေရးၿခံတစ္ခု ပိုင္ဆိုင္သူပါ။ သားဦးေလး ဂ်တ္ဒ္ကို ေမြးဖြားၿပီးတဲ့ေနာက္ ၾကက္ဥေကာက္တဲ့အခ်ိန္ေတြဆို သူ႔သားေလးကိုပါ ၾကက္ၿခံထဲ ေခၚသြားေလ့ရွိပါတယ္။ ဂ်တ္ဒ္ကေလးက ၾကက္ေတြကို လိုက္ဖမ္းတယ္။ အလုပ္လုပ္ေနတဲ့ အေမကိုလုိက္႐ႈပ္ရင္း ေပတလူးေလး ျဖစ္ေနတတ္ပါတယ္။ ညစ္ပတ္ေပေရေနတဲ့ ဂ်တ္ဒ္ကိုၾကည့္ရင္း ေနထိုင္မေကာင္းျဖစ္မွာကို ဂ်ဴလီယာတစ္ေယာက္ စိုးရိမ္ခဲ့ရတယ္။

ဒါေပမဲ့ ဂ်တ္ဒ္ရဲ႕က်န္းမာေရးမွာ ဘာျပႆနာမွမရွိေတာ့ ဂ်ဴလီယာတစ္ေယာက္ စိတ္ေအးလက္ေအးျဖစ္သြားတယ္။ သားငယ္ ဂ်က္ေကာ့ဘ္ကို ေမြးၿပီးတဲ့အခ်ိန္မွာ အစ္ကိုထက္ ႏွစ္ဆပိုဆိုးပါတယ္။ တစ္ခါကဆို ဝက္ၿခံထဲက အညစ္အေၾကးေတြမွာ ဒူးထိျမဳပ္ေအာင္ ဆင္းေဆာ့ေနတဲ့ ဂ်က္ေကာ့ဘ္ကုိ အေမျဖစ္သူက မနည္းဆြဲေခၚရတယ္။ ဂ်က္ေကာ့ဘ္တစ္ေယာက္ ေျမႀကီးေပၚမွာက်ေနတဲ့ ပစၥည္းတစ္ခုခုကို ပါးစပ္ထဲ ေကာက္ထည့္တာမ်ိဳးကေတာ့ ဂ်ဴလီယာလုိက္ဟန္႔ေနရင္း လြတ္ထြက္သြားေလ့ရွိတဲ့ကိစၥပါ။ ဘာပဲျဖစ္ျဖစ္ သားႏွစ္ေယာက္လံုး က်န္းက်န္းမာမာ လူလားေျမာက္လာလုိ႔ ဂ်ဴလီယာ ေက်နပ္ေနပါတယ္။

ေမးခြန္းက ဂ်ဴလီယာလုိ အမ်ိဳးသမီးဟာ ကေလးေတြရဲ႕ တစ္ကိုယ္ေရသန္႔ရွင္းေရးကို အမွန္တကယ္အေလးထားဖို႔ ပ်က္ကြက္ခဲ့သလား၊ အဲဒီပ်က္ကြက္မႈက ကေလးေတြကို ထိခုိက္ေစသလားဆိုတာပါပဲ။ ေဆးပညာထြန္းကားတဲ့ အေနာက္ႏုိင္ငံေတြမွာေတာင္ ကေလးေတြကို အင္မတန္သန္႔သန္႔ရွင္းရွင္း စင္စင္ၾကယ္ၾကယ္ ထားသင့္တယ္ဆိုတဲ့ အယူအဆက ႏွစ္ေပါင္းမ်ားစြာ အ႐ိုးစြဲလာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းေတြ႕ရွိခ်က္ေတြကေတာ့ ေျမႀကီးေပၚမွာ လူးလိွမ့္ေဆာ့ကစားရင္း ညစ္ပတ္ေပေရေနတဲ့ ကေလးေလးေတြဟာ က်န္းမာေရးအတြက္ ပိုၿပီးခုိင္မာေကာင္းမြန္တဲ့ အေျခခံေကာင္းကို ရရွိႏုိင္ေၾကာင္း ၫႊန္ျပေနတယ္လုိ႔ ဆိုပါတယ္။ ဂ်ဴလီယာရဲ႕ သားေလးႏွစ္ေယာက္လို ၾကက္ေတြ၊ ဝက္ေတြနဲ႔ ဝ႐ုန္းသုန္းကားျဖစ္ေနရမယ္လုိ႔ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။

၁၉၁၅ ကစလုိ႔ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံေတြမွာ လူသားေတြရဲ႕ ပ်မ္းမွ်သက္တမ္းက ႏွစ္ ၃၀ စာေလာက္ ပိုၿပီးရွည္လ်ားလာတယ္။ လူ႔သက္တမ္းရွည္လာျခင္းရဲ႕ အဓိကအေၾကာင္းရင္းက ေဆးပညာထြန္းကားမႈေၾကာင့္ ျဖစ္ပါတယ္။ ပိုးသတ္ေဆးေတြ၊ ကာကြယ္ေဆးေတြ ေပၚထြန္းလာတယ္။ လူ႔ခႏၶာကိုယ္မွာ ပိုးမႊားဝင္ေရာက္မႈေတြကို ကာကြယ္ႏုိင္စြမ္းျမင့္တက္လာတယ္။ အဏုဇီဝပိုးမႊားေတြ၊ ဗက္တီးရီးယားေတြေၾကာင့္ လူေတြေသဆံုးရမႈဟာ အေမရိကန္မွာ လြန္ခဲ့တဲ့ ႏွစ္(၃၀) ေလာက္ ကာလကနဲ႔ယွဥ္ရင္ ၉၀ ရာခုိင္ႏႈန္းေလာက္ ေလ်ာ့က်သြားပါတယ္။

