Kantharyar Centre
×

ေနာက္ထပ္တစ္ေယာက္အတြက္နဲ႕ ကိုယ့္ကို ထားသြားတဲ့ခ်စ္သူအတြက္ ခံစားေနရတယ္၊ နာက်င္ေနရတယ္ဆုိရင္ သူ႔ကို လက္စားေခ်ဖုိ႕ အေကာင္းဆံုးနည္းလမ္းေလးေတြ ေျပာျပေပးပါရေစ။ ဒီနည္းလမ္းေလးေတြက သင့္အတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး ျဖစ္လာေစမွာမုိ႕ တစ္ဆင့္ျပီးတစ္ဆင့္ ေသခ်ာလုပ္ေဆာင္သြားဖုိ႕သာ လိုပါတယ္။

အဆင့္ (၁) - ငိုပါ။

အသည္းကြဲေနတဲ့ ဘယ္သူမဆုိ မခ်ိမဆန္႕ခံစားရမွာခ်ည္းပါပဲ။ အျခားတစ္ေယာက္အတြက္ ကိုယ့္ကိုထားခဲ့တာဆုိ ပိုေတာင္ဆိုးပါေသးတယ္။ ဒါ့ေၾကာင့္ ဟန္ေဆာင္ေနေနမယ့္အစား အခန္းထဲမွာ စိတ္ရွိလက္ရွိငိုခ်စ္လိုက္ပါ။ အခ်စ္ဆံုးသူငယ္ခ်င္းကို ဒီအေၾကာင္းေတြ ေခၚျပီး ရင္ဖြင့္လိုက္ပါ။ ေနာက္တစ္ရက္၊ တစ္ပတ္ ငိုခ်င္ေသးရင္ အ၀သာ ငိုပါ။ စိတ္ထဲ ရွင္းသြား၊ ေပါ့သြားေအာင္ လုပ္ေဆာင္ဖုိ႕ အဓိကက်တာမုိ႕ အဲ့ဒီအတြက္ အခ်ိန္ယူဖုိ႕လိုပါတယ္။

အဆင့္(၂) - ငိုတာကိုရပ္လုိက္ျပီး အေၾကာမာမာ၊ အားလံုးကို ဂရုမစိုက္ေတာ့တဲ့ မ်က္ႏွာေပးမ်ိဳးနဲ႕ စတင္ေနထုိင္ပါ။

ဒါက ဆက္စီက်ပါတယ္။ သင္ခန္းစာေတြ၊ နာက်င္ေတြေတြ ခံစားျပီးတဲ့ေနာက္မွာတာ့ သနားကမားပံုေလးနဲ႕ ေနေနမယ့္အစား ခပ္မာမာ ခပ္တည္တည္အထာက်တဲ့ပံု ေျပာင္းလဲပစ္ရေတာ့မွာေပါ့။ အထူးသျဖင့္ ဒါေတြကို ၾကာရွည္ မခံစားေတာ့ဘူးဆုိတဲ့ ပံုမ်ိဳးပါ။ ဒီလုိုလုပ္တဲ့အခ်ိန္မွာပဲ သင့္ဖုန္းထဲက ရည္းစားေဟာင္းရဲ႕ ဖုန္းနံပါတ္၊ ဓာတ္ပံုေတြအျပင္ Social media မွာလည္း ဘေလာ့လုပ္ပစ္ပါ။ ေပးထားတဲ့ လက္ေဆာင္ေတြ စုသိမ္းျပီး လႊင့္ပစ္ပါ။ သူကိုယ့္ေဘးနား ရွိခဲ့ဖူးတယ္ဆုိတာ အားလံုး ေမ့ပစ္ဖုိ႕ပိုလြယ္ သြားေအာင္သင့္ဘက္က ႀကိဳးစားလုပ္ေဆာင္ရမယ့္ အခ်ိန္ပါပဲ။

