Property Expo
×

၁။ အုန္းဆီကို တိုက္ရိုက္လိမ္းျခင္း

အုန္းဆီကေတာ့ ေဗာက္ေပ်ာက္ဖို႔အတြက္ အလြယ္ကူဆံုးနဲ႔ အက်ိဳးအရွိဆံုးနည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ား

ပူေႏြးေသာအုန္းဆီ - စားပြဲတင္ဇြန္း ၂ဇြန္း သို႔ ဆံပင္အရွည္အေပၚမူတည္ၿပီး

ေရေႏြး - လိုအပ္သေလာက္

ေခါင္းေဆာင္း (ေရခ်ိဳးရင္စြပ္တဲ့ ေခါင္းစြပ္)

အသံုးျပဳပံု

အုန္းဆီေႏြးေႏြး ၁ ဇြန္းကို ပန္းကန္လံုးတစ္လံုးထဲကိုထည့္လိုက္ပါ။
အုန္းဆီကို လက္ေခ်ာင္းမ်ားျဖင့္ ဦးေရျပားႏွင့္ ဆံပင္အရင္းမွ အဖ်ားအထိ ေသခ်ာစြာလိမ္းက်ံပါ။
ျပီးေနာက္ ဆံပင္နဲ႔ ဦးေရျပားကို အနည္းဆံုး ၅ မိနစ္ခန္႔ႏွိပ္နယ္ျပီးေနာက္ ေခါင္းစြပ္စြပ္ျပီး တစ္ညလံုးထားထားပါ။
ေနာက္တစ္ေန႔မနက္မွာ ပံုမွန္ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။

ေဗာက္ျပသနာ ၾကံဳေတြ႔ေနရတယ္ဆိုရင္ေတာ့ ဒီနည္းအတိုင္းလုပ္ၾကည့္ပါ။

၂။ အုန္းဆီႏွင့္ သံပုရာရည္

ပိုျပီးအက်ိဳးရွိေအာင္ အုန္းဆီထဲကို သံပုရာရည္ထည့္ျပီး အသံုးျပဳႏိုင္ပါတယ္။ သံပုရာရည္မွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္က ဦးေရျပား pH ဓာတ္ကို ထိန္းညွိေပးျခင္းျဖင့္ ဦးေရျပားကို က်န္းမာေစသလို ေဗာက္ေတြကိုလည္း ကင္းစင္ေစႏိုင္ပါတယ္။ စစ္ထရစ္အက္ဆစ္က ေဗာက္ျဖစ္ေစတဲ့ မႈိေတြကိုေသေစပါတယ္။

လိုအပ္ေသာပစၥၥည္းမ်ား

အုန္းဆီ - စားပြဲတင္ဇြန္း ၂ ဇြန္း

သံပုရာရည္ - စားပြဲတင္ဇြန္း ၂ ဇြန္း

အသံုးျပဳပံု

အုန္းဆီႏွင့္ သံပုရာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း စီကို ခြက္တစ္ခုထဲထည့္ျပီး အပူေပးပါ။
ဒီအပူေပးထားတဲ့ အုန္းဆီနဲ႔ သံပုရာရည္အေရာကို ဆံပင္နွင့္ ဦးေရျပားကို သုတ္လိမ္းပါ။
ဦးေရျပားကို ၁၀မိနစ္ခန္႔ႏွိပ္နယ္ေပးျပီး မိနစ္၂၀ ခန္႔ထားလုိက္ပါ။
ေခါင္းေလွ်ာ္ရည္ေပ်ာ့ေပ်ာ့သံုးျပီး ေခါင္းေလွ်ာ္ခ်ပါ။

ဒီနည္းအတိုင္း တစ္ပတ္ကို ၃ၾကိမ္မွ ၄ၾကိမ္ျပဳလုပ္ေပးမယ္ ဆိုရင္ ေဗာက္လံုးဝကင္းစင္သြားပါလိမ့္မယ္။