ဒါေပမဲ့ အေပးရွိရင္ အယူရွိတယ္။ ကာကြယ္ေဆးအသံုးျပဳမႈေတြ တြင္က်ယ္လာျခင္းက သိသာတဲ့ ေဘးထြက္အာနိသင္တစ္မ်ိဳးဆီ ဦးတည္သြားတယ္။ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြ မွ်ေျခပ်က္သြားလို႔ ေပၚေပါက္လာတဲ့ က်န္းမာေရးျပႆနာေတြ ထူေျပာလာတယ္။ ဆီးခ်ိဳ၊ ဓာတ္မတည့္မႈ၊ ပန္းနာရင္က်ပ္ေရာဂါ၊ အူသိမ္အူမေရာဂါ၊ ေဆးမတိုးတဲ့ေရာဂါေတြအျပင္ အဝလြန္မႈ၊ ေနာက္ဆံုးအေျခအေနအျဖစ္ ကင္ဆာလိုေရာဂါေတြ ျဖစ္ႏုိင္ေျခအျမင့္မားဆံုးျဖစ္လာပါတယ္။ ျဖစ္ရပ္အေတာ္မ်ားမ်ားဟာ ၁၀ ႏွစ္တာ အပိုင္းအျခားတိုင္းမွာ ပိုပိုၿပီး မ်ားျပားလာတယ္။ ၿပီးေတာ့ သုေတသနရလဒ္ေတြအရ ကေလးဘဝ ေနထိုင္ျဖတ္သန္းမႈေတြဟာ အသက္အရြယ္ႀကီးရင့္လာခ်ိန္ က်န္းမာေရးအေျခအေနနဲ႔ ဆက္စပ္ေၾကာင္း ေဖာ္ထုတ္လာႏုိင္တယ္။

အထက္မွာေျပာခဲ့တဲ့ က်န္းမာေရး ေဖာက္ျပန္မႈေတြဟာ မ်ိဳးဗီဇနဲ႔ေတာ့ အဓိကဆိုင္ပါတယ္။ ဒါေပမဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္းေတာ့ မဟုတ္ပါဘူး။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ သုေတသနစစ္တမ္းေတြက ခႏၶာကိုယ္ရဲ႕ အဏုဇီဝပိုးမႊားေတြ မွ်ေျခပ်က္ယြင္းမႈဟာ က်န္းမာေရးျပႆနာေတြရဲ႕ အေျခခံအေၾကာင္းတရားတစ္ခုအျဖစ္ ၫႊန္းဆိုေနတယ္။ လူေတြဟာ ေမြးဖြားလာကတည္းက ဗက္တီးရီးယားပိုးေတြ၊ အဏုဇီဝပိုးမႊားေတြ သဘာဝအေလ်ာက္ ခိုလံႈရာရင္းျမစ္ႀကီး ျဖစ္ေနတယ္။ အဲဒီ အဏုဇီဝပိုးမႊားအမ်ားအျပားဟာ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြမွာ ပူးေပါင္းပါဝင္ေလ့ရွိတယ္။ ဒါေပမဲ့ အခ်ိန္အမ်ားစုမွာ ပုန္းလွ်ိဳးေပ်ာက္ကြယ္ေနပါတယ္။ သူတို႔ရဲ႕ ပင္ကိုသဘာဝကို ထိပါးလုိက္တဲ့အခါ ေရာဂါေတြဆီ ဦးတည္သြားႏုိင္တယ္လုိ႔ ဆိုတယ္။

၂၀၁၅ တုန္းက Science Translational Medicine ေဆးပညာဂ်ာနယ္မွာ အဲဒီသုေတသနလုပ္ငန္းစဥ္ေတြအေၾကာင္း ထဲထဲဝင္ဝင္ ေဖာ္ျပခဲ့ဖူးတယ္။

ဥပမာ သံုးလအရြယ္ကေလးငယ္တစ္ေယာက္ရဲ႕ ဝမ္းထဲမွာပါဝင္တဲ့ အဏုဇီဝပိုးမႊားမ်ိဳးစိတ္ေလးခုဟာ ခႏၶာကိုယ္ထဲမွာ ၾကာရွည္တည္ၿမဲေနရင္ ကေလးငယ္အသက္ႀကီးလာခ်ိန္မွာ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ႏုိင္ေျခကို သိသိသာသာေလ်ာ့ပါးေစတဲ့ အာနိသင္ရွိေနတယ္။ အဲဒီအဏုဇီဝပိုးမႊားေတြကို ႂကြက္ေတြမွာ စမ္းသပ္ၾကည့္တဲ့အခါ ပန္းနာရင္က်ပ္ေရာဂါပုိးကို ထိုးသြင္းေပးတဲ့အခါ ကိုယ္ခံအားေကာင္းေကာင္းနဲ႔ ခုခံႏုိင္တာကို ေတြ႕ရပါတယ္။

