Property Expo
×

ကြ်န္ေတာ္နဲ႕သူ အိမ္ ေထာင္က်တာ ၁၅ ႏွစ္ရွိခဲ့ျပီ ။ ကြ်န္ေတာ့ သားေလးက အခု ၈ ႏွစ္ တကယ္ကိုခ်စ္ဖုိ႕ေကာင္းတာ။ ဒါေပမဲ့ ခုခ်ိန္မွာ ကြ်န္ေတာ္ နယ္ေလးတစ္နယ္မွာ မိသားစုကို လြမ္းရင္းနဲ႕ မိန္းကေလးတစ္ေယာက္ကို လုပ္ေကြ်းေနရတဲ့ အိမ္ေထာင္ရွင္ႀကီးတစ္ေယာက္ျဖစ္လုိ႕ ။

ကြ်န္ေတာ့္ဘ၀မွာ ေနာင္တေတြ အမ်ားႀကီးရခဲ့ဖူးပါတယ္။ မိသားစုေၾကာင့္ရတဲ့ ေနာင္တကေတာ့ ကြ်န္ေတာ့အတြက္ အႀကီးဆံုးပါပဲ။ ဒါေပမဲ့ အဲဒီအရာအားလံုးက ေနာက္ေၾကာင္းျပန္လွည့္လုိ႕မရေအာင္ ကို မွားယြင္းခဲ့ျပီးပါျပီ။

ကြ်န္ေတာ္ဟာ အရင္က သေဘာၤသားတစ္ဦးပါ ။ ကြ်န္ေတာ္နဲ႕ ခင္သီက ငယ္ကြ်မ္းေဆြေတြပါ ။ ေကာလိပ္အတူတူတက္ရင္း ေမတၱာမွ်ခဲ့ၾကျပီး ဘြဲ႕ေတြကိုယ္စီရျပီးေတာ့ ကြ်န္ေတာ္ သေဘာၤတက္ခဲ့ပါတယ္။ ေနာက္ေတာ့ ေကသီနဲ႕ပဲ အိမ္ေထာင္က်ရင္း စီးပြားရွာခဲ့ပါတယ္။ ကြ်န္ေတာ္ သားေလးရေတာ့ သေဘာၤဆက္မလုိက္ျဖစ္ပဲ ရန္ကုန္ျပန္လာျပီး က်န္တဲ့စီးပြားလည္း မလုပ္တတ္ေတာ့ ကြန္ဒိုခန္းေတြ၀ယ္ျပီး ငွားစား က်န္တဲ့အခ်ိန္မွာေတာ့ ကြ်န္ေတာ္ ကားပြဲစားအလုပ္လုပ္ေနခဲ့ပါတယ္။ ေက်ာင္းတုန္းကသူငယ္ခ်င္းေတြကလဲ ဒီလုပ္ငန္းေတြလုပ္ေနၾကေတာ့ ကြ်န္ေတာ္လည္း သူတို႕နဲကေရာျပီး လုပ္ကိုင္ခဲ့ပါတယ္။ အစပိုင္းမွာကြ်န္ေတာ္လည္း မလည္မ၀ယ္နဲ႕ သူတို႕နဲ႕ေရာျပီးလုပ္ကိုင္ရင္း ပညာသင္ယူခဲ့ရပါတယ္။ ကားေလးအေရာင္းတည့္သြားတိုင္း သူငယ္ခ်င္းေတြနဲ႕ ပြဲလုပ္စားေသာက္တာကလည္း အက်င့္ျဖစ္လာပါတယ္။ ညတိုင္းလုိလုိ ပြဲစားေတြနဲ႕ေပါင္းျပီး သူတို႕ပြဲေလးလုိက္စားလိုက္ ကိုယ့္ပြဲေလးလုပ္လုိက္နဲ႕ ညတိုင္းကို အိမ္အျပန္ေနာက္က်ေနခဲ့ပါတယ္။ ခင္သီကလည္း ကေလးတစ္ေယာက္နဲ႕ ကြ်န္ေတာ့္ကို စိတ္၀င္းစားလွတယ္မရွိပါဘူး။ ညဆယ္နာရီေလာက္ ျပန္လာရင္ပဲ သူက အိပ္ေနျပီ ။ မနက္ကြ်န္ေတာ္အိပ္ယာထရင္ သူက ေစ်းသြား၀ယ္ျပီဆိုေတာ့ မ်က္ႏွာခ်င္းမဆံုျဖစ္တာလည္း မ်ားပါတယ္။ ေန႕လည္ခင္း တစ္ခါတစ္ေလ ကြ်န္ေတာ္ျပန္လာရင္လည္း ခင္သီက ေရွာ့ပင္းသြားေနျပီ ။ သားေလးကလည္း ေက်ာင္းသြားတက္ျပီ ။ ဒီလုိနဲ႕ ကြ်န္ေတာ္ ကားပြဲစားေလးလုပ္ျပီး ဘ၀ကို ဒီလိုျဖတ္သန္းလာလုိက္တာ ျငီးေငြ႕စလည္းျပဳေနျပီ။