၃။ အုန္းဆီ၊ ပ်ားရည္၊ သံလြင္ဆီႏွင့္ ဒိန္ခ်ဥ္အေရာ

ပ်ားရည္ကိုအသံုးျပဳျခင္းျဖင့္ ေဗာက္ေတြကို ေပ်ာက္ကင္းေစႏိုင္သလို ေဗာက္ေၾကာင့္ျဖစ္တဲ့ လကၡဏာေတြကိုလည္း ကုသေပးႏိုင္ပါတယ္။ ပ်ားရည္ရဲ႔ အနာက်က္ျမန္ေစတဲ့အစြမ္းနဲ႔ အေရာင္က်ေစတဲ့ အစြမ္းသတၲိေတြက ေဗာက္ေၾကာင့္ျဖစ္တဲ့ ဦးေရျပားယားယံျခင္းအျပင္ ဦးေရျပားေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။ အေရးၾကီးဆံုးအခ်က္ကေတာ့ ပ်ားရည္က ဘက္တီးရီးယားပိုးနဲ႔ မႈိေတြကို ေသေစႏိုင္လို႔ ေဗာက္ျဖစ္ေစတဲ့ မႈိေတြကို ေသေစႏိုင္ပါတယ္။

သံလြင္ဆီကေတာ့ ဦးေရျပားေျခာက္ျခင္းကို သက္သာေစျပီး အစိုဓာတ္ကုိထိန္းထားေပးျခင္းျဖင့္ ဦးေရျပားေျခာက္ျခင္းေၾကာင့္ ေဗာက္ျဖစ္တာကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒိန္ခ်ဥ္ကလည္း ပ်ားရည္လိုပဲ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္ပါတယ္။ ထို႔ေၾကာင့္ ေဗာက္ေတြကို ကင္းစင္ေစႏိုင္သလို ဦးေရျပားမွာရွိတဲ့ အေပါက္ေလးေတြကို သန္႔စင္ေပးျပီး က်ံဳ႔ေစျခင္းျဖင့္ ေဗာက္ေၾကာင့္ျဖစ္တဲ့ ဦးေရျပားျပသနာကို ေပ်ာက္ကင္းေစပါတယ္။

ပါဝင္ေသာ ပစၥၥည္းမ်ား

အုန္းဆီ - စားပြဲတင္ဇြန္း ၂ ဇြန္း

သံလြင္ဆီ - စားပြဲတင္ဇြန္း ၂ ဇြန္း

ဒိန္ခ်ဥ္ - စားပြဲတင္ဇြန္း ၃ ဇြန္း

ပ်ားရည္ - စားပြဲတင္ဇြန္း ၂ ဇြန္း

အသံုးျပဳပံု

ပါဝင္ပစၥည္းမ်ားအားလံုးကို ေရာျပီး အေတာ္အသင့္ေစးပ်စ္ေသာ အႏွစ္ျဖစ္ေအာင္ ေမႊေပးပါ။
လက္ေခ်ာင္းထိပ္ေလးေတြသံုးျပီး ဦးေရျပားႏွင့္ ဆံပင္ကို သုတ္လိမ္းပါ။
ဦးေရျပားရွိ အေပါက္ေလးမ်ားပြင့္လာျပီး ေသြးလွည့္ပတ္မႈေကာင္းေစရန္ ၁၀မိနစ္ခန္႔ ႏွိပ္နယ္ေပးပါ။
သုတ္လိမ္းထားေသာဆံပင္ကို ၄၀-၄၅ မိနစ္ခန္႔ထားျပီး ေခါင္းေလွ်ာ္ ရည္ေပ်ာ့ေပ်ာ့ျဖင့္ ေဆးခ်လုိက္ပါ။ ( တစ္ၾကိမ္ေလွ်ာ္လို႔ ဆံပင္ မစင္ေသးလွ်င္ ေနာက္တစ္ၾကိမ္ထပ္ျပီးေလွ်ာ္ႏိုင္ပါတယ္။)
ဆံပင္ကို သဘာဝအတိုင္းအေျခာက္ခံပါ။
လက္ဖဝါးထဲသို႔ အုန္းဆီ ၄-၅ စက္ခန္႔ထည့္ျပီး ဆီေႏြးလာေစရန္ လက္ဖဝါးကိုပြတ္တိုုက္၍ ဦးေရျပားႏွင့္ ဆံပင္မ်ားကို လိမ္းေပးပါ။ ဦးေရျပားတစ္ခုလံုးႏွံ႔ေအာင္ လိမ္းပါ။