ျပႆနာက ေဆးပညာထြန္းကားလြန္းတဲ့ေခတ္မွာ ကာကြယ္ေဆးေတြ ငယ္စဥ္ကတည္းက ထိုးေပးေနရင္း ကေလးေတြရဲ႕ ခႏၶာကိုယ္ထဲက သဘာဝအဏုဇီဝပိုးမႊားေတြ ေပ်ာက္ကြယ္သြားႏုိင္တယ္ဆိုတာပါပဲ။ ဒါကို ေျဖရွင္းဖို႔ မွ်ေျခတစ္ခုဖန္တီးေပးရမယ္။ အလြယ္ဆံုးနဲ႔ အထိေရာက္ဆံုးကေတာ့ ကေလးေတြကို အလြန္အမင္းသန္႔ရွင္းေနေအာင္ ထိန္းခ်ဳပ္ကြပ္ကဲထားတာမ်ိဳးကေန ေျဖေလွ်ာ့ေပးလုိက္ဖုိ႔ ျဖစ္ပါတယ္။ ေျမႀကီးေပၚမွာ၊ ျမက္ခင္းေပၚမွာ လူးလွိမ့္ေဆာ့ကစားရင္း ဗက္တီးရီးယားေတြနဲ႔ ထိေတြ႕ေနျခင္းဟာ သဘာဝမွ်ေျခတစ္ခုကို ျပန္လည္ဖန္တီးေပးႏုိင္တဲ့ သေဘာပါပဲ။ကေလးေတြကို နည္းနည္းညစ္ပတ္ခြင့္ေပးလုိက္ပါလို႔ပဲ ေျပာရမွာပါ။

ေခတ္သစ္ေဆးပညာသုေတသီေတြက အဏုဇီဝပိုးမႊားေတြရဲ႕လူ႔က်န္းမာေရး အေထာက္အပံ့ရပ္တည္မႈဟာ အင္မတန္အေရးႀကီးတယ္လုိ႔ ခံယူထားပါတယ္။ အဲဒီ ပိုးမႊားေလးေတြကို လူ႔ခႏၶာကိုယ္ရဲ႕ မ်က္စိနဲ႔မျမင္ႏုိင္တဲ့ အစိတ္အပိုင္းတစ္ခုလုိ႔ေတာင္ တင္စားမႈေတြ ရွိေနတယ္။ ကေလးေတြရဲ႕ အူလမ္းေၾကာင္းမွာ သဘာဝအတိုင္း ေပါက္ပြားရွင္သန္တဲ့ အဏုဇီဝပိုးမႊားေလးေတြကလည္း အေရးႀကီးဆံုး အစိတ္အပိုင္းအေနနဲ႔ အဲဒီေကာက္ခ်က္မွာ ပါဝင္ေနတယ္။

သူတို႔ဟာ အေျခခံဇီဝေဗဒလုပ္ငန္းစဥ္ေတြမွာ ပါဝင္ေန႐ံုတင္မကဘဲ တျခားေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြဆီကူးသြားၿပီး က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ အဖ်က္ပိုးေတြကို ဘယ္လိုဘယ္ပံုခုခံႏုိင္တယ္ဆိုတာကို က်န္းမာေရးအေထာက္အကူျပဳ ဆဲလ္ေတြဆီ သင္ၾကားေပးႏုိင္စြမ္းလည္း ရွိပါတယ္။ တစ္နည္းအားျဖင့္ မ်ိဳးဗီဇလုပ္ငန္းစဥ္ ကူးေျပာင္းၿပီး က်န္းမာေရးအေထာက္အကူျပဳ ဆဲလ္ေတြရဲ႕ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးဖို႔ အကူအညီေပးႏုိင္တယ္။ အင္မတန္ေသးမႊားၿပီး မ်က္စိနဲ႔ မျမင္ႏုိင္ေလာက္တဲ့ ေမာ္လီက်ဴးအဆင့္ေလာက္ အေနအထားမွာ ဒီလုပ္ငန္းစဥ္မ်ိဳးကို အဏုဇီဝပိုးမႊားေလးေတြ ဘယ္လိုဘယ္ပံု လုပ္ေဆာင္သလဲဆိုတာကို ပညာရွင္ေတြ ပေဟဠိဆန္ဆန္ အေျဖရွာေနတုန္းပါ။

အဏုဇီဝပိုးမႊားေလးေတြရဲ႕ ေနာက္ထပ္အေျခခံလုပ္ငန္းစဥ္တစ္ခုက လူသားေတြရဲ႕ ဇီဝကမၼလုပ္ငန္းစဥ္ေတြကို ထိန္းညႇိျခင္းပါ။ တျခားသက္ရွိေတြလိုပဲ လူေတြဟာ စြမ္းအင္က႑အတြက္ အစားအေသာက္ကို မွီခိုရပါတယ္။ အစားအေသာက္ေတြကို အူေတြက ေခ်ဖ်က္ၿပီး အာဟာရေတြကို စုပ္ယူတယ္။ အဲဒီအပိုင္းမွာ အူေတြကခ်ည္း သီးသန္႔လုပ္ေနတာ မဟုတ္ပါဘူး။ အူထဲမွာရွိတဲ့ ဗက္တီးရီးယားေလးေတြက အင္မတန္အေရးပါတဲ့ စစ္ကူေတြ ျဖစ္ပါတယ္။ ေနာက္ဆံုးသုေတသနရလဒ္ေတြအရဆိုရင္ ေသြးေၾကာနံရံေလးေတြ အားေကာင္းဖုိ႔ကိုေတာင္ အဏုဇီဝပိုးမႊားေလးေတြက ကူညီေနတတ္တယ္လို႔ သိရပါတယ္။

