Kantharyar Centre
×

ထိုင္းႏိုင္ငံမွာ အသက္ ၁၁ နွစ္ရြယ္ကတည္းက လုပ္အားခေခါင္းပံုျဖတ္ခံေနရတဲ့ ျမန္မာမိန္း ကေလးတဦးကို ျမန္မာအလုပ္သမားကူညီေရးအဖြဲ႔နဲ႔ ထိုင္းအာဏာပိုင္ေတြ ပူးေပါင္းၿပီး ကယ္တင္ခဲ့ၾကပါတယ္။
လက္ရွိ အသက္ ၁၆ ႏွစ္ရွိၿပီျဖစ္တဲ့ မေအးေအးစိုးဆိုသူ မိန္းကေလးဟာ တရပ္ကြက္တည္းေန အမ်ိဳးသမီးတဦးရဲ႕ ျဖားေယာင္းမႈနဲ႔ ထိုင္းႏိုင္ငံထဲကို လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ကတည္းက ေရာက္ရွိ လာၿပီး အလုပ္မ်ိဳးစံု လုပ္ကိုင္ခဲ့ရေပမယ့္ သူရတဲ့လစာကို ျဖားေယာင္းလာသူ အမ်ိဳးသမီးက အျမဲ ထုတ္ယူသြားေၾကာင္း တိုင္ၾကားခ်က္ရၿပီး တဲ့ေနာက္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထိုင္းေတာင္ပိုင္ စူရတ္ဌာနီခရိုင္ စူရတ္ဌာနီၿမိဳ႕ ဟိုတယ္တစ္ခုမွာ သြားေရာက္ကယ္တင္ခဲ့တယ္လို႔ ထိုင္း ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအဖြဲ႔ခ်ဳပ္ (အမ္ေအတီ)ရဲ႕ ဥပေဒအၾကံေပး ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ဒီဗြီဘီ ကို ေျပာပါတယ္။

“က်ေနာ္တို႔ သူ႔ကို ေသာၾကာေန႔က သူအလုပ္လုပ္ေနတဲ့ ဟိုတယ္ကေန သြားကယ္ထုတ္ခဲ့ၿပီး အခု စူရတ္ၿမိဳ႕ ကယ္ဆယ္ေရးစခန္းမွာ အပ္ထားတယ္။ ေရွ႔ဆက္ေဆာင္ရြက္ရမယ့္ဟာေတြနဲ႔ ပတ္သက္ၿပီး အခု အဲဒီကယ္ဆယ္ေရးစခန္းမွာဘဲ ထိုင္းစစ္တပ္၊ ရဲတပ္ဖြဲ႔နဲ႔ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႔ေတြနဲ႔ အစည္းအေ၀းလုပ္ေနၾကပါတယ္ခင္ဗ်။ သူ႔အေမလည္း ေရာက္လာၿပီဆိုေတာ့ ပြဲစား မိန္းမက ေျပာတဲ့ဟာနဲ႔ အခ်က္အလက္ေတြ ကိုက္ညီမႈရွိမရွိလည္း စစ္ေဆးဖို႔ ရွိပါတယ္။”

မေအးေအးစိုးကို သြားကယ္တဲ့ေန႔မွာဘဲ သူ႔ကို ျဖားေယာင္းေခၚေဆာင္ခဲ့တဲ့ အသက္ ၄၂ ရြယ္ ေဒၚသန္းေဌးကိုပါ အဆိုပါရပ္ကြက္ထဲကေန ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။

