Kantharyar Centre
×

ဘဝတေလ်ာက္လံုးေပ်ာ္ရႊင္စြာျဖတ္သန္းျပီး သက္ဆံုးတိုင္ တေယာက္ကိုတေယာက္ ခ်စ္ျမတ္ႏိုးေနတဲ့ ဇနီးေမာင္ႏွံေတြရဲ႕အေၾကာင္းေလးေတြကို ကၽြန္ေတာ္တို႔အားလံုး အရမ္းစိတ္ဝင္စားၾကတယ္။ ဒါဆိုရင္ သူတို႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြက ဘာလဲ။ ေရခ်ည္တည္ျမဲတဲ့အခ်စ္တစ္ခု အိမ္ေထာင္ေရးတစ္ခုကို သူတို႔ ဘယ္လိုတည္ ေဆာက္ၾကသလဲ။ ထာဝရတည္ျမဲတဲ့ အခ်စ္နဲ႔ပတ္သက္လို႔ စိတ္ေရဂါအထူးကဆရာဝန္ မာခ္ေဂါလ္စတင္ရဲ႕ အၾကံေပးခ်က္ ၁၀ ခု ကို ဖတ္ၾကည့္ၾကရေအာင္။

၁။ အိပ္ရာအတူဝင္ပါ။
အိပ္ရာအတူဝင္တယ္ဆိုတာ ညတိုင္းခ်စ္ရည္လူးပါလို႔ ေျပာတာမဟုတ္ဘူး။ ဒါေပမဲ့ သာမန္အိပ္ရာအတူဝင္တာမ်ိဳးကို ေျပာတာပါ။ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ဇနီးေမာင္ႏွံေတြဟာ အိပ္ရာအတူတူဝင္ ၾကပါတယ္။ အတူေပြ႔ဖက္ျပီး အိပ္စက္ရတာထက္ ခ်ိဳျမိန္တဲ့အရသာ မရွိပါဘူး။

၂။ ႏွစ္ဦးလံုးႏွစ္သက္တဲ့အရာေတြကို ဖန္တီးယူပါ။
ကိုယ္က ပန္းခ်ီဆြဲေနတဲ့အခါ သူက ေဘာလံုးကစားရတာကို ႏွစ္သက္တယ္ဆိုရင္ ဒါမွမဟုတ္ ကိုယ္အတြက္ ပ်င္းစရာအေကာင္းဆံုးအရာက သူ႔အတြက္ ေပ်ာ္ရႊင္စရာ ျဖစ္ေနတယ္ဆိုရင္လည္း ရပါတယ္။ ကိစၥမရွိပါဘူး။ ဒါေပမဲ့ ႏွစ္သက္မႈေတြ ထာဝရတည္ျမဲေနမွာ မဟုတ္တဲ့ အတြက္ တခ်ိဳ႕အရာေတြကို ေနာက္ကြယ္မွာ ကိုယ္က ဖန္တီးယူပါ။ ႏွစ္ဦးလံုးၾကိဳက္တဲ့အရာ မရွိေသးဘူးဆိုရင္ အတူရွာၾကပါ။ ႏွစ္ဦးအတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ရမယ့္အရာေတြရဲ႕ အေရးပါမႈကို ေလွ်ာ့မတြက္ပါနဲ႔။ တခ်ိန္ တည္းမွာပင္ တဖက္သူကို အရမ္းမွီခိုရာမက်ေအာင္ ကိုယ့္ရဲ႕ စိတ္ဝင္စားမႈကိုလည္း ျပဳစုပ်ိဳးေထာင္ပါ။ 

၃။ လက္တြဲထားပါ။
ေနာက္တစ္ၾကိမ္အတူ အျပင္ကိုသြားရင္ တေယာက္နဲ႔တေယာက္ ၾကင္နာစြာ လက္တြဲ ေလွ်ာက္ပါ။ ဒါဟာ အမ်ားအျမင္မွာ တေယာက္နဲ႔တေယာက္ ခ်စ္ခင္ယုယမႈကို ေဖာ္ျပရာေရာက္တယ္။ ကိုယ္ေလွ်ာက္တဲ့လမ္းမွာ အျခားအရာေတြကို ျမင္ရတာထက္ ကိုယ့္ခ်စ္သူလက္ကို တြဲခ်ိတ္ထားဖို႔က ပိုအေရးၾကီးတယ္။