လူ႔သမုိင္းကို ျပန္ၾကည့္ရင္ ဒီေန႔ေခတ္အခါေလာက္ ကေလးေတြကို သန္႔သန္႔ရွင္းရွင္းထားဖို႔ မိဘေတြက အာ႐ံုစိုက္လာတာမ်ိဳး အရင္က မရွိခဲ့ဖူးပါဘူး။ ဖြံ႕ၿဖိဳးၿပီးႏုိင္ငံေတြမွာ ေျမမထိေလမထိ ႀကီးျပင္းလာတဲ့ ကေလးငယ္ အေျမာက္အျမား ရွိေနၾကတယ္။ ေဆးဝါးေပါင္းစံု မွီဝဲေစတဲ့အျပင္ အသန္႔လြန္ေနေအာင္ အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ခံထားရတဲ့ ကေလးငယ္ေတြရဲ႕ ခႏၶာကိုယ္ေတြဟာ အဏုဇီဝပိုးမႊားေလးေတြ သဘာဝအတိုင္း ရွင္သန္ေနထိုင္ဖုိ႔ ဘယ္လုိနည္းနဲ႔မွ အဆင္မေျပဘူးလုိ႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

ပညာရွင္ေတြက ဂ်ဴလီယာရဲ႕သားႏွစ္ေယာက္လို ၾကက္ေခ်းဝက္ေခ်းလူးေနဖို႔ အႀကံမေပးပါဘူး။ ဒါေပမဲ့ မိဘေတြအေနနဲ႔ ကေလးေတြကို အိမ္အျပင္ဘက္ ေျမျပင္ေပၚမွာ စိတ္တိုင္းက် လြတ္လြတ္လပ္လပ္ ေဆာ့ကစားတာမ်ိဳး ခြင့္ျပဳေပးသင့္တယ္လုိ႔ ေထာက္ခံၾကတယ္။ ‘‘အား . . .  ရႊံ႕ေတြ ေပပြၿပီးရြံစရာႀကီး’’ဆိုတာမ်ိဳး၊ ‘‘အဲဒီလိုေလွ်ာက္မကိုင္နဲ႔ေလ။ ညစ္ပတ္တယ္’’ဆိုတာမ်ိဳးေတြ ခဏေမ့ထားဖို႔ လိုတယ္လုိ႔ ေျပာပါတယ္။ ဒါဟာ ကေလးေတြရဲ႕ အိမ္တြင္းေနထိုင္မႈ ျပင္ပကဒုတိယသဘာဝ လႈပ္ရွားမႈအျဖစ္ အေလးထားဖုိ႔ လိုပါလိမ့္မယ္။

ကေလးေတြကို ညစ္ပတ္ေပေရေနတဲ့ ေဆာ့ကစားပံုကေန လံုးဝဥႆံုတားျမစ္ထားျခင္းဟာ သူတို႔ရဲ႕ခႏၶာကိုယ္တြင္း ပံုမွန္လုပ္ငန္းစဥ္ေတြ အေထာက္အပံ့ ျဖစ္ေစမယ့္ အဏုဇီဝပိုးမႊားေလးေတြကို ပိတ္ပင္ထားတဲ့သေဘာ သက္ေရာက္သြားႏုိင္ေၾကာင္း ထည့္တြက္ရပါမယ္။ မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ အစာအာဟာရကို စနစ္တက်ေရြးခ်ယ္ေပးၿပီး အူလမ္းေၾကာင္းက်န္းမာေရးကို ျမႇင့္တင္ေပးလုိ႔ရပါတယ္။ ဒီေန႔ေခတ္ ကမၻာ့စားနပ္ရိကၡာအားလံုးရဲ႕ ၇၅ ရာခုိင္ႏႈန္းဟာ အပင္မ်ိဳးစိတ္ ၁၂ ခုနဲ႔ တိရစာၦန္မ်ဳိးစိတ္ငါးခုကိုပဲ အေျခခံထားတာပါ။ အဲဒီထဲကမွ ဆန္၊ ေျပာင္းနဲ႔ ဂ်ံဳတို႔ဟာ ကေလးေတြအတြက္ လိုအပ္တဲ့စြမ္းအင္နဲ႔အာဟာရကို အျပည့္အဝေထာက္ပံ့ေပးႏုိင္ပါတယ္။

အဏုဇီဝပိုးမႊားေလးေတြအတြက္ ရန္သူျဖစ္ႏုိင္ေျခတစ္မ်ိဳးက ပိုးသတ္ေဆးေတြပါ။ ပိုးသတ္ေဆးေတြဟာ လူ႔အသက္ သန္းေပါင္းမ်ားစြာကို ႀကိဳတင္ကယ္တင္ႏုိင္ေၾကာင္း သက္ေသျပၿပီးပါၿပီ။ ဒါေပမဲ့ ေဆးဆိုတာ ပဲ့ထိန္းဒံုး မဟုတ္ပါဘူး။ ဒီေဆးဝါးေတြက ဖ်က္ဆီးပစ္တဲ့ ပစ္မွတ္ဟာ သက္ဆိုင္ရာေရာဂါပိုးတင္မကဘဲ လူ႔ခႏၶာကိုယ္အက်ိဳးျပဳ ဗက္တီးရီးယားေတြကိုပါ ေသေက်ေစတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ သုေတသီေတြက ကေလးဘဝကတိုက္ေကြၽးတဲ့ ေဆးဝါးေတြဟာ အဝလြန္မႈ၊ ပန္းနာရင္က်ပ္၊ ဓာတ္မတည့္မႈလို ျပႆနာေတြနဲ႔ ဆက္စပ္မႈရွိလာႏုိင္ေၾကာင္း ေတြ႕ရွိထားပါတယ္။

