Property Expo
×

ကျောက်ဖရားမြစ်အတွင်း သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေနေစဉ် (ဓါတ်ပုံ-အင်တာနက်)

    စက်တင်ဘာ ၁၈ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောတိမ်းမှောက်မှု အတွင်း သေဆုံးသူ ဦးရေသည် စက်တင်ဘာလ ၂၀ရက်တွင် ၂၇ဦးရှိလာပြီး အခြားလူ၂ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။

အသက် ၈နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၏ ရုပ်အလောင်းအပါအဝင် ရုပ်အလောင်း ၆လောင်း အား သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် Sanamchai ဘုရားကျောင်း မှ ၅ကီလိုမီတာအကွာ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ် ရှိ ကျောက်ဖရားမြစ်အတွင်း မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဆယ်ယူရရှိခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် Thairath ကဖော်ပြခဲ့သည်။

သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်နေရာ နှင့် ဆေးရုံ၌ သေဆုံးခဲ့သည့် လူ၂၇ဦး အနက် ၂၀ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကျန် ၇ဦးမှာ အမျိုးသားများဖြစ်သည်။ ထို့ပြင် သင်္ဘောမှောက်မှုကြောင့် ခရီးသည် ၅၀ကျော်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သင်္ဘောသည် ခရီးသည် ၅၀ဦးသာ တင်ဆောင်ရန် မှတ်ပုံတင်ထားသော်လည်း ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ၁၅၀ဦးကို တင်ဆောင်ကာ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် ဘာသာရေးပွဲတော် တစ်ခုသို့ တက်ရောက်ရန် အယုဒ္ဓယရှိ ဗလီတစ်ခုသို့ ဦးတည်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗွီဒီယိုအချက်အလက်များအရ နှစ်ထပ်ခရီးသည်တင်သင်္ဘောသည် မြစ်ကမ်းနံဘေး ကွန်ကရစ်ဘောင်နှင့် တိုက်မိကာ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တာဝန်ရှိသူများက သင်္ဘောဦးစီးမှူး အား သတ်မှတ်ဦးရေထက်ပို၍ ခရီးသည်အများအပြားတင်ဆောင်မှု တို့အပါအဝင် မဆင်မခြင်ပြုလုပ်မှုကြောင့် လူသေစေမှု နှင့် ထိခိုက်ဒဏ်ရာစေမှု စွဲချက်များဖြင့် စက်တင်ဘာ ၁၉ရက် က ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က သင်္ဘောပေါ်ရှိ ခရီးသည်အများစုသည် အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိကြောင်း သင်္ဘောဦးစီးမှူးက ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

Credit:(Xinhua)

#Unicode Version
ကျောက်ဖရားမြစ်အတွင်း သငေ်္ဘာတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေနေစဉ် (ဓါတ်ပုံ-အင်တာနက်)

    စက်တင်ဘာ ၁၈ရက်တွင် ဖြစ်ပွားခဲ့သည့် သငေ်္ဘာတိမ်းမှောက်မှု အတွင်း သေဆုံးသူ ဦးရေသည် စက်တင်ဘာလ ၂၀ရက်တွင် ၂၇ဦးရှိလာပြီး အခြားလူ၂ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။

အသက် ၈နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၏ ရုပ်အလောင်းအပါအဝင် ရုပ်အလောင်း ၆လောင်း အား သငေ်္ဘာတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် Sanamchai ဘုရားကျောင်း မှ ၅ကီလိုမီတာအကွာ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ် ရှိ ကျောက်ဖရားမြစ်အတွင်း မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဆယ်ယူရရှိခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် Thairath ကဖော်ပြခဲ့သည်။

သငေ်္ဘာတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်နေရာ နှင့် ဆေးရုံ၌ သေဆုံးခဲ့သည့် လူ၂၇ဦး အနက် ၂၀ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကျန် ၇ဦးမှာ အမျုးိသားများဖြစ်သည်။ ထို့ပြင် သငေ်္ဘာမှောက်မှုကြောင့် ခရီးသည် ၅၀ကျော်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သငေ်္ဘာသည် ခရီးသည် ၅၀ဦးသာ တင်ဆောင်ရန် မှတ်ပုံတင်ထားသော်လည်း ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ၁၅၀ဦးကို တင်ဆောင်ကာ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် ဘာသာရေးပွဲတော် တစ်ခုသို့ တက်ရောက်ရန် အယုဒ္ဓယရှိ ဗလီတစ်ခုသို့ ဦးတည်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗွီဒီယိုအချက်အလက်များအရ နှစ်ထပ်ခရီးသည်တင်သငေ်္ဘာသည် မြစ်ကမ်းနံဘေး ကွန်ကရစ်ဘောင်နှင့် တိုက်မိကာ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေပြင်းနှင့်လှိုင်းကြမ်းများတိုက်ခတ်နေသည့်ကြားက ရှာဖွေရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

တာဝန်ရှိသူများက သငေ်္ဘာဦးစီးမှူး အား သတ်မှတ်ဦးရေထက်ပို၍ ခရီးသည်အများအပြားတင်ဆောင်မှု တို့အပါအဝင် မဆင်မခြင်ပြုလုပ်မှုကြောင့် လူသေစေမှု နှင့် ထိခိုက်ဒဏ်ရာစေမှု စွဲချက်များဖြင့် စက်တင်ဘာ ၁၉ရက် က ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က သငေ်္ဘာပေါ်ရှိ ခရီးသည်အများစုသည် အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိကြောင်း သငေ်္ဘာဦးစီးမှူးက ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:(Xinhua)
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top