Kantharyar Centre
×

ႀကိဳ႕ထိုးတာဟာ ၀မ္းေခါင္းၾကြက္သားရုတ္တရက္ က်ဳံ႕သြားတာေၾကာင့္ျဖစ္ပါတယ္။ အဲဒီလိုရုတ္တရက္ က်ဳံ႕သြားတာေၾကာင့္ အသက္ရႈသြင္းျခင္းဟာရုတ္တရက္ ရပ္တန္႔သြားၿပီး ႀကိဳ႕ထုိးသံေပၚလာရျခင္း ျဖစ္ပါတယ္။ အရက္အလြန္အကၽြံ ေသာက္သုံးျခင္း၊ အစားအလြန္အကၽြံ စားသုံးျခင္း၊ေဆးလိပ္ေသာက္ျခင္း၊ စိတ္လႈပ္ရွားျခင္းတုိ႔ေၾကာင့္လည္း ႀကိဳ႕ထုိးႏုိင္ပါတယ္။

ႀကိဳ႕ထိုးတာဟာအခ်ိန္အနည္းငယ္အတြင္းမွာပင္ သူ႕အလိုလိုသက္သာသြားေလ့ရွိပါတယ္။ ဒါေပမယ့္ ႀကိဳ႕ထိုးတာေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္တယ္ဆုိရင္ေတာ့ ေအာက္ပါနည္းလမ္းမ်ားကိုအသုံးျပဳၿပီး ႀကိဳ႕ထိုးတာကိုေျဖရွင္းႏုိင္ပါတယ္။

1. အသက္၀၀ရႈသြင္းၿပီးေနာက္ အသက္ေအာင့္ကာ1 မွ 10 အထိ ျဖည္းညင္းစြာေရရြတ္ပါ။

2. လက္ဖ၀ါးကို အျခားလက္တစ္ဖက္၏ လက္မျဖင့္ ခပ္ျပင္းျပင္းေလးဖိေပးပါ။

3. သူငယ္ခ်င္းမ်ားအားေျပာင္ျပသလို လွ်ာထုတ္ျပျခင္းျဖင့္လည္း ႀကိဳ႕ထိုးတာကိုသက္သာေစပါတယ္။

4. ေရေအးတစ္ခြက္ေသာက္ပါ။ အဲဒီ့လိုေသာက္ရာမွာလည္းလက္ေခ်ာင္းမ်ားျဖင့္ နားႏွစ္ဖက္ကိုပိတ္ထားၿပီးပိုက္ျဖင့္ စုပ္ေသာက္ပါ။

5. သၾကား(သို႔)ပ်ားရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကိုေရေႏြးျဖင့္ ေဖ်ာ္ေသာက္ပါ။

6. ပန္းသီးဗီ္နီကာ (Apple Cider Vinegar)ေသာက္ေပးပါ။ လက္ဖက္ရည္ဇြန္းတစ္ဇြန္းဆုိလုံေလာက္ပါတယ္။

7. နမ္း႐ႈံ႕ျခင္းကလည္း ႀကိဳ႕ထိုးတာကိုသက္သာေစတယ္လို႔ ဆိုပါတယ္။

8. ကေလးငယ္မ်ား ႀကိဳ႕ထိုးေနရင္ေတာ့ ေျမပဲေထာပတ္လက္ဖက္ရည္ဇြန္း တစ္ဇြန္းသို႔မဟုတ္ ေရခဲမုန္႔ ေအးေအးေလးတစ္ဇြန္းေလာက္ ေကၽြးလိုက္ရင္ သက္သာသြားႏိုင္ပါတယ္။ လသားအရြယ္ဆုိရင္ေတာ့ ကေလးကိုပခုံးေပၚမွာေမွာက္လ်က္တင္ၿပီးေက်ာကိုညင္သာစြာပုတ္ေပးပါ။

9. ႀကိဳ႕ထိုးတာကို ႀကိဳတင္ကာကြယ္ရန္အတြက္ ဘီယာ၊ အျမဳပ္ပါတဲ့ Soda ရည္မ်ားကို တတ္ႏုိင္သေလာက္ ေရွာင္ရွားပါ။ အစာကိုျဖည္းျဖည္းခ်င္း၀ါးစားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :today bago

#Unicode Version

ကြို့ထိုးတာဟာ ဝမ်းခေါင်းကြွက်သားရုတ်တရက် ကျုံ့သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီလိုရုတ်တရက် ကျုံ့သွားတာကြောင့် အသက်ရှုသွင်းခြင်းဟာရုတ်တရက် ရပ်တန့်သွားပြီး ကြို့ထိုးသံပေါ်လာရခြင်း ဖြစ်ပါတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အစားအလွန်အကျွံ စားသုံးခြင်း၊ဆေးလိပ်သောက်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။

ကြို့ထိုးတာဟာအချိန်အနည်းငယ်အတွင်းမှာပင် သူ့အလိုလိုသက်သာသွားလေ့ရှိပါတယ်။ ဒါပေမယ့် ကြို့ထိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းများကိုအသုံးပြုပြီး ကြို့ထိုးတာကိုဖြေရှင်းနိုင်ပါတယ်။

1. အသက်၀၀ရှုသွင်းပြီးနောက် အသက်အောင့်ကာ1 မှ 10 အထိ ဖြည်းညင်းစွာရေရွတ်ပါ။

2. လက်ဖဝါးကို အခြားလက်တစ်ဖက်၏ လက်မဖြင့် ခပ်ပြင်းပြင်းလေးဖိပေးပါ။

3. သူငယ်ချင်းများအားပြောင်ပြသလို လျှာထုတ်ပြခြင်းဖြင့်လည်း ကြို့ထိုးတာကိုသက်သာစေပါတယ်။

4. ရေအေးတစ်ခွက်သောက်ပါ။ အဲဒီ့လိုသောက်ရာမှာလည်းလက်ချောင်းများဖြင့် နားနှစ်ဖက်ကိုပိတ်ထားပြီးပိုက်ဖြင့် စုပ်သောက်ပါ။

5. သကြား(သို့)ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုရေနွေးဖြင့် ဖျော်သောက်ပါ။

6. ပန်းသီးဗီ်နီကာ (Apple Cider Vinegar)သောက်ပေးပါ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆိုလုံလောက်ပါတယ်။

7. နမ်းရှုံ့ခြင်းကလည်း ကြို့ထိုးတာကိုသက်သာစေတယ်လို့ ဆိုပါတယ်။

8. ကလေးငယ်များ ကြို့ထိုးနေရင်တော့ မြေပဲထောပတ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ရေခဲမုန့် အေးအေးလေးတစ်ဇွန်းလောက် ကျွေးလိုက်ရင် သက်သာသွားနိုင်ပါတယ်။ လသားအရွယ်ဆိုရင်တော့ ကလေးကိုပခုံးပေါ်မှာမှောက်လျက်တင်ပြီးကျောကိုညင်သာစွာပုတ်ပေးပါ။

9. ကြို့ထိုးတာကို ကြိုတင်ကာကွယ်ရန်အတွက် ဘီယာ၊ အမြုပ်ပါတဲ့ Soda ရည်များကို တတ်နိုင်သလောက် ရှောင်ရှားပါ။ အစာကိုဖြည်းဖြည်းချင်းဝါးစားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit :today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top