မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×



စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန်နိုင်ငံသားဖြစ်စေ အမေရိကန်ကုမ္ပဏီဖြစ်စေ Danddong Hongxiang ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီရဲ့ အရာရှိလေးဦးတို့နဲ့ စီးပွားလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Credit : Duwun

#Unicode Version

မြောက်ကိုရီးယားနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများမှာ ရှောင်တိမ်းနိုင်ရန် ကူညီခဲ့တဲ့ တရုတ်ကုမ္ပဏီတစ်ခုနဲ့ ထိပ်တန်းအရာရှိလေးဦးကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ Dandong Hongxiang ကုမ္ပဏီက မြောက်ကိုရီးယားဘဏ်ကို ကိုယ်စားပြုပြီး လုပ်ငန်းများ လုပ်ဆောာင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မြောက်ကိုရီးယားဘဏ်မှာ ကုလသမဂ္ဂရဲ့ ဖျက်အားပြင်းလက်နက်များ ပြန့်ပွားမှု တားဆီပိတ်ပင်ရေးအတွက် အရေးယူပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းခံထားရတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို ကူညီခဲ့တဲ့ ကုမ္ပဏီနဲ့ အရာရှိတွေကို တရုတ်အစိုးရကလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန်နိုင်ငံသားဖြစ်စေ အမေရိကန်ကုမ္ပဏီဖြစ်စေ Danddong Hongxiang ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီရဲ့ အရာရှိလေးဦးတို့နဲ့ စီးပွားလုပ်ငန်းများ လုုပ်ကိုင်ခြင်းမပြုရန် တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top