အမ္ေအတီအဖြဲ႔မွ ကိုေအာင္ဆန္းဦးကလည္း “မေအးေအးစိုးဟာ ထား၀ယ္ခရိုင္ ၿမိတ္ၿမိဳ႕မွာ မိဘမ်ားနဲ႔အတူေနစဥ္ ေဒၚသန္းေဌးက ေမ ာ္လျမိဳင္ရွိ ထမင္းဆိုင္မွာ တလ က်ပ္ ၇ ေသာင္းျဖင့္ ေခၚေဆာင္ခဲ့ေၾကာင္း၊ အဲဒီေနာက္ ထိုင္းႏိုင္ငံကို ေခၚလာၿပီး ပန္းရံ၊ ဆီအုန္းျခံ၊ ကာရာအိုေကဆိုင္၊ သန္႔ရွင္းေရး စတဲ့အလုပ္မ်ိဳးစံု လုပ္ကိုင္ခဲ့ရေပမယ့္ သူ႔လစာကို ေဒၚသန္းေဌးကဘဲ လာထုတ္ယူသြားတယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ေဒၚသန္းေဌးက သူ႔မိဘေတြကို က်ပ္သံုး သိန္းေပးခဲ့ရတယ္လို႔ ေျပာၿပီး သူ႔ကို မုန္႔ဖိုး တႀကိမ္လွ်င္ ဘတ္ ငါးဆယ္၊ တစ္ရာဘဲ ေပးကာ ေနထိုင္ခြင့္လက္မွတ္ေတြလည္း လုပ္မေပးဘူးလို႔ ဆိုပါတယ္။
သူမဟာ စူရတ္ဌာနီကို ေရာက္လာစဥ္ ၿပီးခဲ့တဲ့ ဇြန္လက ေဇာ္လတ္ဆိုသူ ပန္းရံအလုပ္သမားနဲ႔ ေတြ႔ၿပီး ဆက္သြယ္အကူအညီေတာင္းခဲ့ေၾကာင္း၊ တိုင္တန္းခ်က္မွာ ၿမိတ္ခ႐ိုင္နဲ႔ ေကာ့ေသာင္း ခရိုင္ လူကုန္ကူးမႈ တားဆီး ႏွိမ္နင္းေရးအဖြဲ႔ဆီ ေရာက္ရွိျပီး သူတို႔အဖြဲ႔ဆီ စာေရး အေၾကာင္းၾကား ခဲ့တာလို႔ ဦးေအာင္ဆန္းဦးက ေျပာသြားပါတယ္။

ထိုင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအဖြဲ႔ (အမ္ေအတီ)ဟာ ထိုင္းအစိုးရလူကုန္ကူးမႈ တို က္ဖ်က္ေရး တပ္ဖြဲ႔၊ ထိုင္းအာဏာပိုင္ေတြနဲ႔ ပူးေပါင္းၿပီး လူကုန္ကူးခံရသူေတြ ကယ္တင္ခဲ့ရာမွာ ဒီ ၂၀၁၆ ခုႏွစ္ အတြင္း လူကုန္ကူးမႈေပါင္း ၂၃ မႈက ျမန္မာႏိုင္ငံသားေပါင္း ၃၁၂ ဦးကို ကယ္ထု တ္ႏိုင္ခဲ့သလို လူကုန္ကူးမႈ က်ဴးလြန္သူ ၉ ဦးကိုလည္း ဖမ္းဆီးအေရးယူႏိုင္ခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံမှာ အသက် ၁၁ နှစ်ရွယ်ကတည်းက လုပ်အားခခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာမိန်း ကလေးတဦးကို မြန်မာအလုပ်သမားကူညီရေးအဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ကယ်တင်ခဲ့ကြပါတယ်။
လက်ရှိ အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ မအေးအေးစိုးဆိုသူ မိန်းကလေးဟာ တရပ်ကွက်တည်းနေ အမျိုးသမီးတဦးရဲ့ ဖြားယောင်းမှုနဲ့ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ရောက်ရှိ လာပြီး အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရပေမယ့် သူရတဲ့လစာကို ဖြားယောင်းလာသူ အမျိုးသမီးက အမြဲ ထုတ်ယူသွားကြောင်း တိုင်ကြားချက်ရပြီး တဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းတောင်ပိုင် စူရတ်ဌာနီခရိုင် စူရတ်ဌာနီမြို့ ဟိုတယ်တစ်ခုမှာ သွားရောက်ကယ်တင်ခဲ့တယ်လို့ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ)ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီ ကို ပြောပါတယ်။