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြ အေတာအတြင္းမွာ လြဲမွားတဲ့က်န္းမာေရးအသိေတြနဲ႔အတူ လူသားအက်ိဳးျပဳ အဏုဇီဝပိုးမႊားေလးေတြကို မ်က္ကြယ္ျပဳခဲ့တာ (ဒါမွမဟုတ္) ပ်က္သုဥ္းေစခဲ့တာေတြ ၾကာေညာင္းခဲ့ပါၿပီ။ သန္႔ရွင္းမႈကို ဂ႐ုစိုက္ျခင္းဟာ ေကာင္းမြန္တဲ့အေလ့အထပါ။ ဒါေပမဲ့ အလြန္အကြၽံသန္႔ရွင္းျခင္းဟာ အလြန္အကြၽံညစ္ပတ္ျခင္းလုိပဲ ဆိုးက်ိဳးသက္ေရာက္မႈ တခ်ိဳ႕ရွိႏိုင္တယ္ဆိုတာကို သတိမူဖုိ႔လုိပါတယ္။အခုေတာ့ မွ်ေျခတစ္ခုကို ျပန္ေဆာင္ယူဖို႔ အခ်ိန္ေရာက္ပါၿပီ။ ကေလးေတြကို နည္းနည္းေတာ့ ညစ္ပတ္ခြင့္ေပးလုိက္ရေအာင္ပါ။

(Wall Street Journal မွ Get Your Children Good and Dirty ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျပန္ဆိုသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အမေရိကန်သူ ဂျူလီယာဟာ ကိုယ်ပိုင်မွေးမြူရေးခြံတစ်ခု ပိုင်ဆိုင်သူပါ။ သားဦးလေး ဂျတ်ဒ်ကို မွေးဖွားပြီးတဲ့နောက် ကြက်ဥကောက်တဲ့အချိန်တွေဆို သူ့သားလေးကိုပါ ကြက်ခြံထဲ ခေါ်သွားလေ့ရှိပါတယ်။ ဂျတ်ဒ်ကလေးက ကြက်တွေကို လိုက်ဖမ်းတယ်။ အလုပ်လုပ်နေတဲ့ အမေကိုလိုက်ရှုပ်ရင်း ပေတလူးလေး ဖြစ်နေတတ်ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ ဂျတ်ဒ်ကိုကြည့်ရင်း နေထိုင်မကောင်းဖြစ်မှာကို ဂျူလီယာတစ်ယောက် စိုးရိမ်ခဲ့ရတယ်။

ဒါပေမဲ့ ဂျတ်ဒ်ရဲ့ကျန်းမာရေးမှာ ဘာပြဿနာမှမရှိတော့ ဂျူလီယာတစ်ယောက် စိတ်အေးလက်အေးဖြစ်သွားတယ်။ သားငယ် ဂျက်ကော့ဘ်ကို မွေးပြီးတဲ့အချိန်မှာ အစ်ကိုထက် နှစ်ဆပိုဆိုးပါတယ်။ တစ်ခါကဆို ဝက်ခြံထဲက အညစ်အကြေးတွေမှာ ဒူးထိမြုပ်အောင် ဆင်းဆော့နေတဲ့ ဂျက်ကော့ဘ်ကို အမေဖြစ်သူက မနည်းဆွဲခေါ်ရတယ်။ ဂျက်ကော့ဘ်တစ်ယောက် မြေကြီးပေါ်မှာကျနေတဲ့ ပစ္စည်းတစ်ခုခုကို ပါးစပ်ထဲ ကောက်ထည့်တာမျိုးကတော့ ဂျူလီယာလိုက်ဟန့်နေရင်း လွတ်ထွက်သွားလေ့ရှိတဲ့ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် သားနှစ်ယောက်လုံး ကျန်းကျန်းမာမာ လူလားမြောက်လာလို့ ဂျူလီယာ ကျေနပ်နေပါတယ်။

မေးခွန်းက ဂျူလီယာလို အမျိုးသမီးဟာ ကလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အမှန်တကယ်အလေးထားဖို့ ပျက်ကွက်ခဲ့သလား၊ အဲဒီပျက်ကွက်မှုက ကလေးတွေကို ထိခိုက်စေသလားဆိုတာပါပဲ။ ဆေးပညာထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာတောင် ကလေးတွေကို အင်မတန်သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် ထားသင့်တယ်ဆိုတဲ့ အယူအဆက နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ့ရှိချက်တွေကတော့ မြေကြီးပေါ်မှာ လူးလှိမ့်ဆော့ကစားရင်း ညစ်ပတ်ပေရေနေတဲ့ ကလေးလေးတွေဟာ ကျန်းမာရေးအတွက် ပိုပြီးခိုင်မာကောင်းမွန်တဲ့ အခြေခံကောင်းကို ရရှိနိုင်ကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။ ဂျူလီယာရဲ့ သားလေးနှစ်ယောက်လို ကြက်တွေ၊ ဝက်တွေနဲ့ ဝရုန်းသုန်းကားဖြစ်နေရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