ညတိုင္းသြားေနတဲ့ စင္တင္ေတးဂီတရွိတဲ့ စားေသာက္ဆိုင္က ကေလးမေလးေတြကလည္း အသက္ေလးဆယ္နီးလာျပီျဖစ္တဲ့ ကြ်န္ေတာ့္ကို ဗေလာင္ဆူေစပါတယ္။ ျပန္လာတိုင္းလည္း အိမ္ေထာင္သည္ဘ၀ကို မရတဲ့ကြ်န္ေတာ့ရဲ႕ညတိုင္း ေန႕တုိင္းေတြဟာ ကြ်န္ေတာ္ကို အေျခေနတစ္ခုေရာက္ေအာင္ ဖန္တီးလုိ႕လာပါတယ္။
အဲဒီေန႕က ကြ်န္ေတာ္ကားတစ္စီးနဲ႕ ျမိဳ႕ထဲသြားတုန္း ျမိဳ႕ထဲလမ္းထဲခ်ိဳးအ၀င္ လူတစ္ေယာက္ကို ပြတ္မိသလုိ ျဖစ္သြားပါတယ္။ ဆင္းၾကည့္လုိက္ေတာ့ က်ြန္ေတာ္တုိက္မိလုိက္တာက ကေလးမေလးတစ္ေယာက္ကိုပါ ။ မ်က္ႏွာေမာ့လာမွာ ေသခ်ာၾကည့္မိလုိက္ေတာ့ ကြ်န္ေတာ္သြားသြားေနတဲ့ စားေသာက္ဆုိင္ မွာ သီခ်င္းဆိုတဲ့ ကေလးမေလးပါ ။ အဲဒီေနာက္ပိုင္းမွာ ကေလးမေလးကို ေဆးခန္းသြားျပရင္း ကြ်န္ေတာ္တို႕ ဖုန္းနံပါတ္ေတြလဲမိပါတယ္။ အိမ္ျပန္ေရာက္ေတာ့ ခင္သီ့ကိုေတာင္ ကြ်န္ေတာ္ေျပာမိပါေသးတယ္။ ခင္သီကေတာ့ ဖါသိဖါသာပါပဲ ။ ကြ်န္ေတာ္လည္းစလိုက္ပါေသးတယ္ ကေလးမေလးနဲ႕ ျငိသြားရင္ ဘယ္လုိလုပ္မလဲဆိုေတာ့ ခင္သီက ရီေနပါတယ္။ ေသခ်ာတာကေတာ့ သူစိတ္၀င္စားတဲ့ အ၀တ္စားအဆင္ေတြေလာက္ စိတ္မ၀င္စားတာကေတာ့ အမွန္ပါပဲ။

ဒီေကာင္မေလးနဲ႕သိလာေတာ့ ညတိုင္းလိုလိုေတာ့ အဲဒီဆိုင္ေရာက္ျပီ သူဆိုတဲ့အလွည့္က်ရင္ ပန္းကုံးစြပ္မိပါတယ္။ သူငယ္ခ်င္းေတြကလည္း ေျမာက္ေပးလုိက္ ဘီယာမူးမူးေနတဲ့ကြ်န္ေတာ့္ရဲ႕စိတ္ေတြလည္း တစ္ခါတစ္ခါ လြတ္ထြက္မိပါတယ္။ ေနာက္ပိုင္းမွာ ကေလးမေလးကို လမ္းႀကံဳဆိုျပီး အေဆာင္ျပန္ျပန္ပို႕ေပးရင္း ကြ်န္ေတာ္တို႕ေတြ လြတ္ထြတ္ကုန္ၾကပါတယ္။

