Kantharyar Centre
×

ေၾကာ္ျငာရုိက္ကူးေရးနဲ႕အမ္တီဗီအခ်ိဳ႕မွာ ပါ၀င္သရုပ္ေဆာင္ျဖစ္ေနတဲ့ ထြန္းကုိကိုက ပရဟိတပုိင္းနဲ႕ပတ္သက္ၿပီး အားရင္အားသလိုကူညီလုပ္ေဆာင္ေပးျဖစ္ေနပါတယ္။ ဒါ့အျပင္ MMCG Group နဲ႕လဲပူးေပါင္းကာ ေရေဘးအတြက္ပါ၀င္ကူညီၿပီး အလွဴေငြေတာင္းခံမႈေတြနဲ႕သြားေရာက္လွဴဒါန္းေရးေတြမွာလဲ ပါ၀င္လုပ္ေဆာင္ေပးျဖစ္ေနသလုိ ပုဂံဘုရားမ်ားပ်က္စီးသြားတဲ့အေပၚ ဦးေက်ာ္သူတို႕နဲ႕လဲသြားေရာက္ကူညီေပးဖို႕ရွိတယ္လို႕သိရတာေၾကာင့္ ပရဟိတအေၾကာင္းမ်ားနဲ႕ေရေဘးသြားေရာက္လွဴဒါန္းျဖစ္တဲ့အေတြ႕အၾကံဳမ်ားကို ေမးျမန္းျဖစ္တဲ့အခါ

"ေရေဘးနဲ႕ပတ္သက္ၿပီး ပထမတစ္ေခါက္က ပြင့္ျဖဴဖက္ကိုသြားတယ္။ ဒုတိယတစ္ေခါက္က ပုသိမ္၊ ဧရာ၀တီ၊ သာေပါင္းဖက္ကို သြားတယ္။ ႏွစ္ေနရာေပါ့။ အဓိကကေတာ့ MMCG နဲ႕ Model FC group နဲ႕ပူးေပါင္းၿပီး သြားခဲ့တာေပါ့။ ပထမတစ္ေခါက္က MMCG နဲ႕ကၽြန္ေတာ္နဲ႕သြားၿပီး မေကြးတုိင္းပြင့္ျဖဴကိုသြားၿပီး သြားလွဴတယ္။ ေရေဘးဒုကၡေရာက္ေနတဲ့သူေတြစားဖို႕အတြက္ ေခါက္ဆြဲေျခာက္ ဆန္အပါအ၀င္ ေဆး၀ါးေတြေရာ တျခားမုန္႕ေတြေရာသြားလွဴျဖစ္တယ္။ ၿပီးေတာ့ ျပည္မွာေရေဘးအတြက္အလွဴခံေတြလဲထပ္လုပ္ခဲ့တယ္။ ၿပီးေတာ့ျပန္လာၿပီးေတာ့ အလွဴခံေတြထပ္ထြက္တယ္။ ေနာက္ရလာတဲ့ဟာေတြကို သာေပါင္းမွာထပ္သြားလွဴျဖစ္ခဲ့တယ္။"လို႕ သူက ေျပာျပပါတယ္။

ေရေဘးမွာသြားေရာက္ကူညီရတဲ့အေပၚ ထြန္းကုိကိုက ထပ္ျပီး " အရင္ႏွစ္ေတြကထက္ အလွဴအတန္းေတြနည္းနည္းနဲသြားတယ္။ လွံဳ႕ေဆာ္မႈလဲနည္းနည္း နဲတယ္လို႕ထင္တယ္။ ဘာလို႕လဲဆိုေတာ့ တကယ္လဲေရမၾကီးၾကဘူးလို႕ထင္ၾကတာလဲပါမယ္။ ဒါေပမဲ့ တကယ့္ကို အရင္ႏွစ္ကေလာက္ၾကီးတဲ့ေနရာေတြလဲ ရွိတယ္။ ၿပီးေတာ့ ေရက တစ္ေနရာၾကီးတယ္။ ခ်က္ခ်င္းျပန္က်တယ္။ ေနာက္ထပ္ေနရာေတြထပ္ၾကီးတယ္။ အဲ့ဒီလိုဆိုေတာ့ တကယ္လိုအပ္ေနတဲ့ေနရာေတြအမ်ားၾကီးရွိတယ္။ လွဴဒါန္းတဲ့သူေတြေရာ ပရဟိတစိတ္ဓာတ္နဲ႕အလွဴခံေပးၾကတဲ့သူေတြေရာ အရင္ႏွစ္ကလိုပဲဆက္ၿပီးလုပ္ေပးေစခ်င္ပါတယ္" တဲ့။

ဒါ့အျပင္ ပုဂံဘုရားေတြပ်က္စီးတာနဲ႕ပတ္သက္ၿပီးေတာ့လည္း  ဘယ္ေနရာကျဖစ္ျဖစ္၊ လုပ္အား၊ လူအင္အားေရာ၊ ေငြေၾကးအလွဴပါ အားလံုးကုိ ပါ၀င္ကူညီေပးဖို႕အသင့္လို႕ ဆုိသြားပါေသးတယ္။