ဒီနည္းအတိုင္း တစ္ပတ္ကို ၁ ၾကိမ္ျပဳလုပ္ေပးမယ္ဆိုရင္ ေဗာက္လံုးဝ ကင္းစင္သြားပါလိမ့္မယ္။

ေနာက္ထပ္မွတ္ထားသင့္သည့္အခ်က္မ်ား

ေဗာက္ကင္းစင္ေစဖို႔နဲ႔ ေဗာက္ျဖစ္ျခင္းမွ ကာကြယ္ဖို႔အတြက္ အုန္းဆီပါဝင္တဲ့ အိမ္သံုးနည္းလမ္းေတြကို အသံုးျပဳမယ္ဆိုရင္ ပိုၿပီး အက်ိဳးသက္ေရာက္မႈရွိေစရန္အတြက္ ေအာက္ပါအခ်က္ေတြကို မွတ္ထားသင့္ပါတယ္။

၁။ ဦးေရျပားေျခာက္ေသြ႔ျခင္းက ေဗာက္ျပသနာကို ပိုမိုဆိုးရြားေစႏိုင္လို႔ ေခါင္းအလြန္အကၽြံေလွ်ာ္ျခင္း မျပဳပါႏွင့္။

၂။ ေခါင္းေလွ်ာ္ျပီးေနာက္ ေခါင္းကို ညင္သာစြာဖီးပါ။ သို႔မွသာ ေခါင္းမွ သဘာဝအတိုင္းထြက္တဲ့အဆီေတြ တစ္ေခါင္းလံုးေသခ်ာျပန႔္ႏွ႔ံေစျပီး ဦးေရျပားေျခာက္ျခင္းႏွင့္ ေဗာက္ျဖစ္ျခင္းကို ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။

၃။ ဦးေရျပားေျခာက္ျပီး ေဗာက္ထေစေသာ ဆံပင္ပံုသြင္းသည့္ ပစၥည္းမ်ား အသံုးမျပဳပါႏွင့္။

၄။ စိတ္ဖိစီးမႈက ေဗာက္ထေစႏိုင္လို႔ စိတ္ဖိစီးမႈမ်ားတဲ့ အေျခအေနေတြကို ေရွာင္ၾကဥ္ပါ။

၅။ ဦးေရျပားနဲ႔ ဆံပင္ေတြအတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားရရွိေစရန္အတြက္ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အစားအစာေတြစားသံုးပါ။ သြပ္ဓာတ္ေပါၾကြယ္ဝေသာ ဟင္းႏုႏြယ္၊ ဖရံုသီး၊ အခြံမာသီး၊ ပဲ၊ မႈိ၊ စသည္တို႔ႏွင့္ ဗီတာမင္ ဘီ ၆ ဓာတ္ ျပည့္ဝစြာပါဝင္ေသာ ငါး၊ ၾကက္ဆင္၊ ၾကက္သား၊ ဆီးသီးေျခာက္၊ ငွက္ေပ်ာသီး၊ ေထာပတ္သီးစသည့္ အစားအစာမ်ား စားသံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

၁။ အုန်းဆီကို တိုက်ရိုက်လိမ်းခြင်း

အုန်းဆီကတော့ ဗောက်ပျောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အကျိုးအရှိဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ

ပူနွေးသောအုန်းဆီ - စားပွဲတင်ဇွန်း ၂ဇွန်း သို့ ဆံပင်အရှည်အပေါ်မူတည်ပြီး

ရေနွေး - လိုအပ်သလောက်

ခေါင်းဆောင်း (ရေချိုးရင်စွပ်တဲ့ ခေါင်းစွပ်)