ေနာက္ပိုင္းမွာ ကားအေရာင္းအ၀ယ္ေတြကလည္း သိပ္မတည့္ေတာ့ ၀င္ေငြေတြလည္း ေလ်ာ့လာပါတယ္။ ခင္သီသံုးေနတာကိုၾကည့္ျပီး ကြ်န္ေတာ္လည္း အျပစ္ျမင္လာပါတယ္။ တကယ္ဆို သူတကယ္အိမ္ေထာင္ ထိန္းသိမ္းမယ္ဆုိရင္ ဒီလိုယိုေပါက္အမ်ားႀကီးမရွိေတာ့ပါဘူး။ နာနီစရိတ္၊ ႏိုင္ငံျခားကလာဖြင့္တဲ့ အဂၤလိပ္ေက်ာင္းမွာထားတဲ့စရိတ၊္ ကေလးစရိတ္၊ ခင္သီ့ရဲ႕ အသံုးစရိတ္ ၊ သူ႕မိဘေတြမိသားစုေတြအသံုးစရိတ္ ၊ ေနထုိင္တဲ့ ကြန္ဒိုရဲ႕ စရိတ္ေတြဟာ တျဖည္းျဖည္းနဲ႕ ေထာင္းလာပါတယ္။ စီးပြားေရးအဆင္ေျပမႈမရွိလာတဲ့ ကြ်န္ေတာ္လည္း တျဖည္းျဖည္းနဲ႕ စိတ္ေလစျပဳျပီး အဲဒီကေလးမေလးဆီကိုပဲသြားျပီး စိတ္အေမာေျဖေနပါေတာ့တယ္။ ပင္လယ္ေရလုိပဲ ေသာက္ေလေသာက္ေလ ငတ္မေျပျဖစ္ေနသလိုပဲ ကြ်န္ေတာ္ အပိုကုန္က်မႈေလးေတြလည္း ပိုပိုလာပါေတာ့တယ္။ ကေလးမေလးကလည္း ကြ်န္ေတာ္နဲ႕က အသက္၂၀ေလာက္ကြာသကိုး ။ ႏြားအိုျမက္ႏုႀကိဳက္တယ္ပဲေျပာေျပာ ကြ်န္ေတာ္အဲဒီမွာ ကြ်န္ေတာ္မရတဲ့ အိမ္ေထာင္သည္ဘ၀ကို ရွာေနခဲ့ပါတယ္။
ကေလးမေလးလည္း လိုခ်င္တတ္မက္မႈဆိုတာရွိတာေပ့ါ ေနထိုင္ရာ အေဆာင္မွာ ဒီလုိမ်ိဳးေတြ လာလာေခၚေနရင္မေကာင္းဘူးဆိုလုိ႕ အိမ္ခန္းတစ္ခန္းငွားေပးရတာရယ္။ ဆက္သြယ္ဖုိ႕ဆိုျပီး ဖုန္း၀ယ္ေပးရတာရယ္။ အမ်ိဳးမ်ိဳးေခတ္နဲ႕အမွီလုိက္ဖို႕ အမ်ိဳးစံုတဲ့ ဟန္းဆက္ေတြ၀ယ္ေပးရတာရယ္။ ေစ်းပတ္၀ယ္ရင္ စိတ္ေက်နပ္ေအာင္ လုိက္ရွင္းေပးေနရတာရယ္။ အလုပ္ဆက္မလုပ္ပဲ အိမ္ပို႕ဖုိ႕ဆိုတဲ့ ပိုက္ဆံေတြေပးေပးေနရတာရယ္ကိုေတာ့ ကြ်န္ေတာ္ မျမင္မိပါဘူး ။ ငယ္ဂုဏ္နဲ႕ဆိုေတာ့ ကြ်န္ေတာ္ကလည္းမႊန္ေနတာကိုး ။
တျဖည္းျဖည္းနဲ႕ ထိလာလုိက္တာ ကြ်န္ေတာ္မွာ တျဖည္းျဖည္းနဲ႕လည္း ခြ်တ္ျခံဳက်ေနပါျပီ။ ပိုက္ဆံအသံုးက်ပ္လုိ႕ သူမဆီသိပ္မသြားတဲ့အခါ တဂြမ္ဂြမ္နဲ႕ ဖုန္းဆက္ျပီးကြ်န္ေတာ့္ကိုရစ္ရင္း တစ္ေန႕ေတာ့ ခင္သီနဲ႕ သြားတိုးမိပါတယ္။ သူမကလည္း ခပ္စြာစြာနဲ႕ ခင္သီနဲ႕ျဖစ္ၾကတာေပ့ါ။ ကြ်န္ေတာ္လည္း ထူပူသြားပါတယ္။ ႏွစ္ဘက္လံုးရဲ႕ ဖိႏွိပ္မႈေတြရယ္ ကြ်န္ေတာ္မွားသြားတဲ့ ေျခလွမ္းေတြအတြက္ ကြ်န္ေတာ့္အေပၚ ျခိမ္းေျခာက္မႈေတြၾကားမွာ ကြ်န္ေတာ္ပိေနခဲ့ပါတယ္။
ခင္သီရဲ႕တြန္းပို႕မႈေတြ ေခ်ာက္ထဲေရာက္ေနတဲ့ ကြ်န္ေတာ့ကို လက္ဆြဲကူတာမဟုတ္ပဲ ပိုေရာက္သြားေအာင္ အမ်ားႀကီးတြန္းပို႕ခဲ့ပါတယ္။ ကြ်န္ေတာ့မွာေရြးခ်ယ္စရာဆိုတာ မရွိေတာ့ပါဘူး ။ ရႈပ္ေထြးေနတဲ့အၾကားမွာ သားေလးမ်က္ႏွာလည္း မျမင္ႏုိင္ေတာ့ပါဘူး ။