၄။ အျမဲနားလည္ ခြင့္လႊတ္ပါ။
နားလည္ခြင့္လႊတ္ေပးဖို႔ဆိုတာက ကိုယ့္ရဲ႕စိတ္အေပၚမွာပဲ မူတည္တယ္။ ဒါေပမဲ့ စကားမ်ားျပီးတိုင္း သူ႔ကို အေႏွာင့္အယွက္ေပးတာ အာဃာတအျငိဳးထားမယ့္အစား ခြင့္လႊတ္နားလည္ေပးမယ္ ဆိုရင္ ပိုမိုခိုင္ျမဲတဲ့ အိမ္ေထာင္တစ္ခုကို ရရွိမွာ ျဖစ္တယ္။

၅။ အဆိုးမျမင္ဘဲ အေကာင္းျမင္တတ္ပါေစ။
အေကာင္းဘက္ကေန ရႈျမင္သံုးသပ္တတ္တာဟာ အစဥ္အဆက္ အသံုးျပဳခဲ့တဲ့ အယူအဆတစ္ခုျဖစ္ပါတယ္။ ကေလးသူငယ္ေတြနဲ႔ တိရစာၦန္ေတြကို ေလ့က်င့္ေပးတဲ့အခါေတာင္ မွ အဲ့ဒီနည္းကို အသံုးျပဳသလို လူၾကီးေတြနဲ႔ ထိေတြ႔ဆက္ဆံတဲ့အခါလည္း သံုးဖို႔လိုပါတယ္။ ဒါေၾကာင္း ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္က တခုခုကိုလုပ္ႏိုင္တဲ့အခါ ခ်ီးက်ဴးပါ။ သူ အမွားလုပ္မိတဲ့အခါမွာလည္း အျပစ္မျမင္ပါနဲ႔။ ဒါဆို ရင္ ျငိမ္းခ်မ္းတဲ့ အိမ္ေထာင္ေရးသုခကို ရွာေတြ႕လိမ့္မယ္။

၆။ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ပါ။
အခ်ိန္ရရင္ရသလို ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ကုိ ေပြ႔ဖက္ပါ။ ဘာေၾကာင္းလဲဆို ေတာ့ ကၽြန္ေတာ္တို႔ရဲ႕အေရျပားမွာ အခ်စ္ အမုန္း ပစ္ပယ္မႈကို ခံစားႏိုင္တဲ့ မွတ္ဥာဏ္ေလးေတြပါရွိေနပါတယ္။ ဟဲလို အခ်စ္ေလးဆိုျပီး ေႏြးေထြးၾကင္နာစြာ ေပြ႔ဖက္ၾကတဲ့ ဇနီးေမာင္ႏွံေတြဟာ အခ်စ္ရဲ႕အထိအေတြ႔ကို အျမဲခံစားေနရမွာျဖစ္ျပီး အဲဒီအထိအေတြ႔က ကမာၻေက်ာ္တဲ့သူတစ္ေယာက္ ျဖစ္ေအာင္ ဖန္တီးေပးပါတယ္။

၇။ ေန႔တိုင္း "ခ်စ္တယ္" "ေကာင္းေသာေန႔ေလးျဖစ္ပါေစ" ဟု ေျပာပါ။
အျမင္မွာ ရိုးေပမဲ့ တကယ္ထိေရာက္တဲ့ နည္းတစ္ခုပါ။ အခုလိုမ်ိဳး ၾကင္နာေႏြးေထြးတဲ့ စကားတစ္ခြန္းကို စေေျပာလိုက္ျခင္းဟာ တဖက္သားကို အေလး ထားရာေရာက္ျပီး တဖက္သားေက်နပ္ေစကာ ပိုမိုခိုင္ျမဲတဲ့ အိမ္္ေထာင္ေရးကို ပိုင္ဆိုင္ရမွာ ျဖစ္တယ္။

