Property Expo
×

  ရခိုင္ျပည္နယ္ရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ ရြက္ရန္ ရခိုင္ျပည္နယ္ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္း သိမ္းေရး ေကာ္မတီတစ္ရပ္ဖြဲ႕ စည္း လိုက္ေၾကာင္း သတင္းရရွိ သည္။

အဆိုပါေကာ္မတီကို စက္ တင္ဘာ ၁ ရက္က စတင္ဖြဲ႕စည္း ၿပီး ေကာ္မတီဥကၠ႒အျဖစ္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ ဘ႑ာေရး၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးေက်ာ္ေအးသိန္းအား ေရြးခ်ယ္ခဲ့ၾကကာ အတြင္းေရးမွဴးအျဖစ္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတိုက္ဦးစီးဌာန (စစ္ေတြဌာနခြဲ)မွ ၫႊန္ၾကားေရးမွဴး ဦး ဘုန္းေက်ာ္၊ တြဲဖက္အတြင္းေရးမွဴးအျဖစ္ (ေျမာက္ဦး ဌာနခြဲ)မွ ၫႊန္ၾကားေရးမွဴး ဦးညိမ္းလြင္တို႔ ပါ၀င္ေၾကာင္း ယင္းေကာ္မတီ၏ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့ သည္။

‘‘ေကာ္မတီအေနနဲ႔ အမွား မရွိေအာင္ ကာကြယ္ထိန္းသိမ္း သြားမွာ ျဖစ္သလို ဘ႑ာေငြထိန္း သိမ္းမႈကိုလည္း အဖိတ္အစဥ္မရွိ ေအာင္ စနစ္တက်ေဆာင္ရြက္ သြားမွာ ျဖစ္ပါတယ္’’ဟု ၎က ဆိုသည္။

ေကာ္မတီသည္ ေရွးေဟာင္းသမိုင္း၀င္ အေဆာက္အအံုမ်ား အား ထိန္းသိမ္းမြမ္းမံရာတြင္ ေရွး ေဟာင္းလက္ရာမ်ား မပ်က္စီးေစ ဘဲ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ယခင္ ပ်က္စီးခဲ့သည္မ်ားကိုလည္း ျပန္လည္မြမ္းမံ၍ ကမၻာ့ယဥ္ေက်းမႈစာရင္း၀င္ရန္ ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေကာ္မတီမွ သတင္းရရွိသည္။

ရခိုင္ျပည္နယ္ ေျမာက္ဦး ၿမိဳ႕နယ္တြင္ ၁၅ ရာစုက တည္ ထားကိုးကြယ္ခဲ့သည့္ ေရွးေဟာင္း ေစတီပုထိုးေပါင္းေျမာက္ျမားစြာ တည္ရွိၿပီး ကမၻာ့ယဥ္ေက်းမႈအေမြ အႏွစ္စာရင္း၀င္ရန္ ေဆာင္ရြက္လ်က္ရွိသည္။

 ထို႔ျပင္ ေျမာက္ဦးရွိ ေရွး ေဟာင္းအေမြအႏွစ္မ်ားထက္ ေရွးက်ေသာ ဓည၀တီ၊ ေ၀သာလီႏွင့္ ေလးၿမိဳ႕ေခတ္ေရွးေဟာင္းယဥ္ ေက်းမႈအေမြအႏွစ္မ်ားစြာရွိေန ေသးေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ရွိ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ၂၀၁၅-၁၆ ဘ႑ာႏွစ္မွ စတင္ ကာ ျပည္နယ္အစိုးရအဖြဲ႕ရန္ပံု ေငြျဖင့္ ေဆာင္ရြက္ခဲ့ၿပီး ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေသာ ကုမၸဏီမ်ားမွာ ေရွးေဟာင္းႏွင့္ ပတ္သက္သည့္  ပညာရွင္မပါသျဖင့္ ျပဳျပင္ထိန္းသိမ္းျခင္းထက္ ဖ်က္ဆီးသကဲ့သို႔ ျဖစ္ေနခဲ့ေၾကာင္း ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္မ်ား ကာကြယ္ေစာင့္ေရွာက္ေရးအသင္းဥကၠ႒ ေဒၚခင္သန္းက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်ရန် ရခိုင်ပြည်နယ်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်း သိမ်းရေး ကော်မတီတစ်ရပ်ဖွဲ့ စည်း လိုက်ကြောင်း သတင်းရရှိ သည်။

အဆိုပါကော်မတီကို စက် တင်ဘာ ၁ ရက်က စတင်ဖွဲ့စည်း ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား ရွေးချယ်ခဲ့ကြကာ အတွင်းရေးမှူးအဖြစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦး ဘုန်းကျော်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် (မြောက်ဦး ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိမ်းလွင်တို့ ပါဝင်ကြောင်း ယင်းကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

‘‘ကော်မတီအနေနဲ့ အမှား မရှိအောင် ကာကွယ်ထိန်းသိမ်း သွားမှာ ဖြစ်သလို ဘဏ္ဍာငွေထိန်း သိမ်းမှုကိုလည်း အဖိတ်အစဉ်မရှိ အောင် စနစ်တကျဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ကော်မတီသည် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများ အား ထိန်းသိမ်းမွမ်းမံရာတွင် ရှေး ဟောင်းလက်ရာများ မပျက်စီးစေ ဘဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင် ပျက်စီးခဲ့သည်များကိုလည်း ပြန်လည်မွမ်းမံ၍ ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီမှ သတင်းရရှိသည်။

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်တွင် ၁၅ ရာစုက တည် ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်း စေတီပုထိုးပေါင်းမြောက်မြားစွာ တည်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်ရန် ဆောင်ရွက်လျက်ရှိသည်။

 ထို့ပြင် မြောက်ဦးရှိ ရှေး ဟောင်းအမွေအနှစ်များထက် ရှေးကျသော ဓညဝတီ၊ ဝေသာလီနှင့် လေးမြို့ခေတ်ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များစွာရှိနေ သေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ စတင် ကာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံ ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီများမှာ ရှေးဟောင်းနှင့် ပတ်သက်သည့်  ပညာရှင်မပါသဖြင့် ပြုပြင်ထိန်းသိမ်းခြင်းထက် ဖျက်ဆီးသကဲ့သို့ ဖြစ်နေခဲ့ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top