ဟိုကေလးမေလး ျပႆနာမရွာေအာင္ ေခ်ာ့ေမာ့ရတာရယ္ သူမစိတ္ေက်နပ္ေအာင္ ျဖည့္ဆည္းေပးေနရတာရယ္က ကြ်န္ေတာ္မွာ ၀န္ေတြပိေနခဲ့ပါတယ္။ ကြ်န္ေတာ္တကယ္မွားသြားမွန္းသိေပမဲ့ ဒီလုိခ်ိန္မွာ ကြ်န္ေတာ္ ခင္သီ့ဆီက လုိခ်င္တာက ဒီလုိပူေလာင္တဲ့ ရန္ပြဲေတြမဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႕ရဲ႕ ရန္ပြဲေတြမွာ ေဘးမွာမ်က္ႏွာငယ္နဲ႕ ထိုင္ငိုေနတဲ့သားေလးမ်က္ႏွာကိုကြ်န္ေတာ္ၾကည့္ရင္း မ်က္ရည္လည္းက်မိပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ေနာက္ဆုတ္လုိ႕မရေတာ့ဘူးေလ။ ေကာင္မေလးက ကြ်န္ေတာ့ကို ခင္သီနဲ႕ ကြာရွင္းျပီး သူနဲ႕လက္ထပ္ရမယ္ဆုိျပီး မိဘေတြကပါ ေတာင္းဆိုလာပါတယ္။ ကြ်န္ေတာ္ဘာမွျပန္မကြန္႕ႏုိင္ေတာ့ပါဘူး ။
ေနာက္ဆံုးကြ်န္ေတာ္တုိ႕ ကြာရွင္းလုိက္ၾကပါတယ္။ ေနာက္ဆံုးက်န္တဲ့ပိုက္ဆံေလးကိုပိုက္ျပီး ေကာင္မေလးရဲ႕ နယ္ျမိဳ႕လုိက္ျပီး သူတို႕ကိုလုပ္ေကြ်းဖုိ႕ လုိက္ခဲ့ရပါတယ္။ သူတို႕တစ္မိသားစုလိုအပ္တာကို လုပ္ေက်ြးျဖည့္ဆည္းရင္း တခ်ိန္လံုးေနာင္တေတြကို ပိုက္ရင္းတစ္ခါတစ္ခါ ေယာက်ာ္းႀကီးတန္မဲ့ ငိုခဲ့မိပါတယ္။ ခင္သီနဲ႕ သားေလးကိုလည္းလြမ္းေပမဲ့ ေတြ႕ခြင့္ စကားေျပာခြင့္လည္းမရိွခဲ့ပါဘူး။ ခုခ်ိန္မွာ သူတို႕ေတြ ဘယ္လုိေနထုိင္စားေသာက္ေနလဲမသိတဲ့အတြက္ ကြ်န္ေတာ္မွာ ပူပင္မႈေတြပါ ထပ္ေလာင္းေရာက္ရွိလာတဲ့အတြက္ ကြ်န္ေတာ္မသာယာခဲ့ပါဘူး။ တစ္ေန႕တစ္ေန႕ ေနပူစပ္ခါးမွာ ကြ်န္ေတာ္ မလုပ္ဖူးတဲ့အလုပ္ေတြလုပ္ရင္း မတူတဲ့ မိသားစုအသိုင္းအ၀ိုင္းရဲ႕ အမူအက်င့္ေတြရယ္ တစ္ခုခုဆိုရင္ သတ္မယ္ျဖတ္မယ္ဆိုတဲ့ ေကာင္မေလးရဲ႕အကိုေတြအၾကား ကြ်န္ေတာ္ဟာ ပင္ပန္းခိ်နဲ႕ေနတဲ့ႏြားတစ္ေကာင္ျဖစ္ေနခဲ့ပါတယ္။

ကြ်န္ေတာ္အခုခ်ိန္မွာ ေနာင္တအမ်ားႀကီးရခဲ့ပါတယ္။ မ်က္ရည္ေတြက်ရင္း တစ္ခ်ိန္က မွားခဲ့တာေတြကို ယူႀကံဳးမရျဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ့္ရဲ႕ သာယာတဲ့မိသားစုဘ၀ကို ကြ်န္ေတာ္ကိုယ္တုိင္ဖ်တ္ဆီးခဲ့တာပါ။ တကယ္ဆို ကြ်န္ေတာ္လုိခ်င္တဲ့ မိသားစု ဘ၀ အိမ္ေထာင္ရွင္ဘ၀ကိုခင္သီနဲ႕ ညွိႏိႈင္းခဲ့ရမွာ။ ဒါေပမဲ့ ကြ်န္ေတာ္ခုမွရလိုက္တဲ့ သင္ခန္းစာက ကြ်န္ေတာ္ကို တစ္ဘ၀စာဖူလံုသြားပါျပီ။ အားလံုးရဲ႕ ေျမစာပင္ျဖစ္ခဲ့ရတဲ့ ခ်စ္စရာေကာင္းတဲ့ သားေလးမ်က္ႏွာကို ျမင္ေယာင္တိုင္း ကြ်န္ေတာ္ေျပာမိပါတယ္ သားေလးႀကီးလာရင္ ကြ်န္ေတာ့္လိုမမွားပါေစနဲ႕လုိ႕။ ကြ်န္ေတာ္လို အေဖရွိခဲ့တယ္ဆိုတာထက္ ကြ်န္ေတာ္ေသသြားျပီလုိ႕ သားေလးကို လူေတြအၾကားေျပာေစခ်င္တယ္။ သားေလး စိတ္နာတာထက္ သားေလးသူငယ္ခ်င္းေတြၾကား မင္းမွာ ဒီလုိအေဖရွိတယ္ဆိုတာေၾကာင့္ သားေလး မ်က္ႏွာငယ္တာကိုကြ်န္ေတာ္မလိုလားပါဘူး။
ကြ်န္ေတာ့ရဲ႕ တဒဂၤစိတ္မထိန္းခ်ဳပ္ႏုိင္မႈဟာ လူေလးေယာက္ရဲ႕ဘ၀ကို အဆံုးထိနစ္နာသြားေစပါတယ္။