၁၉၁၅ ကစလို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ လူသားတွေရဲ့ ပျမ်းမျှသက်တမ်းက နှစ် ၃၀ စာလောက် ပိုပြီးရှည်လျားလာတယ်။ လူ့သက်တမ်းရှည်လာခြင်းရဲ့ အဓိကအကြောင်းရင်းက ဆေးပညာထွန်းကားမှုကြောင့် ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ၊ ကာကွယ်ဆေးတွေ ပေါ်ထွန်းလာတယ်။ လူ့ခန္ဓာကိုယ်မှာ ပိုးမွှားဝင်ရောက်မှုတွေကို ကာကွယ်နိုင်စွမ်းမြင့်တက်လာတယ်။ အဏုဇီဝပိုးမွှားတွေ၊ ဗက်တီးရီးယားတွေကြောင့် လူတွေသေဆုံးရမှုဟာ အမေရိကန်မှာ လွန်ခဲ့တဲ့ နှစ်(၃၀) လောက် ကာလကနဲ့ယှဉ်ရင် ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။

ဒါပေမဲ့ အပေးရှိရင် အယူရှိတယ်။ ကာကွယ်ဆေးအသုံးပြုမှုတွေ တွင်ကျယ်လာခြင်းက သိသာတဲ့ ဘေးထွက်အာနိသင်တစ်မျိုးဆီ ဦးတည်သွားတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မျှခြေပျက်သွားလို့ ပေါ်ပေါက်လာတဲ့ ကျန်းမာရေးပြဿနာတွေ ထူပြောလာတယ်။ ဆီးချို၊ ဓာတ်မတည့်မှု၊ ပန်းနာရင်ကျပ်ရောဂါ၊ အူသိမ်အူမရောဂါ၊ ဆေးမတိုးတဲ့ရောဂါတွေအပြင် အဝလွန်မှု၊ နောက်ဆုံးအခြေအနေအဖြစ် ကင်ဆာလိုရောဂါတွေ ဖြစ်နိုင်ခြေအမြင့်မားဆုံးဖြစ်လာပါတယ်။ ဖြစ်ရပ်အတော်များများဟာ ၁၀ နှစ်တာ အပိုင်းအခြားတိုင်းမှာ ပိုပိုပြီး များပြားလာတယ်။ ပြီးတော့ သုတေသနရလဒ်တွေအရ ကလေးဘဝ နေထိုင်ဖြတ်သန်းမှုတွေဟာ အသက်အရွယ်ကြီးရင့်လာချိန် ကျန်းမာရေးအခြေအနေနဲ့ ဆက်စပ်ကြောင်း ဖော်ထုတ်လာနိုင်တယ်။

အထက်မှာပြောခဲ့တဲ့ ကျန်းမာရေး ဖောက်ပြန်မှုတွေဟာ မျိုးဗီဇနဲ့တော့ အဓိကဆိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်ပါဘူး။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းတွေက ခန္ဓာကိုယ်ရဲ့ အဏုဇီဝပိုးမွှားတွေ မျှခြေပျက်ယွင်းမှုဟာ ကျန်းမာရေးပြဿနာတွေရဲ့ အခြေခံအကြောင်းတရားတစ်ခုအဖြစ် ညွှန်းဆိုနေတယ်။ လူတွေဟာ မွေးဖွားလာကတည်းက ဗက်တီးရီးယားပိုးတွေ၊ အဏုဇီဝပိုးမွှားတွေ သဘာဝအလျောက် ခိုလှုံရာရင်းမြစ်ကြီး ဖြစ်နေတယ်။ အဲဒီ အဏုဇီဝပိုးမွှားအများအပြားဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်လေ့ရှိတယ်။ ဒါပေမဲ့ အချိန်အများစုမှာ ပုန်းလျှိုးပျောက်ကွယ်နေပါတယ်။ သူတို့ရဲ့ ပင်ကိုသဘာဝကို ထိပါးလိုက်တဲ့အခါ ရောဂါတွေဆီ ဦးတည်သွားနိုင်တယ်လို့ ဆိုတယ်။

၂၀၁၅ တုန်းက Science Translational Medicine ဆေးပညာဂျာနယ်မှာ အဲဒီသုတေသနလုပ်ငန်းစဉ်တွေအကြောင်း ထဲထဲဝင်ဝင် ဖော်ပြခဲ့ဖူးတယ်။

ဥပမာ သုံးလအရွယ်ကလေးငယ်တစ်ယောက်ရဲ့ ဝမ်းထဲမှာပါဝင်တဲ့ အဏုဇီဝပိုးမွှားမျိုးစိတ်လေးခုဟာ ခန္ဓာကိုယ်ထဲမှာ ကြာရှည်တည်မြဲနေရင် ကလေးငယ်အသက်ကြီးလာချိန်မှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာလျော့ပါးစေတဲ့ အာနိသင်ရှိနေတယ်။ အဲဒီအဏုဇီဝပိုးမွှားတွေကို ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ ပန်းနာရင်ကျပ်ရောဂါပိုးကို ထိုးသွင်းပေးတဲ့အခါ ကိုယ်ခံအားကောင်းကောင်းနဲ့ ခုခံနိုင်တာကို တွေ့ရပါတယ်။