အဆင့္(၃)- သင့္ခႏၶာကိုယ္ကို အရင္ကထက္ ပိုဂရုစိုက္ပါ။

ျဖစ္သလိုေနထုိင္တာေတြ ရပ္လိုက္ျပီး အစားအေသာက္ကို မွန္ေအာင္ စားပါ။ ေလ့က်င့္ခန္းလုပ္ပါ။ စတိုင္လ္က်ေအာင္ ေနထုိင္ပါ။ အထူးသျဖင့္ ဖက္ရွင္က်က်ေနထိုင္ပါ။ အသားအေရ ထိန္းသိမ္းတာေတြ အတြက္ကေတာ့ ေစာေစာအိပ္ယာ၀င္၊ ေရမ်ားမ်ားေသာက္တဲ့ အက်င့္ေလး လုပ္ေပးပါ။ သင့္ခႏၶာကိုယ္အခ်ိဳးအစားအတြက္ အခ်ိန္ေပးရေတာ့မယ္ဆုိတာ စိတ္ထဲထည့္ထားပါ။

အဆင့္ (၄) - အလုပ္ကိုပိုဂရုစိုက္ျပီး ၀င္ေငြပိုတိုးေအာင္ ႀကိဳးစားပါ။

စိတ္ညစ္စရာေတြ ဖယ္ထုတ္ႏိုင္ဖုိ႕အေကာင္းဆံုး နည္းကေတာ့ အလုပ္ကို ႀကိဳးစားလုပ္ကိုင္ျခင္းပါပဲ။ အာရံုလႊဲစရာတစ္ခုလုိ႕လည္း ဆိုႏိုင္ပါတယ္။ သင့္ရည္းစားေဟာင္းရဲ႕ လုပ္ရပ္ေၾကာင့္ မခံခ်င္စိတ္ေတြဟာ သင့္အလုပ္ကို ပိုႀကိဳးစားခ်င္စိတ္ျဖစ္ေအာင္ တြန္းပို႕ေပးသလို ျဖစ္ပါေစ။ ရာထူးတုိးေအာင္၊ ၀င္ေငြတုိးေအာင္ လုပ္ေဆာင္ႏိုင္ဖုိ႕သာ ေခါင္းထဲ ထည့္ထားပါ။ အခြင့္အေရးအားလံုးကို မိမိရရဆုပ္ကိုင္ရင္း ႀကိဳးစားပါ။

အဆင့္(၅) - ေပ်ာ္ေပ်ာ္ေနျပီး ပိုက္ဆံေတြကို ကိုယ့္အတြက္ ကိုယ္သံုးပါ။

အရင္ကလို ခ်ိန္းေတြ႔စရာလည္း မလုိေတာ့ဘူးဆုိေတာ့ ရလာတဲ့ပိုက္ဆံေတြကို ကိုယ့္အတြက္သာ ကုိယ္သံုးပါ။ သူငယ္ခ်င္းေတြကို အခ်ိန္ေပးျပီး သူစိမ္းေတြနဲ႕ေတြ႔ဆံုတဲ့အခါ သင့္ဘ၀အေနအထား ေျပာင္းလဲလာပါလိမ့္မယ္။ တစ္ေယာက္တည္း မေနပဲ ဘ၀ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါ။

အဆင့္ (၆) - အတိတ္ကို အတိတ္မွာ ထားခဲ့ႏိုင္တဲ့သူ ျဖစ္ပါေစ။

အတိတ္ကိုျပန္ၾကည့္တဲ့အခါ သက္ျပင္းခ်ရင္း ျပံဳးႏိုင္ပါေစ။ ငါခုေတာ့ ျဖစ္ျပီးသမ်ွအားလံုးကို ေအးေဆးေက်ာ္လႊားႏိုင္ျပီလို႕ ေျပာႏိုင္ေအာင္ အထက္မွာ ေဖာ္ျပထားတဲ့အရာေတြကို ႀကိဳးစားအေကာင္အထည္ေဖာ္ပါ။ တကယ္ေတာ့ သင့္အတြက္ အေဖာ္မြန္ေကာင္းဆိုတာ အခ်ိန္မေရြး သင့္ေဘးေရာက္လာႏိုင္ပါတယ္။ ဒါကို ေခါင္းထဲထည့္ထားပါ။ ကိုယ့္အေပၚ တကယ္မေကာင္းတဲ့ အဆက္ေဟာင္းနဲ႕ ေ၀းကြာေအာင္ ဖန္တီးေပးတဲ့ ကံၾကမၼာကိုေတာင္ သင္ေနာက္ပိုင္း ေက်းဇူးတင္မိသြားပါလိမ့္မယ္။