တကယ္ဆို ခင္သီလည္း အိမ္ေထာင္ရွင္သည္မိန္းမတစ္ေယာက္ ရွိသင့္ရွိထုိက္တဲ့ အရည္ခ်င္းေတြရွိသင့္တယ္။
ကြ်န္ေတာ္ကလည္း ကြ်န္ေတာ့္မိသားစုေပၚ သစၥာရွိသင့္ပါတယ္။ ကြ်န္ေတာ္လုိခ်င္တာကို အျပင္မွာရွာတာထက္ ကိုယ့္ဇနီးမယားကို နားလည္မႈေတြနဲ႕ ညွိယူသင့္ပါတယ္။ ရလာဒ္ကို မစဥ္းစားပဲလုပ္မိတာေတြအတြက္ ကြ်န္ေတာ္ ေနပူထဲမွာ ပင္ပင္ပန္းပန္း နဖူးကေခ်ြးနဲ႕အတူ မ်က္ရည္ေတြေရာ ေရာေထြးလာတဲ့ ပင္ပန္းဆင္းရဲမႈေတြဟာ တျခားမိသားစုအတြက္ျဖစ္လုိ႕ ကြ်န္ေတာ္မိသားစုကေတာ့ အေ၀းမွာ ……………………. ။
ဘယ္အရာမဆို မလုပ္ခင္က အရင္ဆံုး ဆိုးက်ိဳးကိုစဥ္းစားၾကဖုိ႕ပဲ တစ္ခြန္းပဲ ကြ်န္ေတာ္မွာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား

Unicode Version

ကျွန်တော်နဲ့သူ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိခဲ့ပြီ ။ ကျွန်တော့ သားလေးက အခု ၈ နှစ် တကယ်ကိုချစ်ဖို့ကောင်းတာ။ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော် နယ်လေးတစ်နယ်မှာ မိသားစုကို လွမ်းရင်းနဲ့ မိန်းကလေးတစ်ယောက်ကို လုပ်ကျွေးနေရတဲ့ အိမ်ထောင်ရှင်ကြီးတစ်ယောက်ဖြစ်လို့ ။

ကျွန်တော့်ဘဝမှာ နောင်တတွေ အများကြီးရခဲ့ဖူးပါတယ်။ မိသားစုကြောင့်ရတဲ့ နောင်တကတော့ ကျွန်တော့အတွက် အကြီးဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအရာအားလုံးက နောက်ကြောင်းပြန်လှည့်လို့မရအောင် ကို မှားယွင်းခဲ့ပြီးပါပြီ။

ကျွန်တော်ဟာ အရင်က သဘောၤသားတစ်ဦးပါ ။ ကျွန်တော်နဲ့ ခင်သီက ငယ်ကျွမ်းဆွေတွေပါ ။ ကောလိပ်အတူတူတက်ရင်း မေတ္တာမျှခဲ့ကြပြီး ဘွဲ့တွေကိုယ်စီရပြီးတော့ ကျွန်တော် သဘောၤတက်ခဲ့ပါတယ်။ နောက်တော့ ကေသီနဲ့ပဲ အိမ်ထောင်ကျရင်း စီးပွားရှာခဲ့ပါတယ်။ ကျွန်တော် သားလေးရတော့ သဘောၤဆက်မလိုက်ဖြစ်ပဲ ရန်ကုန်ပြန်လာပြီး ကျန်တဲ့စီးပွားလည်း မလုပ်တတ်တော့ ကွန်ဒိုခန်းတွေဝယ်ပြီး ငှားစား ကျန်တဲ့အချိန်မှာတော့ ကျွန်တော် ကားပွဲစားအလုပ်လုပ်နေခဲ့ပါတယ်။ ကျောင်းတုန်းကသူငယ်ချင်းတွေကလဲ ဒီလုပ်ငန်းတွေလုပ်နေကြတော့ ကျွန်တော်လည်း သူတို့နဲကရောပြီး လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာကျွန်တော်လည်း မလည်မဝယ်နဲ့ သူတို့နဲ့ရောပြီးလုပ်ကိုင်ရင်း ပညာသင်ယူခဲ့ရပါတယ်။ ကားလေးအရောင်းတည့်သွားတိုင်း သူငယ်ချင်းတွေနဲ့ ပွဲလုပ်စားသောက်တာကလည်း အကျင့်ဖြစ်လာပါတယ်။ ညတိုင်းလိုလို ပွဲစားတွေနဲ့ပေါင်းပြီး သူတို့ပွဲလေးလိုက်စားလိုက် ကိုယ့်ပွဲလေးလုပ်လိုက်နဲ့ ညတိုင်းကို အိမ်အပြန်နောက်ကျနေခဲ့ပါတယ်။ ခင်သီကလည်း ကလေးတစ်ယောက်နဲ့ ကျွန်တော့်ကို စိတ်ဝင်းစားလှတယ်မရှိပါဘူး။ ညဆယ်နာရီလောက် ပြန်လာရင်ပဲ သူက အိပ်နေပြီ ။ မနက်ကျွန်တော်အိပ်ယာထရင် သူက ဈေးသွားဝယ်ပြီဆိုတော့ မျက်နှာချင်းမဆုံဖြစ်တာလည်း များပါတယ်။ နေ့လည်ခင်း တစ်ခါတစ်လေ ကျွန်တော်ပြန်လာရင်လည်း ခင်သီက ရှော့ပင်းသွားနေပြီ ။ သားလေးကလည်း ကျောင်းသွားတက်ပြီ ။ ဒီလိုနဲ့ ကျွန်တော် ကားပွဲစားလေးလုပ်ပြီး ဘဝကို ဒီလိုဖြတ်သန်းလာလိုက်တာ ငြီးငွေ့စလည်းပြုနေပြီ။