၈။ စိတ္ထဲမွာ ဘယ္လိုဘဲခံစားေနရပါေစ "ေကာင္းေသာည"ပါလို႔ ေနတိုင္းေျပာပါ။
စကားမ်ား၊ ရန္ျဖစ္ျပီး အိပ္ယာ ကို မဝင္ပါနဲ႔။ သူ႔အေပၚ ဘယ္ေလာက္ထိစိတ္ဆိုး စိတ္ေကာက္ေနပါေစ ေကာင္းေသာညပါလို႔ အမူအရာေလး ျပလိုက္တာဟာ ဘဝခရီးအတူဆက္ေလ်ာက္ၾကမယ္ဆိုတဲ့ အဓိပၸါယ္ေလး ျဖစ္ေစတာေၾကာင့္ အိမ္ေထာင္ေရး ကို ခိုင္ျမဲေစတယ္။

၉။ အျမဲမျပတ္ ဆက္သြယ္ပါ။
အလုပ္ျပီးခ်ိန္ သူနဲ႔ေတြ႔တဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြကို ဘယ္လိုျဖည့္စည္းေပးရ မလဲ၊ ဘာလုပ္ေပးရမယ္ဆိုတာကိုသိရေအာင္ အျမဲမျပတ္ဆက္သြယ္ပါ။ ဆိုလိုတာက သူအဆင္မေျပခဲ့ရင္ ေဘးကဘယ္လိုေဖးမကူညီေပးရမယ္ ဘယ္လိုေပ်ာ္ရႊင္ေအာင္လုပ္ေပးရမယ္ဆိုတာကို သိရေအာင္လို႔ပါ။ ဒီလိုအျမဲမျပတ္ ဆက္သြယ္ေပးရင္ တစ္ဦးႏွင့္တစ္ဦးမခြဲအတူ ေပ်ာ္ရႊင္စြာျဖစ္သန္းႏိုင္ပါလိမ့္မယ္။

၁၀။ ဂုဏ္ယူဝင့္ၾကြားစြာ ေတြ႔ဆံုပါ။
ၾကင္နာေႏြးေထြးမႈႏွင့္ အရွက္မရွိပလူးပလဲေနထိုင္ျခင္းၾကားမွာ စည္းတ ေၾကာင္းျခားပါတယ္။ ဒါေပမဲ့ လူပံုအလည္မွာ ၾကင္နာေႏြးေထြးမႈကိုျပဖို႔ သိပ္အေရးၾကီးပါတယ္လို႔ ေဒါက္တာ ေဂါလ္စတင္က ေျပာၾကားလိုက္ပါတယ္။ အဲဒါဟာ အရွက္မရွိပလူးပလဲေနထိုင္ျခင္းမ်ိဳး မဟုတ္ပါဘူး။ တစ္ေယာက္ႏွင့္တစ္ေယာက္ရဲ႕ ေမတၱာအတိမ္အနက္ကို ျပသတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ဘဝတလျောက်လုံးပျော်ရွှင်စွာဖြတ်သန်းပြီး သက်ဆုံးတိုင် တယောက်ကိုတယောက် ချစ်မြတ်နိုးနေတဲ့ ဇနီးမောင်နှံတွေရဲ့အကြောင်းလေးတွေကို ကျွန်တော်တို့အားလုံး အရမ်းစိတ်ဝင်စားကြတယ်။ ဒါဆိုရင် သူတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာလဲ။ ရေချည်တည်မြဲတဲ့အချစ်တစ်ခု အိမ်ထောင်ရေးတစ်ခုကို သူတို့ ဘယ်လိုတည် ဆောက်ကြသလဲ။ ထာဝရတည်မြဲတဲ့ အချစ်နဲ့ပတ်သက်လို့ စိတ်ရေဂါအထူးကဆရာဝန် မာခ်ဂေါလ်စတင်ရဲ့ အကြံပေးချက် ၁၀ ခု ကို ဖတ်ကြည့်ကြရအောင်။

၁။ အိပ်ရာအတူဝင်ပါ။
အိပ်ရာအတူဝင်တယ်ဆိုတာ ညတိုင်းချစ်ရည်လူးပါလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သာမန်အိပ်ရာအတူဝင်တာမျိုးကို ပြောတာပါ။ ပျော်ရွှင်ကြည်နူးနေတဲ့ ဇနီးမောင်နှံတွေဟာ အိပ်ရာအတူတူဝင် ကြပါတယ်။ အတူပွေ့ဖက်ပြီး အိပ်စက်ရတာထက် ချိုမြိန်တဲ့အရသာ မရှိပါဘူး။