ပြဿနာက ဆေးပညာထွန်းကားလွန်းတဲ့ခေတ်မှာ ကာကွယ်ဆေးတွေ ငယ်စဉ်ကတည်းက ထိုးပေးနေရင်း ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲက သဘာဝအဏုဇီဝပိုးမွှားတွေ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာပါပဲ။ ဒါကို ဖြေရှင်းဖို့ မျှခြေတစ်ခုဖန်တီးပေးရမယ်။ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးကတော့ ကလေးတွေကို အလွန်အမင်းသန့်ရှင်းနေအောင် ထိန်းချုပ်ကွပ်ကဲထားတာမျိုးကနေ ဖြေလျှော့ပေးလိုက်ဖို့ ဖြစ်ပါတယ်။ မြေကြီးပေါ်မှာ၊ မြက်ခင်းပေါ်မှာ လူးလှိမ့်ဆော့ကစားရင်း ဗက်တီးရီးယားတွေနဲ့ ထိတွေ့နေခြင်းဟာ သဘာဝမျှခြေတစ်ခုကို ပြန်လည်ဖန်တီးပေးနိုင်တဲ့ သဘောပါပဲ။ကလေးတွေကို နည်းနည်းညစ်ပတ်ခွင့်ပေးလိုက်ပါလို့ပဲ ပြောရမှာပါ။

ခေတ်သစ်ဆေးပညာသုတေသီတွေက အဏုဇီဝပိုးမွှားတွေရဲ့လူ့ကျန်းမာရေး အထောက်အပံ့ရပ်တည်မှုဟာ အင်မတန်အရေးကြီးတယ်လို့ ခံယူထားပါတယ်။ အဲဒီ ပိုးမွှားလေးတွေကို လူ့ခန္ဓာကိုယ်ရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် တင်စားမှုတွေ ရှိနေတယ်။ ကလေးတွေရဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း ပေါက်ပွားရှင်သန်တဲ့ အဏုဇီဝပိုးမွှားလေးတွေကလည်း အရေးကြီးဆုံး အစိတ်အပိုင်းအနေနဲ့ အဲဒီကောက်ချက်မှာ ပါဝင်နေတယ်။

သူတို့ဟာ အခြေခံဇီဝဗေဒလုပ်ငန်းစဉ်တွေမှာ ပါဝင်နေရုံတင်မကဘဲ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကူးသွားပြီး ကျူးကျော်ဝင်ရောက်လာတဲ့ အဖျက်ပိုးတွေကို ဘယ်လိုဘယ်ပုံခုခံနိုင်တယ်ဆိုတာကို ကျန်းမာရေးအထောက်အကူပြု ဆဲလ်တွေဆီ သင်ကြားပေးနိုင်စွမ်းလည်း ရှိပါတယ်။ တစ်နည်းအားဖြင့် မျိုးဗီဇလုပ်ငန်းစဉ် ကူးပြောင်းပြီး ကျန်းမာရေးအထောက်အကူပြု ဆဲလ်တွေရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့ အကူအညီပေးနိုင်တယ်။ အင်မတန်သေးမွှားပြီး မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ မော်လီကျူးအဆင့်လောက် အနေအထားမှာ ဒီလုပ်ငန်းစဉ်မျိုးကို အဏုဇီဝပိုးမွှားလေးတွေ ဘယ်လိုဘယ်ပုံ လုပ်ဆောင်သလဲဆိုတာကို ပညာရှင်တွေ ပဟေဠိဆန်ဆန် အဖြေရှာနေတုန်းပါ။

အဏုဇီဝပိုးမွှားလေးတွေရဲ့ နောက်ထပ်အခြေခံလုပ်ငန်းစဉ်တစ်ခုက လူသားတွေရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို ထိန်းညှိခြင်းပါ။ တခြားသက်ရှိတွေလိုပဲ လူတွေဟာ စွမ်းအင်ကဏ္ဍအတွက် အစားအသောက်ကို မှီခိုရပါတယ်။ အစားအသောက်တွေကို အူတွေက ချေဖျက်ပြီး အာဟာရတွေကို စုပ်ယူတယ်။ အဲဒီအပိုင်းမှာ အူတွေကချည်း သီးသန့်လုပ်နေတာ မဟုတ်ပါဘူး။ အူထဲမှာရှိတဲ့ ဗက်တီးရီးယားလေးတွေက အင်မတန်အရေးပါတဲ့ စစ်ကူတွေ ဖြစ်ပါတယ်။ နောက်ဆုံးသုတေသနရလဒ်တွေအရဆိုရင် သွေးကြောနံရံလေးတွေ အားကောင်းဖို့ကိုတောင် အဏုဇီဝပိုးမွှားလေးတွေက ကူညီနေတတ်တယ်လို့ သိရပါတယ်။