ညတိုင်းသွားနေတဲ့ စင်တင်တေးဂီတရှိတဲ့ စားသောက်ဆိုင်က ကလေးမလေးတွေကလည်း အသက်လေးဆယ်နီးလာပြီဖြစ်တဲ့ ကျွန်တော့်ကို ဗလောင်ဆူစေပါတယ်။ ပြန်လာတိုင်းလည်း အိမ်ထောင်သည်ဘဝကို မရတဲ့ကျွန်တော့ရဲ့ညတိုင်း နေ့တိုင်းတွေဟာ ကျွန်တော်ကို အခြေနေတစ်ခုရောက်အောင် ဖန်တီးလို့လာပါတယ်။
အဲဒီနေ့က ကျွန်တော်ကားတစ်စီးနဲ့ မြို့ထဲသွားတုန်း မြို့ထဲလမ်းထဲချိုးအဝင် လူတစ်ယောက်ကို ပွတ်မိသလို ဖြစ်သွားပါတယ်။ ဆင်းကြည့်လိုက်တော့ ကျွန်တော်တိုက်မိလိုက်တာက ကလေးမလေးတစ်ယောက်ကိုပါ ။ မျက်နှာမော့လာမှာ သေချာကြည့်မိလိုက်တော့ ကျွန်တော်သွားသွားနေတဲ့ စားသောက်ဆိုင် မှာ သီချင်းဆိုတဲ့ ကလေးမလေးပါ ။ အဲဒီနောက်ပိုင်းမှာ ကလေးမလေးကို ဆေးခန်းသွားပြရင်း ကျွန်တော်တို့ ဖုန်းနံပါတ်တွေလဲမိပါတယ်။ အိမ်ပြန်ရောက်တော့ ခင်သီ့ကိုတောင် ကျွန်တော်ပြောမိပါသေးတယ်။ ခင်သီကတော့ ဖါသိဖါသာပါပဲ ။ ကျွန်တော်လည်းစလိုက်ပါသေးတယ် ကလေးမလေးနဲ့ ငြိသွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ခင်သီက ရီနေပါတယ်။ သေချာတာကတော့ သူစိတ်ဝင်စားတဲ့ အဝတ်စားအဆင်တွေလောက် စိတ်မဝင်စားတာကတော့ အမှန်ပါပဲ။

ဒီကောင်မလေးနဲ့သိလာတော့ ညတိုင်းလိုလိုတော့ အဲဒီဆိုင်ရောက်ပြီ သူဆိုတဲ့အလှည့်ကျရင် ပန်းကုံးစွပ်မိပါတယ်။ သူငယ်ချင်းတွေကလည်း မြောက်ပေးလိုက် ဘီယာမူးမူးနေတဲ့ကျွန်တော့်ရဲ့စိတ်တွေလည်း တစ်ခါတစ်ခါ လွတ်ထွက်မိပါတယ်။ နောက်ပိုင်းမှာ ကလေးမလေးကို လမ်းကြုံဆိုပြီး အဆောင်ပြန်ပြန်ပို့ပေးရင်း ကျွန်တော်တို့တွေ လွတ်ထွတ်ကုန်ကြပါတယ်။

