Kantharyar Centre
×

ခ်င္းျပည္နယ္ထြန္းဇံျမိဳ့နယ္အတြင္းရွိ စာသင္ေက်ာင္းတြင္ ေတြ့ရွိရသည့္ ေကာ်င္းသားေက်ာင္းသူေလးမ်ား-
(ဓါတ္ပံု-စိုင္းေဇာ္)

အေျခခံပညာေက်ာင္း မ်ားရွိ ေက်ာင္းသားလူငယ္မ်ား၏ ေဆးလိပ္၊ ေဆးရြက္ႀကီးႏွင့္ ကြမ္း သုံးစဲြမႈအျပင္ အျခားက်န္းမာေရး ဆုိင္ရာ အခ်က္မ်ားပါ၀င္ေသာ သု ေတသနစစ္တမ္းတစ္ခုကုိ ယခုလစတင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆုိပါ ကမၻာလုံးဆုိင္ရာ ေက်ာင္းအေျချပဳ ေက်ာင္းသားလူ ငယ္မ်ား က်န္းမာေရးသုေတသန ကို ေက်ာင္းေပါင္း၅၀တြင္ ကမၻာ့က်န္းမာေရးအဖဲြ႕၏အေထာက္အပံ့ျဖင့္ အေျခခံပညာဦးစီးဌာနႏွင့္ ပူးေပါင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ ေက်ာင္းက်န္းမာေရးဌာနခဲြမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

‘‘ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ အေျခခံပညာေက်ာင္းေတြ အား လုံးထဲကမွ ၇၊၈၊၉ တန္းနဲ႔ ၁၀ တန္းရွိတဲ့ ေက်ာင္းငါးဆယ္ကို က်ပန္းေရြးခ်ယ္ၿပီး သုေတသနျပဳလုပ္မွာပါ။ ဒီသုေတသနက(၁၃)ႏွစ္ကေန(၁၇)ႏွစ္ၾကားရွိတဲ့ ေက်ာင္းသားလူငယ္ေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အျပဳအမူေတြ၊ ကာကြယ္ေပးႏုိင္တဲ့ အခ်က္အလက္ေတြကို သုေတသနျပဳလုပ္တာ ျဖစ္ပါတယ္’’ ဟု ၎ကေျပာသည္။

ေက်ာင္းက်န္းမာေရးႏွင့္ လူ ငယ္က်န္းမာေရးဆုိင္ရာ မူ၀ါဒမ်ား ခ်မွတ္အေကာင္အထည္ေဖာ္ရာ တြင္ ဦးစားေပးေဆာင္ရြက္ရမည့္ နယ္ပယ္ႏွင့္ လုပ္ငန္းစဥ္မ်ား ေရြး ခ်ယ္ေရးအတြက္ တိက်ေသာ လူ ငယ္က်န္းမာေရးဆုိင္ရာ သတင္း အခ်က္အလက္မ်ားေပးရန္၊ ႏုိင္ငံ မ်ား အခ်င္းခ်င္းလူငယ္က်န္းမာ ေရးဆုိင္ရာ သတင္းအခ်က္အ လက္မ်ား ႏႈိင္းယွဥ္ေဖာ္ျပရန္ႏွင့္ ႏုိင္ငံအတြင္းရွိ ေက်ာင္းက်န္းမာ ေရးႏွင့္ လူငယ္က်န္းမာေရးျမႇင့္ တင္ျခင္းဆုိင္ရာလုပ္ငန္းစဥ္မ်ား အား ဆန္းစစ္ႏုိင္ရန္ အဆုိပါ သု ေတသနစစ္တမ္းကို ျပဳလုပ္ျခင္း ျဖစ္သည္။

 ယင္းသုေတသနတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေဆးလိပ္၊ ေဆးရြက္ႀကီးႏွင့္ ကြမ္း သုံးစဲြမႈအပါအ၀င္ ၎တို႔၏ကိုယ္ ေရးအခ်က္အလက္မ်ား၊ အရပ္အ ေမာင္း၊ ကိုယ္အေလးခ်ိန္၊ အစား အစာ စားေသာက္မႈပုံစံ၊ တစ္ကိုယ္ရည္သန္႔ရွင္းေရး၊ ထိခုိက္ဒဏ္ရာရရွိမႈ၊ အႏုိင္က်င့္ခံရျခင္း၊ စိတ္ခံစားမႈႏွင့္ ေပါင္းသင္းဆက္ဆံေရး၊ အရက္ႏွင့္ မူးယစ္ေစတတ္ေသာ ယမကာမ်ား ေသာက္သုံးမႈ၊ မူး ယစ္ေဆး၀ါးသုံးစဲြမႈ၊ အားကစား ႏွင့္ကိုယ္လက္လႈပ္ရွားမႈ၊ ေက်ာင္းႏွင့္ အိမ္အေတြ႕အႀကံဳမ်ား၊ HIV, AIDS ေရာဂါႏွင့္ပတ္သက္သည့္ ဗဟုသုတမ်ားပါ၀င္သည္။