လူ့သမိုင်းကို ပြန်ကြည့်ရင် ဒီနေ့ခေတ်အခါလောက် ကလေးတွေကို သန့်သန့်ရှင်းရှင်းထားဖို့ မိဘတွေက အာရုံစိုက်လာတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မြေမထိလေမထိ ကြီးပြင်းလာတဲ့ ကလေးငယ် အမြောက်အမြား ရှိနေကြတယ်။ ဆေးဝါးပေါင်းစုံ မှီဝဲစေတဲ့အပြင် အသန့်လွန်နေအောင် အရိပ်တကြည့်ကြည့် ဂရုစိုက်ခံထားရတဲ့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်တွေဟာ အဏုဇီဝပိုးမွှားလေးတွေ သဘာဝအတိုင်း ရှင်သန်နေထိုင်ဖို့ ဘယ်လိုနည်းနဲ့မှ အဆင်မပြေဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

ပညာရှင်တွေက ဂျူလီယာရဲ့သားနှစ်ယောက်လို ကြက်ချေးဝက်ချေးလူးနေဖို့ အကြံမပေးပါဘူး။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးတွေကို အိမ်အပြင်ဘက် မြေပြင်ပေါ်မှာ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ဆော့ကစားတာမျိုး ခွင့်ပြုပေးသင့်တယ်လို့ ထောက်ခံကြတယ်။ ‘‘အား . . .  ရွှံ့တွေ ပေပွပြီးရွံစရာကြီး’’ဆိုတာမျိုး၊ ‘‘အဲဒီလိုလျှောက်မကိုင်နဲ့လေ။ ညစ်ပတ်တယ်’’ဆိုတာမျိုးတွေ ခဏမေ့ထားဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါဟာ ကလေးတွေရဲ့ အိမ်တွင်းနေထိုင်မှု ပြင်ပကဒုတိယသဘာဝ လှုပ်ရှားမှုအဖြစ် အလေးထားဖို့ လိုပါလိမ့်မယ်။

ကလေးတွေကို ညစ်ပတ်ပေရေနေတဲ့ ဆော့ကစားပုံကနေ လုံးဝဥဿုံတားမြစ်ထားခြင်းဟာ သူတို့ရဲ့ခန္ဓာကိုယ်တွင်း ပုံမှန်လုပ်ငန်းစဉ်တွေ အထောက်အပံ့ ဖြစ်စေမယ့် အဏုဇီဝပိုးမွှားလေးတွေကို ပိတ်ပင်ထားတဲ့သဘော သက်ရောက်သွားနိုင်ကြောင်း ထည့်တွက်ရပါမယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ အစာအာဟာရကို စနစ်တကျရွေးချယ်ပေးပြီး အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးလို့ရပါတယ်။ ဒီနေ့ခေတ် ကမ္ဘာ့စားနပ်ရိက္ခာအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းဟာ အပင်မျိုးစိတ် ၁၂ ခုနဲ့ တိရစ္ဆာန်မျိုးစိတ်ငါးခုကိုပဲ အခြေခံထားတာပါ။ အဲဒီထဲကမှ ဆန်၊ ပြောင်းနဲ့ ဂျုံတို့ဟာ ကလေးတွေအတွက် လိုအပ်တဲ့စွမ်းအင်နဲ့အာဟာရကို အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။

အဏုဇီဝပိုးမွှားလေးတွေအတွက် ရန်သူဖြစ်နိုင်ခြေတစ်မျိုးက ပိုးသတ်ဆေးတွေပါ။ ပိုးသတ်ဆေးတွေဟာ လူ့အသက် သန်းပေါင်းများစွာကို ကြိုတင်ကယ်တင်နိုင်ကြောင်း သက်သေပြပြီးပါပြီ။ ဒါပေမဲ့ ဆေးဆိုတာ ပဲ့ထိန်းဒုံး မဟုတ်ပါဘူး။ ဒီဆေးဝါးတွေက ဖျက်ဆီးပစ်တဲ့ ပစ်မှတ်ဟာ သက်ဆိုင်ရာရောဂါပိုးတင်မကဘဲ လူ့ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားတွေကိုပါ သေကျေစေတာမျိုး ဖြစ်နိုင်ပါတယ်။ သုတေသီတွေက ကလေးဘဝကတိုက်ကျွေးတဲ့ ဆေးဝါးတွေဟာ အဝလွန်မှု၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်မှုလို ပြဿနာတွေနဲ့ ဆက်စပ်မှုရှိလာနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတောအတွင်းမှာ လွဲမှားတဲ့ကျန်းမာရေးအသိတွေနဲ့အတူ လူသားအကျိုးပြု အဏုဇီဝပိုးမွှားလေးတွေကို မျက်ကွယ်ပြုခဲ့တာ (ဒါမှမဟုတ်) ပျက်သုဉ်းစေခဲ့တာတွေ ကြာညောင်းခဲ့ပါပြီ။ သန့်ရှင်းမှုကို ဂရုစိုက်ခြင်းဟာ ကောင်းမွန်တဲ့အလေ့အထပါ။ ဒါပေမဲ့ အလွန်အကျွံသန့်ရှင်းခြင်းဟာ အလွန်အကျွံညစ်ပတ်ခြင်းလိုပဲ ဆိုးကျိုးသက်ရောက်မှု တချို့ရှိနိုင်တယ်ဆိုတာကို သတိမူဖို့လိုပါတယ်။အခုတော့ မျှခြေတစ်ခုကို ပြန်ဆောင်ယူဖို့ အချိန်ရောက်ပါပြီ။ ကလေးတွေကို နည်းနည်းတော့ ညစ်ပတ်ခွင့်ပေးလိုက်ရအောင်ပါ။

(Wall Street Journal မှ Get Your Children Good and Dirty ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top