၂။ နှစ်ဦးလုံးနှစ်သက်တဲ့အရာတွေကို ဖန်တီးယူပါ။
ကိုယ်က ပန်းချီဆွဲနေတဲ့အခါ သူက ဘောလုံးကစားရတာကို နှစ်သက်တယ်ဆိုရင် ဒါမှမဟုတ် ကိုယ်အတွက် ပျင်းစရာအကောင်းဆုံးအရာက သူ့အတွက် ပျော်ရွှင်စရာ ဖြစ်နေတယ်ဆိုရင်လည်း ရပါတယ်။ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ နှစ်သက်မှုတွေ ထာဝရတည်မြဲနေမှာ မဟုတ်တဲ့ အတွက် တချို့အရာတွေကို နောက်ကွယ်မှာ ကိုယ်က ဖန်တီးယူပါ။ နှစ်ဦးလုံးကြိုက်တဲ့အရာ မရှိသေးဘူးဆိုရင် အတူရှာကြပါ။ နှစ်ဦးအတူတူ ပျော်ပျော်ရွှင်ရွှင်လုပ်ရမယ့်အရာတွေရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ တချိန် တည်းမှာပင် တဖက်သူကို အရမ်းမှီခိုရာမကျအောင် ကိုယ့်ရဲ့ စိတ်ဝင်စားမှုကိုလည်း ပြုစုပျိုးထောင်ပါ။

၃။ လက်တွဲထားပါ။
နောက်တစ်ကြိမ်အတူ အပြင်ကိုသွားရင် တယောက်နဲ့တယောက် ကြင်နာစွာ လက်တွဲ လျှောက်ပါ။ ဒါဟာ အများအမြင်မှာ တယောက်နဲ့တယောက် ချစ်ခင်ယုယမှုကို ဖော်ပြရာရောက်တယ်။ ကိုယ်လျှောက်တဲ့လမ်းမှာ အခြားအရာတွေကို မြင်ရတာထက် ကိုယ့်ချစ်သူလက်ကို တွဲချိတ်ထားဖို့က ပိုအရေးကြီးတယ်။

၄။ အမြဲနားလည် ခွင့်လွှတ်ပါ။
နားလည်ခွင့်လွှတ်ပေးဖို့ဆိုတာက ကိုယ့်ရဲ့စိတ်အပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ စကားများပြီးတိုင်း သူ့ကို အနှောင့်အယှက်ပေးတာ အာဃာတအငြိုးထားမယ့်အစား ခွင့်လွှတ်နားလည်ပေးမယ် ဆိုရင် ပိုမိုခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို ရရှိမှာ ဖြစ်တယ်။

၅။ အဆိုးမမြင်ဘဲ အကောင်းမြင်တတ်ပါစေ။
အကောင်းဘက်ကနေ ရှုမြင်သုံးသပ်တတ်တာဟာ အစဉ်အဆက် အသုံးပြုခဲ့တဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ကလေးသူငယ်တွေနဲ့ တိရစ္ဆာန်တွေကို လေ့ကျင့်ပေးတဲ့အခါတောင် မှ အဲ့ဒီနည်းကို အသုံးပြုသလို လူကြီးတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါလည်း သုံးဖို့လိုပါတယ်။ ဒါကြောင်း ကိုယ့်ရဲ့ အိမ်ထောင်ဖက်က တခုခုကိုလုပ်နိုင်တဲ့အခါ ချီးကျူးပါ။ သူ အမှားလုပ်မိတဲ့အခါမှာလည်း အပြစ်မမြင်ပါနဲ့။ ဒါဆို ရင် ငြိမ်းချမ်းတဲ့ အိမ်ထောင်ရေးသုခကို ရှာတွေ့လိမ့်မယ်။

