Property Expo
×






#Unicode Version

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က သရုပ်ဖော်အနုပညာသည် လူငယ်တစ်ဦးက သူ့ရဲ့ထူးခြားအံ့သြဖွယ်ကောင်းတဲ့ အနုပညာနဲ့ လူတွေကို ရှော့ခ်ရသွားစေလောက်အောင် အံ့သြစရာကောင်းတဲ့ တင်ဆက်မှုပြသမှုကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါက ဘာလဲဆိုတော့ သူ့ရဲ့မွေးရာပါ ပစ္စည်းကို ဖြတ်တောက်ပြီး တော့ ရောင်းချကာ စားစရာအဖြစ် ချက်ပြုတ်တည်ဧည့်ခံဖို့ပါပဲ။ ဒီလိုမျိုး အံ့အားသင့်စရာ လုပ်ဆောင်ဖန်တီးမှုအတွက် အွန်လိုင်း ဆိုရှယ်ပေါ်မှာ သူ့ရဲ့ပစ္စည်းရောင်းချမှုအတွက် အရောင်းကြော်ငြာ ဖွင့်ထားတယ်လို့ သိရပါတယ်။

ယွမ် တစ်သိန်း(ဒေါ်လာ ၁ ထောင်ကျော်) နဲ့ ရောင်းချဖို့အတွက်ကို မှာယူထားတဲ့သူ ၆ ဦးရှိနေပါတယ်။ သူ့အနေနဲ့ ဒီလို အံ့အားသင့်စ ရာနဲ့ ကြောက်စရာကောင်းတဲ့ လုပ်ဆောင်မှုအတွက် ရည်ရွယ်ချက် မှာ ကျားတွေအတွက် လိင်ပိုင်းဆိုင်ရာအစိတ်အပိုင်းကို ဖုံးအုပ်ဝတ် ဆင်ရတာကို စိတ်ကျေနပ်မှုမရှိသလို ဒီလိုဖြတ်တောက်လိုက်ခြင်း ကြောင့် ဝတ်ချင်တဲ့အဝတ်အစားတွေကို စိတ်ကြိုက်ဝတ်ဆင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းပြီး အံ့သြဆန်းကြယ်တဲ့ အကြောင်းကို ဆိုရှယ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး စကားအငြင်းအခုံမှုတွေ၊ ဝေဖန်မှုတွေ အများအပြားလည်းရှိလာ ကာ လူသိများစိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top