Property Expo
×




Credit : Duwun


#Unicode Version

 ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှုကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်လို့ သိရပါတယ်။

မိန့်ခွန်းပြောကြားမှုကို ယနေ့ (စက်တင်ဘာ ၂၁ ရက်) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့အကြီးအကဲတစ်ဦးအဖြစ်  ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့  ပထမဦးဆုံး မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

(၇၁) ကြိမ်မြောက် အထွေထွေညီလာခံကို ကုလသမဂ္ဂရုံးချုပ်အခြေစိုက်ရာ   အမေရိကန်နိုင်ငံ  နယူးယောက်မြို့မှာ စက်တင်ဘာ ၂၀ရက်ကနေ ၂၆ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top