အသုံးပြုပုံ

အုန်းဆီနွေးနွေး ၁ ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲကိုထည့်လိုက်ပါ။
အုန်းဆီကို လက်ချောင်းများဖြင့် ဦးရေပြားနှင့် ဆံပင်အရင်းမှ အဖျားအထိ သေချာစွာလိမ်းကျံပါ။
ပြီးနောက် ဆံပင်နဲ့ ဦးရေပြားကို အနည်းဆုံး ၅ မိနစ်ခန့်နှိပ်နယ်ပြီးနောက် ခေါင်းစွပ်စွပ်ပြီး တစ်ညလုံးထားထားပါ။
နောက်တစ်နေ့မနက်မှာ ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

ဗောက်ပြသနာ ကြုံတွေ့နေရတယ်ဆိုရင်တော့ ဒီနည်းအတိုင်းလုပ်ကြည့်ပါ။

၂။ အုန်းဆီနှင့် သံပုရာရည်

ပိုပြီးအကျိုးရှိအောင် အုန်းဆီထဲကို သံပုရာရည်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ဦးရေပြား pH ဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် ဦးရေပြားကို ကျန်းမာစေသလို ဗောက်တွေကိုလည်း ကင်းစင်စေနိုင်ပါတယ်။ စစ်ထရစ်အက်ဆစ်က ဗောက်ဖြစ်စေတဲ့ မှိုတွေကိုသေစေပါတယ်။

လိုအပ်သောပစ္စ္စည်းများ

အုန်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုရာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

အသုံးပြုပုံ

အုန်းဆီနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း စီကို ခွက်တစ်ခုထဲထည့်ပြီး အပူပေးပါ။
ဒီအပူပေးထားတဲ့ အုန်းဆီနဲ့ သံပုရာရည်အရောကို ဆံပင်နှင့် ဦးရေပြားကို သုတ်လိမ်းပါ။
ဦးရေပြားကို ၁၀မိနစ်ခန့်နှိပ်နယ်ပေးပြီး မိနစ်၂၀ ခန့်ထားလိုက်ပါ။
ခေါင်းလျှော်ရည်ပျော့ပျော့သုံးပြီး ခေါင်းလျှော်ချပါ။

ဒီနည်းအတိုင်း တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ပြုလုပ်ပေးမယ် ဆိုရင် ဗောက်လုံးဝကင်းစင်သွားပါလိမ့်မယ်။

၃။ အုန်းဆီ၊ ပျားရည်၊ သံလွင်ဆီနှင့် ဒိန်ချဉ်အရော

ပျားရည်ကိုအသုံးပြုခြင်းဖြင့် ဗောက်တွေကို ပျောက်ကင်းစေနိုင်သလို ဗောက်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ပျားရည်ရဲ့ အနာကျက်မြန်စေတဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့ အစွမ်းသတ္တိတွေက ဗောက်ကြောင့်ဖြစ်တဲ့ ဦးရေပြားယားယံခြင်းအပြင် ဦးရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ပျားရည်က ဘက်တီးရီးယားပိုးနဲ့ မှိုတွေကို သေစေနိုင်လို့ ဗောက်ဖြစ်စေတဲ့ မှိုတွေကို သေစေနိုင်ပါတယ်။

သံလွင်ဆီကတော့ ဦးရေပြားခြောက်ခြင်းကို သက်သာစေပြီး အစိုဓာတ်ကိုထိန်းထားပေးခြင်းဖြင့် ဦးရေပြားခြောက်ခြင်းကြောင့် ဗောက်ဖြစ်တာကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒိန်ချဉ်ကလည်း ပျားရည်လိုပဲ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ထို့ကြောင့် ဗောက်တွေကို ကင်းစင်စေနိုင်သလို ဦးရေပြားမှာရှိတဲ့ အပေါက်လေးတွေကို သန့်စင်ပေးပြီး ကျုံ့စေခြင်းဖြင့် ဗောက်ကြောင့်ဖြစ်တဲ့ ဦးရေပြားပြသနာကို ပျောက်ကင်းစေပါတယ်။

