Kantharyar Centre
×

သင္ဟာ သင့္ရဲ႕ ခႏၶာကိုယ္ အေလးခ်ိန္ ကို ထိန္းညွိဖို႔ႀကိဳးစားေနတယ္ဆိုပါစို႔။ သင္ဟာ ဗိုက္နည္းနည္း ဆာလာခ်ိန္မွာ အစာေျပအျဖစ္ ေတြ႕တဲ့မုန္႔တစ္ခုခုကို စားလိုက္မိမွာပါ။ သင္ကေတာ့ နည္းနည္းေလးစားလိုက္လို႔ ဘာမွ မျဖစ္ပါဘူးလုိ႔ ေတြးလိုက္မိမွာပါ။ အမွန္တစ္ကယ္က ခႏၶာကိုယ္အေလးခ်ိန္ ထိန္းညွိဖို႔ႀကိဳးစား ေနသူေတြအတြက္ ေန႔စဥ္အစားအစာ ထဲကေန ေရွာင္ၾကဥ္ သင့္တဲ့ အစားအစာေတြရွိပါတယ္။ အဲဒါေတြကေတာ့ -

၁။ အာလူး

အာလူးကို ေၾကာ္တာပဲျဖစ္ေစ ၊ ျပဳတ္တာပဲ ျဖစ္ေစ အာလူးေတြဟာ သင့္ကို ေကာင္းမြန္ျခင္းေတြ မေပးႏိုင္ပါဘူး။ အာလူးစားရင္ေတာ့ ခႏၶာကိုယ္အေလးခ်ိန္က သိသိသာသာ တက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ အေလးခ်ိန္ ထိန္းညွိမယ္ဆိုရင္ေတာ့ အာလူးကို ေရွာင္ၾကဥ္သင့္ပါတယ္။

၂။ ႏြားႏို႔

ငယ္ငယ္ ကတည္းကၾကားဖူးခဲ့တာကေတာ့ ႏြားႏို႔ေသာက္ရင္ အားရွိတယ္ဆိုတာပါပဲ။ ဟုတ္ပါတယ္။ ႏြားႏို႔ က အားရွိေစသလို ခႏၶာကိုယ္ အစိတ္အပိုငး္ေတြႀကီးထြား လာေအာင္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ ႏြားႏို႔ေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္တိုးလာေစႏိုင္တာ ေသခ်ာတဲ့အတြက္ ကိုယ္အေလးခ်ိန္ထိန္းညွိေနသူ မ်ား အေနနဲ႔ ႏြားႏို႔ကို ေန႔စဥ္ ေသာက္ျခင္းကေန ေရွာင္ၾကဥ္သင့္ပါတယ္။

၃။ အခ်ိဳပြဲ

ကၽြႏ္ုပ္တို႔ အားလံုးဟာ အစာစားၿပီးခ်ိန္ေတြမွာ အခ်ိဳတည္းရတာကို သေဘာက်ပါတယ္။ အမွန္တစ္ကယ္ေတာ့ အခ်ိဳပြဲေတြမွာပါတဲ့ သၾကားဓါတ္ဟာ သင္ ကိုအေလးခ်ိန္ ေလ်ာ့က်ဖို႔ ႀကိဳးစားၿပီး လုပ္ေဆာင္ေနတဲ့ အျခားလုပ္ေဆာင္ခ်က္ေတြအားလံုး ကို ေႏွာင့္ယွက္လိုက္တာပါပဲ။ သၾကားဓါတ္ဟာ ခႏၶာကိုယ္ အေလးခ်ိန္ကို တိုးလာေစႏုိင္ပါတယ္။