ပရဟိတအပိုင္းမွာ  ဦးေက်ာ္သူတုိ႕နဲ႕ အားရင္အားသလိုသြားၿပီးလုပ္ျဖစ္ေနတဲ့ ထြန္းကိုကိုက လက္ရွိမွာ ေၾကာ္ျငာေတြရုိက္ျဖစ္ေနသလို ဆယ္လပိုင္းထဲမွာ ကားၾကီးတစ္ကားရုိက္ဖို႕ရွိတယ္လို႕သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ကြော်ငြာရိုက်ကူးရေးနဲ့အမ်တီဗီအချို့မှာ ပါဝင်သရုပ်ဆောင်ဖြစ်နေတဲ့ ထွန်းကိုကိုက ပရဟိတပိုင်းနဲ့ပတ်သက်ပြီး အားရင်အားသလိုကူညီလုပ်ဆောင်ပေးဖြစ်နေပါတယ်။ ဒါ့အပြင် MMCG Group နဲ့လဲပူးပေါင်းကာ ရေဘေးအတွက်ပါဝင်ကူညီပြီး အလှူငွေတောင်းခံမှုတွေနဲ့သွားရောက်လှူဒါန်းရေးတွေမှာလဲ ပါဝင်လုပ်ဆောင်ပေးဖြစ်နေသလို ပုဂံဘုရားများပျက်စီးသွားတဲ့အပေါ် ဦးကျော်သူတို့နဲ့လဲသွားရောက်ကူညီပေးဖို့ရှိတယ်လို့သိရတာကြောင့် ပရဟိတအကြောင်းများနဲ့ရေဘေးသွားရောက်လှူဒါန်းဖြစ်တဲ့အတွေ့အကြုံများကို မေးမြန်းဖြစ်တဲ့အခါ

"ရေဘေးနဲ့ပတ်သက်ပြီး ပထမတစ်ခေါက်က ပွင့်ဖြူဖက်ကိုသွားတယ်။ ဒုတိယတစ်ခေါက်က ပုသိမ်၊ ဧရာဝတီ၊ သာပေါင်းဖက်ကို သွားတယ်။ နှစ်နေရာပေါ့။ အဓိကကတော့ MMCG နဲ့ Model FC group နဲ့ပူးပေါင်းပြီး သွားခဲ့တာပေါ့။ ပထမတစ်ခေါက်က MMCG နဲ့ကျွန်တော်နဲ့သွားပြီး မကွေးတိုင်းပွင့်ဖြူကိုသွားပြီး သွားလှူတယ်။ ရေဘေးဒုက္ခရောက်နေတဲ့သူတွေစားဖို့အတွက် ခေါက်ဆွဲခြောက် ဆန်အပါအဝင် ဆေးဝါးတွေရော တခြားမုန့်တွေရောသွားလှူဖြစ်တယ်။ ပြီးတော့ ပြည်မှာရေဘေးအတွက်အလှူခံတွေလဲထပ်လုပ်ခဲ့တယ်။ ပြီးတော့ပြန်လာပြီးတော့ အလှူခံတွေထပ်ထွက်တယ်။ နောက်ရလာတဲ့ဟာတွေကို သာပေါင်းမှာထပ်သွားလှူဖြစ်ခဲ့တယ်။"လို့ သူက ပြောပြပါတယ်။

ရေဘေးမှာသွားရောက်ကူညီရတဲ့အပေါ် ထွန်းကိုကိုက ထပ်ပြီး " အရင်နှစ်တွေကထက် အလှူအတန်းတွေနည်းနည်းနဲသွားတယ်။ လှုံ့ဆော်မှုလဲနည်းနည်း နဲတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ တကယ်လဲရေမကြီးကြဘူးလို့ထင်ကြတာလဲပါမယ်။ ဒါပေမဲ့ တကယ့်ကို အရင်နှစ်ကလောက်ကြီးတဲ့နေရာတွေလဲ ရှိတယ်။ ပြီးတော့ ရေက တစ်နေရာကြီးတယ်။ ချက်ချင်းပြန်ကျတယ်။ နောက်ထပ်နေရာတွေထပ်ကြီးတယ်။ အဲ့ဒီလိုဆိုတော့ တကယ်လိုအပ်နေတဲ့နေရာတွေအများကြီးရှိတယ်။ လှူဒါန်းတဲ့သူတွေရော ပရဟိတစိတ်ဓာတ်နဲ့အလှူခံပေးကြတဲ့သူတွေရော အရင်နှစ်ကလိုပဲဆက်ပြီးလုပ်ပေးစေချင်ပါတယ်" တဲ့။

ဒါ့အပြင် ပုဂံဘုရားတွေပျက်စီးတာနဲ့ပတ်သက်ပြီးတော့လည်း  ဘယ်နေရာကဖြစ်ဖြစ်၊ လုပ်အား၊ လူအင်အားရော၊ ငွေကြေးအလှူပါ အားလုံးကို ပါဝင်ကူညီပေးဖို့အသင့်လို့ ဆိုသွားပါသေးတယ်။

ပရဟိတအပိုင်းမှာ  ဦးကျော်သူတို့နဲ့ အားရင်အားသလိုသွားပြီးလုပ်ဖြစ်နေတဲ့ ထွန်းကိုကိုက လက်ရှိမှာ ကြော်ငြာတွေရိုက်ဖြစ်နေသလို ဆယ်လပိုင်းထဲမှာ ကားကြီးတစ်ကားရိုက်ဖို့ရှိတယ်လို့သိရပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top