နောက်ပိုင်းမှာ ကားအရောင်းအဝယ်တွေကလည်း သိပ်မတည့်တော့ ဝင်ငွေတွေလည်း လျော့လာပါတယ်။ ခင်သီသုံးနေတာကိုကြည့်ပြီး ကျွန်တော်လည်း အပြစ်မြင်လာပါတယ်။ တကယ်ဆို သူတကယ်အိမ်ထောင် ထိန်းသိမ်းမယ်ဆိုရင် ဒီလိုယိုပေါက်အများကြီးမရှိတော့ပါဘူး။ နာနီစရိတ်၊ နိုင်ငံခြားကလာဖွင့်တဲ့ အင်္ဂလိပ်ကျောင်းမှာထားတဲ့စရိတ၊် ကလေးစရိတ်၊ ခင်သီ့ရဲ့ အသုံးစရိတ် ၊ သူ့မိဘတွေမိသားစုတွေအသုံးစရိတ် ၊ နေထိုင်တဲ့ ကွန်ဒိုရဲ့ စရိတ်တွေဟာ တဖြည်းဖြည်းနဲ့ ထောင်းလာပါတယ်။ စီးပွားရေးအဆင်ပြေမှုမရှိလာတဲ့ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ စိတ်လေစပြုပြီး အဲဒီကလေးမလေးဆီကိုပဲသွားပြီး စိတ်အမောဖြေနေပါတော့တယ်။ ပင်လယ်ရေလိုပဲ သောက်လေသောက်လေ ငတ်မပြေဖြစ်နေသလိုပဲ ကျွန်တော် အပိုကုန်ကျမှုလေးတွေလည်း ပိုပိုလာပါတော့တယ်။ ကလေးမလေးကလည်း ကျွန်တော်နဲ့က အသက်၂၀လောက်ကွာသကိုး ။ နွားအိုမြက်နုကြိုက်တယ်ပဲပြောပြော ကျွန်တော်အဲဒီမှာ ကျွန်တော်မရတဲ့ အိမ်ထောင်သည်ဘဝကို ရှာနေခဲ့ပါတယ်။
ကလေးမလေးလည်း လိုချင်တတ်မက်မှုဆိုတာရှိတာပေ့ါ နေထိုင်ရာ အဆောင်မှာ ဒီလိုမျိုးတွေ လာလာခေါ်နေရင်မကောင်းဘူးဆိုလို့ အိမ်ခန်းတစ်ခန်းငှားပေးရတာရယ်။ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းဝယ်ပေးရတာရယ်။ အမျိုးမျိုးခေတ်နဲ့အမှီလိုက်ဖို့ အမျိုးစုံတဲ့ ဟန်းဆက်တွေဝယ်ပေးရတာရယ်။ ဈေးပတ်ဝယ်ရင် စိတ်ကျေနပ်အောင် လိုက်ရှင်းပေးနေရတာရယ်။ အလုပ်ဆက်မလုပ်ပဲ အိမ်ပို့ဖို့ဆိုတဲ့ ပိုက်ဆံတွေပေးပေးနေရတာရယ်ကိုတော့ ကျွန်တော် မမြင်မိပါဘူး ။ ငယ်ဂုဏ်နဲ့ဆိုတော့ ကျွန်တော်ကလည်းမွှန်နေတာကိုး ။
တဖြည်းဖြည်းနဲ့ ထိလာလိုက်တာ ကျွန်တော်မှာ တဖြည်းဖြည်းနဲ့လည်း ချွတ်ခြုံကျနေပါပြီ။ ပိုက်ဆံအသုံးကျပ်လို့ သူမဆီသိပ်မသွားတဲ့အခါ တဂွမ်ဂွမ်နဲ့ ဖုန်းဆက်ပြီးကျွန်တော့်ကိုရစ်ရင်း တစ်နေ့တော့ ခင်သီနဲ့ သွားတိုးမိပါတယ်။ သူမကလည်း ခပ်စွာစွာနဲ့ ခင်သီနဲ့ဖြစ်ကြတာပေ့ါ။ ကျွန်တော်လည်း ထူပူသွားပါတယ်။ နှစ်ဘက်လုံးရဲ့ ဖိနှိပ်မှုတွေရယ် ကျွန်တော်မှားသွားတဲ့ ခြေလှမ်းတွေအတွက် ကျွန်တော့်အပေါ် ခြိမ်းခြောက်မှုတွေကြားမှာ ကျွန်တော်ပိနေခဲ့ပါတယ်။
ခင်သီရဲ့တွန်းပို့မှုတွေ ချောက်ထဲရောက်နေတဲ့ ကျွန်တော့ကို လက်ဆွဲကူတာမဟုတ်ပဲ ပိုရောက်သွားအောင် အများကြီးတွန်းပို့ခဲ့ပါတယ်။ ကျွန်တော့မှာရွေးချယ်စရာဆိုတာ မရှိတော့ပါဘူး ။ ရှုပ်ထွေးနေတဲ့အကြားမှာ သားလေးမျက်နှာလည်း မမြင်နိုင်တော့ပါဘူး ။