“ကျနော်တို့ သူ့ကို သောကြာနေ့က သူအလုပ်လုပ်နေတဲ့ ဟိုတယ်ကနေ သွားကယ်ထုတ်ခဲ့ပြီး အခု စူရတ်မြို့ ကယ်ဆယ်ရေးစခန်းမှာ အပ်ထားတယ်။ ရှေ့ဆက်ဆောင်ရွက်ရမယ့်ဟာတွေနဲ့ ပတ်သက်ပြီး အခု အဲဒီကယ်ဆယ်ရေးစခန်းမှာဘဲ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်နေကြပါတယ်ခင်ဗျ။ သူ့အမေလည်း ရောက်လာပြီဆိုတော့ ပွဲစား မိန်းမက ပြောတဲ့ဟာနဲ့ အချက်အလက်တွေ ကိုက်ညီမှုရှိမရှိလည်း စစ်ဆေးဖို့ ရှိပါတယ်။”

မအေးအေးစိုးကို သွားကယ်တဲ့နေ့မှာဘဲ သူ့ကို ဖြားယောင်းခေါ်ဆောင်ခဲ့တဲ့ အသက် ၄၂ ရွယ် ဒေါ်သန်းဌေးကိုပါ အဆိုပါရပ်ကွက်ထဲကနေ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အမ်အေတီအဖွဲ့မှ ကိုအောင်ဆန်းဦးကလည်း “မအေးအေးစိုးဟာ ထားဝယ်ခရိုင် မြိတ်မြို့မှာ မိဘများနဲ့အတူနေစဉ် ဒေါ်သန်းဌေးက မေ ာ်လမြိုင်ရှိ ထမင်းဆိုင်မှာ တလ ကျပ် ၇ သောင်းဖြင့် ခေါ်ဆောင်ခဲ့ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံကို ခေါ်လာပြီး ပန်းရံ၊ ဆီအုန်းခြံ၊ ကာရာအိုကေဆိုင်၊ သန့်ရှင်းရေး စတဲ့အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရပေမယ့် သူ့လစာကို ဒေါ်သန်းဌေးကဘဲ လာထုတ်ယူသွားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်သန်းဌေးက သူ့မိဘတွေကို ကျပ်သုံး သိန်းပေးခဲ့ရတယ်လို့ ပြောပြီး သူ့ကို မုန့်ဖိုး တကြိမ်လျှင် ဘတ် ငါးဆယ်၊ တစ်ရာဘဲ ပေးကာ နေထိုင်ခွင့်လက်မှတ်တွေလည်း လုပ်မပေးဘူးလို့ ဆိုပါတယ်။
သူမဟာ စူရတ်ဌာနီကို ရောက်လာစဉ် ပြီးခဲ့တဲ့ ဇွန်လက ဇော်လတ်ဆိုသူ ပန်းရံအလုပ်သမားနဲ့ တွေ့ပြီး ဆက်သွယ်အကူအညီတောင်းခဲ့ကြောင်း၊ တိုင်တန်းချက်မှာ မြိတ်ခရိုင်နဲ့ ကော့သောင်း ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့ဆီ ရောက်ရှိပြီး သူတို့အဖွဲ့ဆီ စာရေး အကြောင်းကြား ခဲ့တာလို့ ဦးအောင်ဆန်းဦးက ပြောသွားပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (အမ်အေတီ)ဟာ ထိုင်းအစိုးရလူကုန်ကူးမှု တို က်ဖျက်ရေး တပ်ဖွဲ့၊ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးခံရသူတွေ ကယ်တင်ခဲ့ရာမှာ ဒီ ၂၀၁၆ ခုနှစ် အတွင်း လူကုန်ကူးမှုပေါင်း ၂၃ မှုက မြန်မာနိုင်ငံသားပေါင်း ၃၁၂ ဦးကို ကယ်ထု တ်နိုင်ခဲ့သလို လူကုန်ကူးမှု ကျူးလွန်သူ ၉ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top