Kantharyar Centre
×
ဒိန်ချဉ်
သံပုယိုသီး
သဘာဝပျားရည်စစ်စစ်
Credit:Trend Myanmar
#Unicode Version
ဓာတ်မတည့်ခြင်းက ဖုန် သို့မဟုတ် ဝတ်မှုန်ကြောင့် ဖြစ်နိုင်သလို လတ်လတ်ဆတ်ဆတ် သုတ်ထားတဲ့ နံရံဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီအရာတွေပေါင်းဆုံမိကြလို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်မတည့်မှုဖြစ်တာတွေကို အလွယ်တကူ ကုသနိုင်ပါတယ်။ ဓာတ်မတည့်မှု ချက်ချင်းပျောက်ကင်းသက်သာစေဖို့အတွက် အောက်ပါအစားအစာတို့ကို အမြဲ ဆောင်ထားသင့်ပါတယ်။
ဒိန်ချဉ်
ဓာတ်မတည့်မှုဖြစ်တတ်ပါက ဒိန်ချဉ်ကို နေ့စဉ်ပုံမှန်စားပေးပါ။
သံပုယိုသီး
သံပုုယိုသီးက ရေနဲ့ရောလိုက်တဲ့အခါ အယ်လ်ကာလိုင်းပိုထုတ်လုပ်ပေးတာမို့ ခန္ဓာကိုယ်အက်စစ်ပမာဏ မျှတအောင် လုပ်ဆောင်ရာမှာ အထူးကောင်းမွန်ပါတယ်။ သံပုယိုသီးက ဗီတာမင် C နဲ့ တခြား antioxidant တွေ များစွာပါဝင်တာကြောင့် ကိုယ်ခံအားပိုမိုမြင့်တက်စေနိုင်ပါတယ်။ ရေခရားတစ်ခုထဲ သံပုယိုသီး တစ်စိတ်လောက်ညှစ်ထည့်ပြီး သောက်ပေးရုံလေးပါပဲ။
သဘာဝပျားရည်စစ်စစ်
အထူးသဖြင့် ဝတ်မှုန်ကြောင့် ဓာတ်မတည့်မှု ခံစားပါက ပျားရည်က သင့်တော်ကောင်းမွန်ပါတယ်။
လက်ဖက်ရည်ကြမ်း (Green Tea)
Green tea က ကိုယ်ခံအား မြင့်တက်စေပြီး ဓာတ်မတည့်မှုဖြစ်ခြင်းတွေ ဟန့်တားပေးပါတယ်။ Green tea မှာ ပါဝင်တဲ့ဓာတ်ပေါင်း methylated epigallocatechin (EGEC) ဟာ ဓာတ်မတည့်မှုတုံ့ပြန်ဖြစ်ပေါ်စေရာမှာ ပါဝင်တဲ့ cell receptor တွေ ဟန့်တားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top