၄။ သေရစာ

ကၽြႏ္ုပ္တို႔ဟာ ညေနေစာင္းရင္ ဗိုက္က အလိုလို ဆာလာတတ္ပါတယ္။ မ်ားေသာအားျဖင့္ စမူဆာ တို႔ ေကာ္ျပန္႔တို႔လို မုန္႔ႏွစ္နဲ႔ ေၾကာတဲ့ အစားအစာေတြကို စားတာမ်ားၾကပါတယ္။ က်န္းမာေရးအတြက္ မေကာင္းဘူးလို႔ ဘယ္သူေတြ ဘယ္ေလာက္ေျပာပါေစ ဗိုက္ဆာေနတဲ့အခ်ိန္မွာေတာ့ ကိုယ္ဘာစားေနလဲ ကိုယ္မသိေတာ့ပါဘူး။ ဒီလို သေရစာေတြစားတာဟာ ေန႔စဥ္ဆိုရင္ေတာ့ အဆင္မေျပႏိုင္ပါဘူး။ ေသခ်ာေပါက္ ကိုယ္အေလးခ်ိန္ တိုးလာေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

သင်ဟာ သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ကို ထိန်းညှိဖို့ကြိုးစားနေတယ်ဆိုပါစို့။ သင်ဟာ ဗိုက်နည်းနည်း ဆာလာချိန်မှာ အစာပြေအဖြစ် တွေ့တဲ့မုန့်တစ်ခုခုကို စားလိုက်မိမှာပါ။ သင်ကတော့ နည်းနည်းလေးစားလိုက်လို့ ဘာမှ မဖြစ်ပါဘူးလို့ တွေးလိုက်မိမှာပါ။ အမှန်တစ်ကယ်က ခန္ဓာကိုယ်အလေးချိန် ထိန်းညှိဖို့ကြိုးစား နေသူတွေအတွက် နေ့စဉ်အစားအစာ ထဲကနေ ရှောင်ကြဉ် သင့်တဲ့ အစားအစာတွေရှိပါတယ်။ အဲဒါတွေကတော့ -

၁။ အာလူး

အာလူးကို ကြော်တာပဲဖြစ်စေ ၊ ပြုတ်တာပဲ ဖြစ်စေ အာလူးတွေဟာ သင့်ကို ကောင်းမွန်ခြင်းတွေ မပေးနိုင်ပါဘူး။ အာလူးစားရင်တော့ ခန္ဓာကိုယ်အလေးချိန်က သိသိသာသာ တက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် အလေးချိန် ထိန်းညှိမယ်ဆိုရင်တော့ အာလူးကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ နွားနို့

ငယ်ငယ် ကတည်းကကြားဖူးခဲ့တာကတော့ နွားနို့သောက်ရင် အားရှိတယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်။ နွားနို့ က အားရှိစေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကြီးထွား လာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် နွားနို့သောက်ခြင်းဟာ ကိုယ်အလေးချိန်တိုးလာစေနိုင်တာ သေချာတဲ့အတွက် ကိုယ်အလေးချိန်ထိန်းညှိနေသူ များ အနေနဲ့ နွားနို့ကို နေ့စဉ် သောက်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

၃။ အချိုပွဲ

ကျွန်ုပ်တို့ အားလုံးဟာ အစာစားပြီးချိန်တွေမှာ အချိုတည်းရတာကို သဘောကျပါတယ်။ အမှန်တစ်ကယ်တော့ အချိုပွဲတွေမှာပါတဲ့ သကြားဓါတ်ဟာ သင် ကိုအလေးချိန် လျော့ကျဖို့ ကြိုးစားပြီး လုပ်ဆောင်နေတဲ့ အခြားလုပ်ဆောင်ချက်တွေအားလုံး ကို နှောင့်ယှက်လိုက်တာပါပဲ။ သကြားဓါတ်ဟာ ခန္ဓာကိုယ် အလေးချိန်ကို တိုးလာစေနိုင်ပါတယ်။

၄။ သရေစာ

ကျွန်ုပ်တို့ဟာ ညနေစောင်းရင် ဗိုက်က အလိုလို ဆာလာတတ်ပါတယ်။ များသောအားဖြင့် စမူဆာ တို့ ကော်ပြန့်တို့လို မုန့်နှစ်နဲ့ ကြောတဲ့ အစားအစာတွေကို စားတာများကြပါတယ်။ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပြောပါစေ ဗိုက်ဆာနေတဲ့အချိန်မှာတော့ ကိုယ်ဘာစားနေလဲ ကိုယ်မသိတော့ပါဘူး။ ဒီလို သရေစာတွေစားတာဟာ နေ့စဉ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သေချာပေါက် ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top