ကမၻာတစ္၀န္းလုံးရွိ ႏုိင္ငံ ေပါင္းတစ္ရာေက်ာ္တြင္လည္း အ ဆုိပါ သုေတသနကို ေဆာင္ရြက္ လ်က္ရွိကာ ျမန္မာႏုိင္ငံ၌ ၂၀၀၇က ပထမအႀကိမ္ကမၻာလုံးဆုိင္ရာ ေက်ာင္းသားလူငယ္မ်ား က်န္းမာေရးသုေတသနကို ေဆာင္ရြက္ခဲ့ ၿပီး ယခုအႀကိမ္မွာ ဒုတိယအႀကိမ္ ျဖစ္ေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် တွေ့ရသည့် ကျောင်းသား၊ ကျောင်းသူလေးများ(ဓာတ်ပုံ−စိုင်းဇော်)

အခြေခံပညာကျောင်း များရှိ ကျောင်းသားလူငယ်များ၏ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်း သုံးစွဲမှုအပြင် အခြားကျန်းမာရေး ဆိုင်ရာ အချက်များပါဝင်သော သု တေသနစစ်တမ်းတစ်ခုကို ယခုလစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ကျောင်းအခြေပြု ကျောင်းသားလူ ငယ်များ ကျန်းမာရေးသုတေသန ကို ကျောင်းပေါင်း၅၀တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အထောက်အပံ့ဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ အား လုံးထဲကမှ ၇၊၈၊၉ တန်းနဲ့ ၁၀ တန်းရှိတဲ့ ကျောင်းငါးဆယ်ကို ကျပန်းရွေးချယ်ပြီး သုတေသနပြုလုပ်မှာပါ။ ဒီသုတေသနက(၁၃)နှစ်ကနေ(၁၇)နှစ်ကြားရှိတဲ့ ကျောင်းသားလူငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အပြုအမူတွေ၊ ကာကွယ်ပေးနိုင်တဲ့ အချက်အလက်တွေကို သုတေသနပြုလုပ်တာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ကျောင်းကျန်းမာရေးနှင့် လူ ငယ်ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာ တွင် ဦးစားပေးဆောင်ရွက်ရမည့် နယ်ပယ်နှင့် လုပ်ငန်းစဉ်များ ရွေး ချယ်ရေးအတွက် တိကျသော လူ ငယ်ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များပေးရန်၊ နိုင်ငံ များ အချင်းချင်းလူငယ်ကျန်းမာ ရေးဆိုင်ရာ သတင်းအချက်အ လက်များ နှိုင်းယှဉ်ဖော်ပြရန်နှင့် နိုင်ငံအတွင်းရှိ ကျောင်းကျန်းမာ ရေးနှင့် လူငယ်ကျန်းမာရေးမြှင့် တင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ အား ဆန်းစစ်နိုင်ရန် အဆိုပါ သု တေသနစစ်တမ်းကို ပြုလုပ်ခြင်း ဖြစ်သည်။

 ယင်းသုတေသနတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်း သုံးစွဲမှုအပါအဝင် ၎င်းတို့၏ကိုယ် ရေးအချက်အလက်များ၊ အရပ်အ မောင်း၊ ကိုယ်အလေးချိန်၊ အစား အစာ စားသောက်မှုပုံစံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အနိုင်ကျင့်ခံရခြင်း၊ စိတ်ခံစားမှုနှင့် ပေါင်းသင်းဆက်ဆံရေး၊ အရက်နှင့် မူးယစ်စေတတ်သော ယမကာများ သောက်သုံးမှု၊ မူး ယစ်ဆေးဝါးသုံးစွဲမှု၊ အားကစား နှင့်ကိုယ်လက်လှုပ်ရှားမှု၊ ကျောင်းနှင့် အိမ်အတွေ့အကြုံများ၊ HIV, AIDS ရောဂါနှင့်ပတ်သက်သည့် ဗဟုသုတများပါဝင်သည်။

ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံ ပေါင်းတစ်ရာကျော်တွင်လည်း အ ဆိုပါ သုတေသနကို ဆောင်ရွက် လျက်ရှိကာ မြန်မာနိုင်ငံ၌ ၂၀၀၇က ပထမအကြိမ်ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလူငယ်များ ကျန်းမာရေးသုတေသနကို ဆောင်ရွက်ခဲ့ ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top