၆။ နွေးနွေးထွေးထွေး ပွေ့ဖက်ပါ။
အချိန်ရရင်ရသလို ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ပွေ့ဖက်ပါ။ ဘာကြောင်းလဲဆို တော့ ကျွန်တော်တို့ရဲ့အရေပြားမှာ အချစ် အမုန်း ပစ်ပယ်မှုကို ခံစားနိုင်တဲ့ မှတ်ဉာဏ်လေးတွေပါရှိနေပါတယ်။ ဟဲလို အချစ်လေးဆိုပြီး နွေးထွေးကြင်နာစွာ ပွေ့ဖက်ကြတဲ့ ဇနီးမောင်နှံတွေဟာ အချစ်ရဲ့အထိအတွေ့ကို အမြဲခံစားနေရမှာဖြစ်ပြီး အဲဒီအထိအတွေ့က ကမ္ဘာကျော်တဲ့သူတစ်ယောက် ဖြစ်အောင် ဖန်တီးပေးပါတယ်။

၇။ နေ့တိုင်း "ချစ်တယ်" "ကောင်းသောနေ့လေးဖြစ်ပါစေ" ဟု ပြောပါ။
အမြင်မှာ ရိုးပေမဲ့ တကယ်ထိရောက်တဲ့ နည်းတစ်ခုပါ။ အခုလိုမျိုး ကြင်နာနွေးထွေးတဲ့ စကားတစ်ခွန်းကို စေပြောလိုက်ခြင်းဟာ တဖက်သားကို အလေး ထားရာရောက်ပြီး တဖက်သားကျေနပ်စေကာ ပိုမိုခိုင်မြဲတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမှာ ဖြစ်တယ်။

၈။ စိတ်ထဲမှာ ဘယ်လိုဘဲခံစားနေရပါစေ "ကောင်းသောည"ပါလို့ နေတိုင်းပြောပါ။
စကားများ၊ ရန်ဖြစ်ပြီး အိပ်ယာ ကို မဝင်ပါနဲ့။ သူ့အပေါ် ဘယ်လောက်ထိစိတ်ဆိုး စိတ်ကောက်နေပါစေ ကောင်းသောညပါလို့ အမူအရာလေး ပြလိုက်တာဟာ ဘဝခရီးအတူဆက်လျောက်ကြမယ်ဆိုတဲ့ အဓိပ္ပါယ်လေး ဖြစ်စေတာကြောင့် အိမ်ထောင်ရေး ကို ခိုင်မြဲစေတယ်။

၉။ အမြဲမပြတ် ဆက်သွယ်ပါ။
အလုပ်ပြီးချိန် သူနဲ့တွေ့တဲ့အခါ မျှော်လင့်ချက်တွေကို ဘယ်လိုဖြည့်စည်းပေးရ မလဲ၊ ဘာလုပ်ပေးရမယ်ဆိုတာကိုသိရအောင် အမြဲမပြတ်ဆက်သွယ်ပါ။ ဆိုလိုတာက သူအဆင်မပြေခဲ့ရင် ဘေးကဘယ်လိုဖေးမကူညီပေးရမယ် ဘယ်လိုပျော်ရွှင်အောင်လုပ်ပေးရမယ်ဆိုတာကို သိရအောင်လို့ပါ။ ဒီလိုအမြဲမပြတ် ဆက်သွယ်ပေးရင် တစ်ဦးနှင့်တစ်ဦးမခွဲအတူ ပျော်ရွှင်စွာဖြစ်သန်းနိုင်ပါလိမ့်မယ်။

၁၀။ ဂုဏ်ယူဝင့်ကြွားစွာ တွေ့ဆုံပါ။
ကြင်နာနွေးထွေးမှုနှင့် အရှက်မရှိပလူးပလဲနေထိုင်ခြင်းကြားမှာ စည်းတ ကြောင်းခြားပါတယ်။ ဒါပေမဲ့ လူပုံအလည်မှာ ကြင်နာနွေးထွေးမှုကိုပြဖို့ သိပ်အရေးကြီးပါတယ်လို့ ဒေါက်တာ ဂေါလ်စတင်က ပြောကြားလိုက်ပါတယ်။ အဲဒါဟာ အရှက်မရှိပလူးပလဲနေထိုင်ခြင်းမျိုး မဟုတ်ပါဘူး။ တစ်ယောက်နှင့်တစ်ယောက်ရဲ့ မေတ္တာအတိမ်အနက်ကို ပြသတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top