×

သရုပ္ေဆာင္ဒါရိုက္တာ မင္းအုပ္စိုးကေတာ့ ေထာင္ဒဏ္တသက္တကၽြန္းမွ အလုပ္နဲ႕ ေထာင္ဒဏ္(၁၀)ႏွစ္ကို ေျပာင္းလဲ သြားခဲ့ပါၿပီ။ ေနျပည္ေတာ္ ျပည္ေထာင္စု တရားလႊတ္ေတာ္ ရံုးခ်ဳပ္က စက္တင္ဘာ(၉)ရက္ေန႕မွာ ပုဒ္မ(၃၀၄)အရ ေထာင္ဒဏ္တသက္တကၽြန္းကေန အလုပ္နဲ႕ေထာင္ဒဏ္(၁၀)ႏွစ္ေျပာင္းလဲ ခ်မွတ္ခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။

လူသတ္မႈကေန လူေသမႈ အျဖစ္ ေျပာင္းလဲကာ  အမိန္႕ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္၊ ဒါ႐ုိက္တာ မင္းအုပ္စုိး ဟာ ၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာ၂၅ ရက္ေန႔က သူ ရဲ႕ေနအိမ္မွာ သရပါ မဂၢဇင္း အယ္ဒီတာ မေတးႏုယဥ္ ကုိ လူမႈေရး ကိစၥေမးျမန္း စကားမ်ား ရန္ျဖစ္ရာ ကေန သူမ ကုိ အိမ္ခန္း အတြင္း ထုိးႀကိတ္ ကန္ေဆာင့္မႈေၾကာင့္ မေတးႏုယဥ္ ေသဆုံးခဲ့ပါတာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ဇူလိုင္ ၂၉ရက္ေန႕မွာ ရန္ကုန္အေနာက္ပိုင္းခရိုင္ တရားရံုးက ျပစ္မႈ ဥပေဒပုဒ္မ ၃၀၂(၂)နဲ႕ ေထာင္ဒဏ္တသက္တကၽြန္းခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popular news

#Unicode Version

သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးကတော့ ထောင်ဒဏ်တသက်တကျွန်းမှ အလုပ်နဲ့ ထောင်ဒဏ်(၁၀)နှစ်ကို ပြောင်းလဲ သွားခဲ့ပါပြီ။ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော် ရုံးချုပ်က စက်တင်ဘာ(၉)ရက်နေ့မှာ ပုဒ်မ(၃၀၄)အရ ထောင်ဒဏ်တသက်တကျွန်းကနေ အလုပ်နဲ့ထောင်ဒဏ်(၁၀)နှစ်ပြောင်းလဲ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုကနေ လူသေမှု အဖြစ် ပြောင်းလဲကာ  အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၂၅ ရက်နေ့က သူ ရဲ့နေအိမ်မှာ သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် ကို လူမှုရေး ကိစ္စမေးမြန်း စကားများ ရန်ဖြစ်ရာ ကနေ သူမ ကို အိမ်ခန်း အတွင်း ထိုးကြိတ် ကန်ဆောင့်မှုကြောင့် မတေးနုယဉ် သေဆုံးခဲ့ပါတာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှု ဥပဒေပုဒ်မ ၃၀၂(၂)နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popular news
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top