ပါဝင်သော ပစ္စ္စည်းများ

အုန်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

ဒိန်ချဉ် - စားပွဲတင်ဇွန်း ၃ ဇွန်း

ပျားရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

အသုံးပြုပုံ

ပါဝင်ပစ္စည်းများအားလုံးကို ရောပြီး အတော်အသင့်စေးပျစ်သော အနှစ်ဖြစ်အောင် မွှေပေးပါ။
လက်ချောင်းထိပ်လေးတွေသုံးပြီး ဦးရေပြားနှင့် ဆံပင်ကို သုတ်လိမ်းပါ။
ဦးရေပြားရှိ အပေါက်လေးများပွင့်လာပြီး သွေးလှည့်ပတ်မှုကောင်းစေရန် ၁၀မိနစ်ခန့် နှိပ်နယ်ပေးပါ။
သုတ်လိမ်းထားသောဆံပင်ကို ၄၀-၄၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော် ရည်ပျော့ပျော့ဖြင့် ဆေးချလိုက်ပါ။ ( တစ်ကြိမ်လျှော်လို့ ဆံပင် မစင်သေးလျှင် နောက်တစ်ကြိမ်ထပ်ပြီးလျှော်နိုင်ပါတယ်။)
ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။
လက်ဖဝါးထဲသို့ အုန်းဆီ ၄-၅ စက်ခန့်ထည့်ပြီး ဆီနွေးလာစေရန် လက်ဖဝါးကိုပွတ်တိုုက်၍ ဦးရေပြားနှင့် ဆံပင်များကို လိမ်းပေးပါ။ ဦးရေပြားတစ်ခုလုံးနှံ့အောင် လိမ်းပါ။

ဒီနည်းအတိုင်း တစ်ပတ်ကို ၁ ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ဗောက်လုံးဝ ကင်းစင်သွားပါလိမ့်မယ်။

နောက်ထပ်မှတ်ထားသင့်သည့်အချက်များ

ဗောက်ကင်းစင်စေဖို့နဲ့ ဗောက်ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် အုန်းဆီပါဝင်တဲ့ အိမ်သုံးနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှုရှိစေရန်အတွက် အောက်ပါအချက်တွေကို မှတ်ထားသင့်ပါတယ်။

၁။ ဦးရေပြားခြောက်သွေ့ခြင်းက ဗောက်ပြသနာကို ပိုမိုဆိုးရွားစေနိုင်လို့ ခေါင်းအလွန်အကျွံလျှော်ခြင်း မပြုပါနှင့်။

၂။ ခေါင်းလျှော်ပြီးနောက် ခေါင်းကို ညင်သာစွာဖီးပါ။ သို့မှသာ ခေါင်းမှ သဘာဝအတိုင်းထွက်တဲ့အဆီတွေ တစ်ခေါင်းလုံးသေချာပြန့်နှံ့စေပြီး ဦးရေပြားခြောက်ခြင်းနှင့် ဗောက်ဖြစ်ခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ဦးရေပြားခြောက်ပြီး ဗောက်ထစေသော ဆံပင်ပုံသွင်းသည့် ပစ္စည်းများ အသုံးမပြုပါနှင့်။

၄။ စိတ်ဖိစီးမှုက ဗောက်ထစေနိုင်လို့ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေကို ရှောင်ကြဉ်ပါ။

၅။ ဦးရေပြားနဲ့ ဆံပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်များရရှိစေရန်အတွက် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာတွေစားသုံးပါ။ သွပ်ဓာတ်ပေါကြွယ်ဝသော ဟင်းနုနွယ်၊ ဖရုံသီး၊ အခွံမာသီး၊ ပဲ၊ မှို၊ စသည်တို့နှင့် ဗီတာမင် ဘီ ၆ ဓာတ် ပြည့်ဝစွာပါဝင်သော ငါး၊ ကြက်ဆင်၊ ကြက်သား၊ ဆီးသီးခြောက်၊ ငှက်ပျောသီး၊ ထောပတ်သီးစသည့် အစားအစာများ စားသုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top