Kantharyar Centre
×

ေမြးဖြားခ်ိန္ ကိုယ္အေလးခ်ိန္ နည္းပါးျခင္းက ကေလးငယ္မ်ားမၾကာခဏ ႀကံဳေတြ႕တတ္သည့္ ေစာေစာပိုင္း က်န္းမာေရးအေျခအေနမ်ားေၾကာင့္ ျဖစ္ဖြယ္ရွိသည့္ စာသင္ေက်ာင္း၌ ကေလး၏စြမ္းေဆာင္ရည္အေပၚ ထိခိုက္ေစႏုိင္ေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။ သုေတသီမ်ားက ကေလးငယ္ ၁ ဒသမ ၆ သန္း၏ ေမြးဖြားခ်ိန္အေျခအေနမ်ားႏွင့္ ေက်ာင္းမွတ္တမ္းမ်ားကို ႏႈိင္းယွဥ္ေလ့လာခဲ့ျခင္း ျဖစ္သည္။ ေမြးဖြားခ်ိန္ ကိုယ္အေလးခ်ိန္ပိုမ်ားေသာ ကေလးငယ္မ်ားမွာ ေက်ာင္းေနစဥ္ စာဖတ္ျခင္းႏွင့္ သခ်ၤာတြက္ရာတြင္ ပိုေတာ္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပသည္။


ေနာက္ေၾကာင္းအခ်က္အလက္ တူညီသည့္ မိသားစုမ်ားမွ ကေလးငယ္မ်ားကို ေလ့လာရာ၌လည္း ေမြးဖြားခ်ိန္ကိုယ္အေလးခ်ိန္ မွာ ေက်ာင္းေနစဥ္ ကေလးငယ္၏ ေအာင္ျမင္မႈကို ႀကိဳတင္ေဟာကိန္းထုတ္ရာတြင္ အဓိကက်ေသာ အခ်က္ျဖစ္သည္ဟု ဖေလာ္ရီဒါ တကၠသိုလ္ေဆးေကာလိပ္မွ ကေလးအထူးကုပါေမာကၡ ဂ်က္ဖရီ႐ို႕တ္က ေျပာသည္။

ေမြးဖြားခ်ိန္ ၇ ေပါင္ေလးေသာ ကေလးငယ္မွာ ၆ ေပါင္ေလး ေသာ ကေလးငယ္ထက္ ပိုမိုက်န္းမာၿပီး ေက်ာင္းေနစဥ္ အရြယ္တြင္လည္း စာေတာ္ေၾကာင္း သိရသည္။ ထုိ႔အတူ ၈ ေပါင္ေလးေသာ ကေလးႏွင့္ ၉ ေပါင္ေလးေသာ ကေလးမ်ားမွာလည္း ထုိနည္းအတုိင္းပင္ျဖစ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။ သို႔ေသာ္ ပညာေကာင္းစြာ သင္ၾကားတတ္ေျမာက္ထားေသာ မိဘမ်ားမွ ေမြးဖြားသည့္ ကိုယ္အေလးခ်ိန္ပိုနည္းေသာ ကေလးငယ္မ်ားမွာ အထက္တန္းအထိသာ ပညာသင္ဖူးေသာ မိဘမ်ား၏ ကေလးမ်ားထက္ ဘ၀တြင္မ်ားစြာ ပိုေတာ္ေအာင္ လုပ္ႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

မူလတန္းအရြယ္တြင္ စာေတာ္ေသာ ကေလးငယ္မ်ားမွာ ေကာလိပ္ေက်ာင္းမွ ဘဲြ႕တစ္ခုခု ရႏုိင္ေျခပိုမ်ားၿပီး အရြယ္ေရာက္လာစဥ္ ၀င္ေငြပိုရကာ အသက္ပိုရွည္ေၾကာင္း အျခားေသာ ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။ ယခုေလ့လာမႈကို American Economicl Review ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မွးဖွားချိန် ကိုယ်အလေးချိန် နည်းပါးခြင်းက ကလေးငယ်များမကြာခဏ ကြုံတွေ့တတ်သည့် စောစောပိုင်း ကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ဖွယ်ရှိသည့် စာသင်ကျောင်း၌ ကလေး၏စွမ်းဆောင်ရည်အပေါ် ထိခိုက်စေနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ သုတေသီများက ကလေးငယ် ၁ ဒသမ ၆ သန်း၏ မွေးဖွားချိန်အခြေအနေများနှင့် ကျောင်းမှတ်တမ်းများကို နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်သည်။ မွေးဖွားချိန် ကိုယ်အလေးချိန်ပိုများသော ကလေးငယ်များမှာ ကျောင်းနေစဉ် စာဖတ်ခြင်းနှင့် သချၤာတွက်ရာတွင် ပိုတော်ကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။


နောက်ကြောင်းအချက်အလက် တူညီသည့် မိသားစုများမှ ကလေးငယ်များကို လေ့လာရာ၌လည်း မွေးဖွားချိန်ကိုယ်အလေးချိန် မှာ ကျောင်းနေစဉ် ကလေးငယ်၏ အောင်မြင်မှုကို ကြိုတင်ဟောကိန်းထုတ်ရာတွင် အဓိကကျသော အချက်ဖြစ်သည်ဟု ဖလော်ရီဒါ တက္ကသိုလ်ဆေးကောလိပ်မှ ကလေးအထူးကုပါမောက္ခ ဂျက်ဖရီရို့တ်က ပြောသည်။

မွေးဖွားချိန် ၇ ပေါင်လေးသော ကလေးငယ်မှာ ၆ ပေါင်လေး သော ကလေးငယ်ထက် ပိုမိုကျန်းမာပြီး ကျောင်းနေစဉ် အရွယ်တွင်လည်း စာတော်ကြောင်း သိရသည်။ ထို့အတူ ၈ ပေါင်လေးသော ကလေးနှင့် ၉ ပေါင်လေးသော ကလေးများမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်ကြောင်း သုတေသီများက ပြောသည်။ သို့သော် ပညာကောင်းစွာ သင်ကြားတတ်မြောက်ထားသော မိဘများမှ မွေးဖွားသည့် ကိုယ်အလေးချိန်ပိုနည်းသော ကလေးငယ်များမှာ အထက်တန်းအထိသာ ပညာသင်ဖူးသော မိဘများ၏ ကလေးများထက် ဘဝတွင်များစွာ ပိုတော်အောင် လုပ်နိုင်သည်ဟု သုတေသီများကပြောသည်။

မူလတန်းအရွယ်တွင် စာတော်သော ကလေးငယ်များမှာ ကောလိပ်ကျောင်းမှ ဘွဲ့တစ်ခုခု ရနိုင်ခြေပိုများပြီး အရွယ်ရောက်လာစဉ် ဝင်ငွေပိုရကာ အသက်ပိုရှည်ကြောင်း အခြားသော လေ့လာမှုတစ်ခုက ဖော်ပြသည်။ ယခုလေ့လာမှုကို American Economicl Review ဂျာနယ်တွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top