ဟိုကလေးမလေး ပြဿနာမရှာအောင် ချော့မော့ရတာရယ် သူမစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေရတာရယ်က ကျွန်တော်မှာ ဝန်တွေပိနေခဲ့ပါတယ်။ ကျွန်တော်တကယ်မှားသွားမှန်းသိပေမဲ့ ဒီလိုချိန်မှာ ကျွန်တော် ခင်သီ့ဆီက လိုချင်တာက ဒီလိုပူလောင်တဲ့ ရန်ပွဲတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရန်ပွဲတွေမှာ ဘေးမှာမျက်နှာငယ်နဲ့ ထိုင်ငိုနေတဲ့သားလေးမျက်နှာကိုကျွန်တော်ကြည့်ရင်း မျက်ရည်လည်းကျမိပါတယ်။ ဒါပေမဲ့ ကျွန်တော်နောက်ဆုတ်လို့မရတော့ဘူးလေ။ ကောင်မလေးက ကျွန်တော့ကို ခင်သီနဲ့ ကွာရှင်းပြီး သူနဲ့လက်ထပ်ရမယ်ဆိုပြီး မိဘတွေကပါ တောင်းဆိုလာပါတယ်။ ကျွန်တော်ဘာမှပြန်မကွန့်နိုင်တော့ပါဘူး ။
နောက်ဆုံးကျွန်တော်တို့ ကွာရှင်းလိုက်ကြပါတယ်။ နောက်ဆုံးကျန်တဲ့ပိုက်ဆံလေးကိုပိုက်ပြီး ကောင်မလေးရဲ့ နယ်မြို့လိုက်ပြီး သူတို့ကိုလုပ်ကျွေးဖို့ လိုက်ခဲ့ရပါတယ်။ သူတို့တစ်မိသားစုလိုအပ်တာကို လုပ်ကျွေးဖြည့်ဆည်းရင်း တချိန်လုံးနောင်တတွေကို ပိုက်ရင်းတစ်ခါတစ်ခါ ယောကျာ်းကြီးတန်မဲ့ ငိုခဲ့မိပါတယ်။ ခင်သီနဲ့ သားလေးကိုလည်းလွမ်းပေမဲ့ တွေ့ခွင့် စကားပြောခွင့်လည်းမရှိခဲ့ပါဘူး။ ခုချိန်မှာ သူတို့တွေ ဘယ်လိုနေထိုင်စားသောက်နေလဲမသိတဲ့အတွက် ကျွန်တော်မှာ ပူပင်မှုတွေပါ ထပ်လောင်းရောက်ရှိလာတဲ့အတွက် ကျွန်တော်မသာယာခဲ့ပါဘူး။ တစ်နေ့တစ်နေ့ နေပူစပ်ခါးမှာ ကျွန်တော် မလုပ်ဖူးတဲ့အလုပ်တွေလုပ်ရင်း မတူတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ အမူအကျင့်တွေရယ် တစ်ခုခုဆိုရင် သတ်မယ်ဖြတ်မယ်ဆိုတဲ့ ကောင်မလေးရဲ့အကိုတွေအကြား ကျွန်တော်ဟာ ပင်ပန်းချိနဲ့နေတဲ့နွားတစ်ကောင်ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်အခုချိန်မှာ နောင်တအများကြီးရခဲ့ပါတယ်။ မျက်ရည်တွေကျရင်း တစ်ချိန်က မှားခဲ့တာတွေကို ယူကြုံးမရဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သာယာတဲ့မိသားစုဘဝကို ကျွန်တော်ကိုယ်တိုင်ဖျတ်ဆီးခဲ့တာပါ။ တကယ်ဆို ကျွန်တော်လိုချင်တဲ့ မိသားစု ဘ၀ အိမ်ထောင်ရှင်ဘဝကိုခင်သီနဲ့ ညှိနှိုင်းခဲ့ရမှာ။ ဒါပေမဲ့ ကျွန်တော်ခုမှရလိုက်တဲ့ သင်ခန်းစာက ကျွန်တော်ကို တစ်ဘဝစာဖူလုံသွားပါပြီ။ အားလုံးရဲ့ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ သားလေးမျက်နှာကို မြင်ယောင်တိုင်း ကျွန်တော်ပြောမိပါတယ် သားလေးကြီးလာရင် ကျွန်တော့်လိုမမှားပါစေနဲ့လို့။ ကျွန်တော်လို အဖေရှိခဲ့တယ်ဆိုတာထက် ကျွန်တော်သေသွားပြီလို့ သားလေးကို လူတွေအကြားပြောစေချင်တယ်။ သားလေး စိတ်နာတာထက် သားလေးသူငယ်ချင်းတွေကြား မင်းမှာ ဒီလိုအဖေရှိတယ်ဆိုတာကြောင့် သားလေး မျက်နှာငယ်တာကိုကျွန်တော်မလိုလားပါဘူး။
ကျွန်တော့ရဲ့ တဒင်္ဂစိတ်မထိန်းချုပ်နိုင်မှုဟာ လူလေးယောက်ရဲ့ဘဝကို အဆုံးထိနစ်နာသွားစေပါတယ်။

တကယ်ဆို ခင်သီလည်း အိမ်ထောင်ရှင်သည်မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိသင့်တယ်။
ကျွန်တော်ကလည်း ကျွန်တော့်မိသားစုပေါ် သစ္စာရှိသင့်ပါတယ်။ ကျွန်တော်လိုချင်တာကို အပြင်မှာရှာတာထက် ကိုယ့်ဇနီးမယားကို နားလည်မှုတွေနဲ့ ညှိယူသင့်ပါတယ်။ ရလာဒ်ကို မစဉ်းစားပဲလုပ်မိတာတွေအတွက် ကျွန်တော် နေပူထဲမှာ ပင်ပင်ပန်းပန်း နဖူးကချွေးနဲ့အတူ မျက်ရည်တွေရော ရောထွေးလာတဲ့ ပင်ပန်းဆင်းရဲမှုတွေဟာ တခြားမိသားစုအတွက်ဖြစ်လို့ ကျွန်တော်မိသားစုကတော့ အဝေးမှာ ……………………. ။
ဘယ်အရာမဆို မလုပ်ခင်က အရင်ဆုံး ဆိုးကျိုးကိုစဉ်းစားကြဖို့ပဲ တစ်ခွန်းပဲ ကျွန်တော်မှာချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မနုဿ ရဲ့ စာမျက်နှာလေးများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top