Property Expo
×

ျမန္မာႏုိင္ငံအေပၚ အေမရိကန္က စီးပြားေရးပိတ္ဆို႔မႈမ်ားကို မၾကာမီဖယ္ရွားေပးမယ္လုိ႕ သမၼတ ဘာရတ္ အိုဘားမားက ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ အိမ္ျဖဴေတာ္ေတြ႕ဆုံမႈအၿပီးမွာ သတင္းေထာက္ေတြကုိ ေျပာၾကားလိုက္ပါတယ္။

ျမန္မာအေပၚစီးပြားေရး ပိတ္ဆို႔ ဒဏ္ခတ္မႈမ်ားကို မၾကာမီ ဖယ္ရွားေပးသြားရန္ အေမရိကန္က ျပင္ဆင္ထားေၾကာင္း အုိဘားမားက ဆုိပါတယ္။

ျမန္မာႏုိင္ငံအေပၚ ကာလ႐ွည္ၾကာ ခ်မွတ္ထားခဲ့တဲ့ ကုန္သြယ္မႈဆုိင္ရာ အထူးခံစားခြင့္ရပ္ဆုိင္းျခင္း အေရးယူပိတ္ဆုိ႕မႈကုိ ႐ုပ္သိမ္းသြားမယ္လို႕ အေမရိကန္သမၼတ ဘာရတ္ အုိဘားမားက ေျပာၾကားပါတယ္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ဝါ႐ွင္တန္ကုိ ေရာက္႐ွိေနစဥ္ အုိဘားမားက အခုလုိ ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။

ကုန္သြယ္မႈမ်ားျပဳလုပ္ရာမွာ ဆင္းရဲတဲ့ႏုိင္ငံေတြအတြက္ သတ္မွတ္ေပးထားတဲ့ အထူးခံစားခြင့္ေတြ ျမန္မာႏုိင္ငံကုိ ေပးအပ္ထားမႈအား ၁၉၈၉ ခုႏွစ္ကတည္းက လူ႕အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားေၾကာင့္ အေမရိကန္က ရပ္ဆုိင္းထားခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံကုိ ေရာက္႐ွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံတဲ့ စက္တင္ဘာ ၁၄ ရက္မွာ ျမန္မာႏုိင္ငံကုိ ကုန္သြယ္မႈနဲ႕ပတ္သက္ၿပီး အထူးခံစားခြင့္ေတြ ျပန္ေပးသင့္ၿပီလုိ႕ သမၼအုိဘားမားက ေျပာၾကားလိုုက္တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံကုိ Generalised System of Preferences (GSP) ေခၚ ပုိ႕ကုန္အခြန္ သက္သာခြင့္နဲ႕ ကင္းလြတ္ခြင့္ျပဳတဲ့ ႏုိင္ငံမ်ားစာရင္းမွာ ျပန္လည္ထည့္သြင္းသြားရန္ စက္တင္ဘာ ၁၄ ရက္မွာ သမၼတအုိဘားမားက လႊတ္ေတာ္ကုိ စာလႊာေပးပုိ႕ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုများကို မကြာမီဖယ်ရှားပေးမယ်လို့ သမ္မတ ဘာရတ် အိုဘားမားက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

မြန်မာအပေါ်စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို မကြာမီ ဖယ်ရှားပေးသွားရန် အမေရိကန်က ပြင်ဆင်ထားကြောင်း အိုဘားမားက ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ကာလရှည်ကြာ ချမှတ်ထားခဲ့တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးခံစားခွင့်ရပ်ဆိုင်းခြင်း အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ကို ရောက်ရှိနေစဉ် အိုဘားမားက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကုန်သွယ်မှုများပြုလုပ်ရာမှာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် သတ်မှတ်ပေးထားတဲ့ အထူးခံစားခွင့်တွေ မြန်မာနိုင်ငံကို ပေးအပ်ထားမှုအား ၁၉၈၉ ခုနှစ်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်က ရပ်ဆိုင်းထားခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့ စက်တင်ဘာ ၁၄ ရက်မှာ မြန်မာနိုင်ငံကို ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အထူးခံစားခွင့်တွေ ပြန်ပေးသင့်ပြီလို့ သမ္မအိုဘားမားက ပြောကြားလိုုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို Generalised System of Preferences (GSP) ခေါ် ပို့ကုန်အခွန် သက်သာခွင့်နဲ့ ကင်းလွတ်ခွင့်ပြုတဲ့ နိုင်ငံများစာရင်းမှာ ပြန်လည်ထည့်သွင်းသွားရန် စက်တင်ဘာ ၁၄ ရက်မှာ သမ္မတအိုဘားမားက လွှတ်တော်ကို စာလွှာပေးပို့ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top