အဆင့္(၇) - ဘ၀ကို ဆက္လက္ထုဆစ္ပံုေဖာ္ရင္း ရွင္သန္ပါ။

ရယ္ေမာပါ။ ေနာက္ထပ္အခ်စ္သစ္နဲ႕ေတြ႔တဲ့အခါ ဘယ္ေတာ့မွ အေဟာင္းနဲ႕ မႏႈိင္းပါနဲ႕၊ အေဟာင္းကို ေခါင္းထဲက အျပီးအပိုင္ထုတ္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

နောက်ထပ်တစ်ယောက်အတွက်နဲ့ ကိုယ့်ကို ထားသွားတဲ့ချစ်သူအတွက် ခံစားနေရတယ်၊ နာကျင်နေရတယ်ဆိုရင် သူ့ကို လက်စားချေဖို့ အကောင်းဆုံးနည်းလမ်းလေးတွေ ပြောပြပေးပါရစေ။ ဒီနည်းလမ်းလေးတွေက သင့်အတွက် ကောင်းကျိုးတွေ အများကြီး ဖြစ်လာစေမှာမို့ တစ်ဆင့်ပြီးတစ်ဆင့် သေချာလုပ်ဆောင်သွားဖို့သာ လိုပါတယ်။

အဆင့် (၁) - ငိုပါ။

အသည်းကွဲနေတဲ့ ဘယ်သူမဆို မချိမဆန့်ခံစားရမှာချည်းပါပဲ။ အခြားတစ်ယောက်အတွက် ကိုယ့်ကိုထားခဲ့တာဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါ့ကြောင့် ဟန်ဆောင်နေနေမယ့်အစား အခန်းထဲမှာ စိတ်ရှိလက်ရှိငိုချစ်လိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းကို ဒီအကြောင်းတွေ ခေါ်ပြီး ရင်ဖွင့်လိုက်ပါ။ နောက်တစ်ရက်၊ တစ်ပတ် ငိုချင်သေးရင် အဝသာ ငိုပါ။ စိတ်ထဲ ရှင်းသွား၊ ပေါ့သွားအောင် လုပ်ဆောင်ဖို့ အဓိကကျတာမို့ အဲ့ဒီအတွက် အချိန်ယူဖို့လိုပါတယ်။

အဆင့်(၂) - ငိုတာကိုရပ်လိုက်ပြီး အကြောမာမာ၊ အားလုံးကို ဂရုမစိုက်တော့တဲ့ မျက်နှာပေးမျိုးနဲ့ စတင်နေထိုင်ပါ။

ဒါက ဆက်စီကျပါတယ်။ သင်ခန်းစာတွေ၊ နာကျင်တွေတွေ ခံစားပြီးတဲ့နောက်မှာတာ့ သနားကမားပုံလေးနဲ့ နေနေမယ့်အစား ခပ်မာမာ ခပ်တည်တည်အထာကျတဲ့ပုံ ပြောင်းလဲပစ်ရတော့မှာပေါ့။ အထူးသဖြင့် ဒါတွေကို ကြာရှည် မခံစားတော့ဘူးဆိုတဲ့ ပုံမျိုးပါ။ ဒီလိုလုပ်တဲ့အချိန်မှာပဲ သင့်ဖုန်းထဲက ရည်းစားဟောင်းရဲ့ ဖုန်းနံပါတ်၊ ဓာတ်ပုံတွေအပြင် Social media မှာလည်း ဘလော့လုပ်ပစ်ပါ။ ပေးထားတဲ့ လက်ဆောင်တွေ စုသိမ်းပြီး လွှင့်ပစ်ပါ။ သူကိုယ့်ဘေးနား ရှိခဲ့ဖူးတယ်ဆိုတာ အားလုံး မေ့ပစ်ဖို့ပိုလွယ် သွားအောင်သင့်ဘက်က ကြိုးစားလုပ်ဆောင်ရမယ့် အချိန်ပါပဲ။

