Property Expo
×
ပြဿနာတွေဟာ သင်ရိုးညွန်းတမ်းထဲက သချာင်္ ပုစ္ဆာတွေလိုပဲ ၊ အသစ်ပေါ်လာလိုက် ဖြေရှင်းလိုက်နဲ့ပဲ ရှိနေကြပါလိမ့်မယ် ။
Credit: ရဲသူရိန်မင်း
#Unicode Version
၁ ။ သင့်ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ ၊ သူတို့ ဘဝခရီးလမ်း ဘယ်လို လျှောက်ခဲ့ရတယ် ဆိုတာ သင်မသိနိုင်ပါဘူး ။
၂ ။ သင်မထိန်းချုပ်မထားနိုင်တဲ့ အရာတွေကို အဆိုးမမြင်ပါနဲ့ ။ သင့်ရဲ့ အချိန်တွေကို အကျိုးရှိတဲ့ ပစ္စုပ္ပန် အတွက်ပဲ အသုံးချလိုက်ပါ ။
၃ ။ အလုပ်တွေကို အလွန်အကျွံ မလုပ်ပါနဲ့ ။ အတိုင်းအတာ တခုအထိပဲ လုပ်ပါ ။
၄ ။ တခြားသူတွေတောင် အလေးအနက်မထားတဲ့ အရာတွေမျိုးတွေကို လိုက်ပြီး ဦးနှောက်ခြောက်မခံပါနဲ့ ။
၅ ။ သင့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေ ၊ အချိန်တွေကို ၊ အတင်းပြောခြင်းအတွက် အလဟသ မဖြစ်ပါစေနဲ့ ။
၆ ။ အိပ်နေစဉ်မှာထက် ၊ နိုးနေစဉ်မှာ အိပ်မက် ပိုမက်ပါ ။
၇ ။ မနာလို ဝန်တိုနေခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်ပါ ။ သင့်အတွက် လိုုအပ်တာတွေကို သဘာဝတရားကြီးက သင့်ကို ပေးအပ်ထားပြီးသားပါ ။
၈ ။ အတိတ်က အဖြစ်အပျက်တွေကို မေ့ပလိုက်ပါ ။
သင့်အဖေါ်ရဲ့ အတိတ်က အမှားတွေကိုလည်း ပြန်သတိရစေအောင် မလုပ် ၊ မပြောပါနဲ့ ။
ဒါတွေက သင့်ရဲ့ ပစ္စုပ္ပန် ပျော်ရွှင်ခြင်းတွေကို ဖျက်ဆီးပြစ်ပါလိမ့်မယ် ။
၉ ။ ဘဝဟာ သိပ်တိုတယ် ၊ တပါးသူတွေကို မုန်းတီးနေခြင်းအတွက် အချိန်တွေ မကုန်ဆုံးပါစေနဲ့ ။
၁၀ ။ အတိတ်က အဖြစ်တွေနဲ့ ငြိမ်းချမ်းရေးယူလိုက်ခြင်းဟာ ပစ္စုပ္ပန်ရဲ့ အပျော်တွေကို ရေရှည်ထိမ်းသိမ်းခြင်းပါ ။
၁၁ ။ သင်သာလျှင် သင့်ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးနိုင်သူပါ ။ အခြားဘယ်သူကမှ မဖျက်ဆီးနိုင်ပါ ။
၁၂ ။ ဘဝဆိုတာ သင့်အတွက် သင်ယူစရာတွေ ပြည့်နေတဲ့ ကျောင်းတကျောင်းပါ ။
ပြဿနာတွေဟာ သင်ရိုးညွန်းတမ်းထဲက သချာၤ ပုစ္ဆာတွေလိုပဲ ၊ အသစ်ပေါ်လာလိုက် ဖြေရှင်းလိုက်နဲ့ပဲ ရှိနေကြပါလိမ့်မယ် ။
ဒါပေမဲ့ ပြဿနာတွေ ဆီက ရတဲ့ သင်္ခန်းစာတွေကတော့ ဘဝအတွက် ရေရှည် အရေးပါနေကြပါလိမ့်မယ် ။
၁၃ ။ များများပြုံးပါ ၊ များများ ရီပါ ။
၁၄ ။ ဆွေးနွေးချက်တိုင်းမှာ သင်အနိုင်ရမှာ မဟုတ်ပါဘူး ။ မတူတဲ့ အမြင်တွေကို လက်ခံနိုင်အောင် ကျိုးစားပါ ။
၁၅ ။ မိသားစုကို မကြာခဏ ဖုန်းခေါ်ပါ ။
၁၆ ။ နေ့စဉ် တနေ့တခါလောက် တခြားသူတွေအတွက် ကောင်းမှုတခုလောက် လုပ်ဖို့ ကျိုးစားပါ ။
၁၇ ။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်ဖို့ ကျိုးစားကြည့်ပါ ။
၁၈ ။ အသက် ၇၀ ကျော်အဖိုးအဖွားတွေနဲ့ ဒါမှမဟုတ် အသက် ၆ နှစ်ထက်ငယ်တဲ့ ကလေးငယ်တွေနဲ့ အချိန်ကိုအသုံးချပါ ။
၁၉ ။ တနေ့မှာ အနည်းဆုံး လူ ၃ ယောက်လောက်ကို ပြုံးနိုင်အောင် လုပ်ပါ ။
၂၀ ။ တခြားသူတွေက သင့်ကို ဘယ်လိုထင်မြင်တယ်ဆိုတာ အရေးမကြီးပါဘူး။ ။ သင့်ကိုယ်သင် ဘယ်လိုထင်လည်းဆိုတာ ပိုအရေးကြီးပါတယ် ။
၂၁ ။ သင့်ရဲ့ အလုပ်တွေက သင်နာမကျန်းဖြစ်တဲ့အခါ သင့်ကို ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး ။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေကသာ သင့်ကို ပြုစုနိုင်မှာပါ ။ ဒါကြောင့် မိသားစု ၊ မိတ်ဆွေတွေနဲ့လည်း အမြဲ အဆက်အသွယ် မပြတ်အောင် ကျိုးစားပါ ။
ဖိုးသူတော် (www.phothutaw.com)
Credit: ရဲသူရိန်မင်း
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top