အဆင့်(၃)- သင့်ခန္ဓာကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ပါ။

ဖြစ်သလိုနေထိုင်တာတွေ ရပ်လိုက်ပြီး အစားအသောက်ကို မှန်အောင် စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စတိုင်လ်ကျအောင် နေထိုင်ပါ။ အထူးသဖြင့် ဖက်ရှင်ကျကျနေထိုင်ပါ။ အသားအရေ ထိန်းသိမ်းတာတွေ အတွက်ကတော့ စောစောအိပ်ယာဝင်၊ ရေများများသောက်တဲ့ အကျင့်လေး လုပ်ပေးပါ။ သင့်ခန္ဓာကိုယ်အချိုးအစားအတွက် အချိန်ပေးရတော့မယ်ဆိုတာ စိတ်ထဲထည့်ထားပါ။

အဆင့် (၄) - အလုပ်ကိုပိုဂရုစိုက်ပြီး ဝင်ငွေပိုတိုးအောင် ကြိုးစားပါ။

စိတ်ညစ်စရာတွေ ဖယ်ထုတ်နိုင်ဖို့အကောင်းဆုံး နည်းကတော့ အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်းပါပဲ။ အာရုံလွှဲစရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သင့်ရည်းစားဟောင်းရဲ့ လုပ်ရပ်ကြောင့် မခံချင်စိတ်တွေဟာ သင့်အလုပ်ကို ပိုကြိုးစားချင်စိတ်ဖြစ်အောင် တွန်းပို့ပေးသလို ဖြစ်ပါစေ။ ရာထူးတိုးအောင်၊ ဝင်ငွေတိုးအောင် လုပ်ဆောင်နိုင်ဖို့သာ ခေါင်းထဲ ထည့်ထားပါ။ အခွင့်အရေးအားလုံးကို မိမိရရဆုပ်ကိုင်ရင်း ကြိုးစားပါ။

အဆင့်(၅) - ပျော်ပျော်နေပြီး ပိုက်ဆံတွေကို ကိုယ့်အတွက် ကိုယ်သုံးပါ။

အရင်ကလို ချိန်းတွေ့စရာလည်း မလိုတော့ဘူးဆိုတော့ ရလာတဲ့ပိုက်ဆံတွေကို ကိုယ့်အတွက်သာ ကိုယ်သုံးပါ။ သူငယ်ချင်းတွေကို အချိန်ပေးပြီး သူစိမ်းတွေနဲ့တွေ့ဆုံတဲ့အခါ သင့်ဘဝအနေအထား ပြောင်းလဲလာပါလိမ့်မယ်။ တစ်ယောက်တည်း မနေပဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

အဆင့် (၆) - အတိတ်ကို အတိတ်မှာ ထားခဲ့နိုင်တဲ့သူ ဖြစ်ပါစေ။

အတိတ်ကိုပြန်ကြည့်တဲ့အခါ သက်ပြင်းချရင်း ပြုံးနိုင်ပါစေ။ ငါခုတော့ ဖြစ်ပြီးသမျှအားလုံးကို အေးဆေးကျော်လွှားနိုင်ပြီလို့ ပြောနိုင်အောင် အထက်မှာ ဖော်ပြထားတဲ့အရာတွေကို ကြိုးစားအကောင်အထည်ဖော်ပါ။ တကယ်တော့ သင့်အတွက် အဖော်မွန်ကောင်းဆိုတာ အချိန်မရွေး သင့်ဘေးရောက်လာနိုင်ပါတယ်။ ဒါကို ခေါင်းထဲထည့်ထားပါ။ ကိုယ့်အပေါ် တကယ်မကောင်းတဲ့ အဆက်ဟောင်းနဲ့ ဝေးကွာအောင် ဖန်တီးပေးတဲ့ ကံကြမ္မာကိုတောင် သင်နောက်ပိုင်း ကျေးဇူးတင်မိသွားပါလိမ့်မယ်။

အဆင့်(၇) - ဘဝကို ဆက်လက်ထုဆစ်ပုံဖော်ရင်း ရှင်သန်ပါ။

ရယ်မောပါ။ နောက်ထပ်အချစ်သစ်နဲ့တွေ့တဲ့အခါ ဘယ်တော့မှ အဟောင်းနဲ့ မနှိုင်းပါနဲ့၊ အဟောင်းကို ခေါင်းထဲက အပြီးအပိုင်ထုတ်လိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top