Property Expo
×

အိမ္အကူ မိန္းကေလးငယ္ႏွစ္ဦးအား လက္ဆစ္႐ိုက္ခ်ဳိးျခင္း၊ ဓားျဖင့္မႊန္းျခင္း၊ ႏွာေခါင္းကို လွီးျဖတ္ျခင္းမ်ား ျပဳလုပ္ႏွိပ္စက္ခဲ့သည့္ ရန္ကုန္ၿမိဳ႕ လမ္း (၄၀) အထက္ဘေလာက္ရွိ အင္း၀အပ္ခ်ဳပ္ဆိုင္မွ ဆိုင္ရွင္အမ်ဳိးသမီး ႏွစ္ဦးအား လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မမ်ားျဖင့္ အမႈဖြင့္ အေရးယူလိုက္ၿပီျဖစ္ေၾကာင္း ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ သိရသည္။

အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလး မစန္းေကခိုင္ႏွင့္ အသက္ ၁၆ ႏွစ္ အရြယ္ မသဇင္တို႔မွာ လြန္ခဲ့သည့္ ငါးႏွစ္ခန္႔ကတည္း က အင္း၀အပ္ခ်ဳပ္ဆိုင္တြင္ အိမ္အကူအျဖစ္ လုပ္ကိုင္သူမ်ားျဖစ္ၿပီး ယင္းကာလအတြင္း မစန္းေကခိုင္၏ လက္ေခ်ာင္း ၁၀ ေခ်ာင္းစလံုးမွ လက္ဆစ္မ်ားကို ႐ိုက္ခ်ဳိးျခင္း၊ မ်က္ႏွာ၊ လက္ဖ်ံႏွင့္ လည္ပင္းတို႔ကို ဓားျဖင့္ မႊန္းျခင္း၊ မသဇင္၏ ႏွာေခါင္းကို ဓားျဖင့္လွီးျခင္း စသည့္ ႏွိပ္စက္မႈမ်ား ျပဳလုပ္ခံခဲ့ရသူမ်ားျဖစ္ကာ ၂၀၁၄ ခုႏွစ္မွစ၍ ၎တို႔၏ လုပ္အားခမ်ား ရရွိျခင္း မရွိေတာ့ေၾကာင္း သိရသည္။

ထုိသို႔ အိမ္အကူ မိန္းကေလးႏွစ္ဦးအား ညႇဥ္းပန္းႏွိပ္စက္ၿပီး လုပ္အားခမေပးသည့္ အင္း၀အပ္ခ်ဳပ္ဆိုင္မွ ေဒၚတင္သူဇာႏွင့္ ေဒၚသီရိလတ္တို႔ႏွစ္ဦးအား  ေက်ာက္တံတားၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၃/၂၀၁၆၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/ ၃၂ တို႔ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး  လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕က တရားလိုျပဳလုပ္ထားေၾကာင္း သိရသည္။

“လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒေတြနဲ႔ သူတို႔ကို အမႈဖြင့္လိုက္ၿပီ။ အမႈဖြင့္တဲ့ လုပ္ငန္းေဆာင္တာေတြၿပီးရင္ သက္ဆိုင္ရာရဲတပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးရမွာေပါ့။ ပုဒ္မ ၂၄ က ျပစ္ဒဏ္အေနနဲ႔ အနည္းဆံုး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆံုး ေထာင္ဒဏ္ႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္တယ္။ ပုဒ္မ ၃၂ ကေတာ့ ပူးေပါင္းပါ၀င္သူေတြကို အဲဒီအတိုင္းပဲ ျပစ္ဒဏ္ခ်မွတ္ႏိုင္တာ ျဖစ္တယ္။ အားေပးကူညီသူ၊ ေငြေၾကးေထာက္ပံ့သူေတြကိုေပါ့”ဟု တရားလိုျပဳလုပ္ထားသည့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕မွ ဒုတပ္ဖြဲ႕စုမွဴး ဒုရဲမွဴးမ်ဳိးသိန္းက ေျပာၾကားသည္။

ထုိသို႔ မိန္းကေလးငယ္မ်ား ႏွိပ္စက္ခံခဲ့ရသည့္ျဖစ္စဥ္ကို Myanmar Now သတင္းဌာနမွ သတင္းေထာက္ခ်ဳပ္ ကိုေဆြ၀င္းက လြန္ခဲ့သည့္ ေလးလခန္႔တြင္ စတင္သိရွိၿပီး ေက်ာက္တံတားရဲစခန္းသို႔ သြားေရာက္တိုင္တန္းခဲ့ျခင္း ျဖစ္သည္။ ႏွစ္ပတ္ခန္႔ ၾကာေသာအခါ ထူးျခားမႈ မရွိေသာေၾကာင့္ ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ ထပ္မံတိုင္တန္းခဲ့သည္။ စက္တင္ဘာ ၁၅ ရက္တြင္ ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္႐ံုး၌ ႏွိပ္စက္ခံရသည့္ ကေလးငယ္မ်ားႏွင့္ ၎တို႔၏ မိဘမ်ား၊ အင္း၀အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္မ်ား၊  ေကာ္မရွင္အဖြဲ႕၀င္မ်ား၊ ရဲတပ္ဖြဲ႕၀င္မ်ား၊ ေထြအုပ္႐ံုးမွ တာ၀န္ရွိသူမ်ား၊ အမ်ဳိးသမီးေရးရာ အဖြဲ႕၀င္မ်ားႏွင့္ မိန္းကေလးငယ္ႏွစ္ဦး၏ အေရးကို ရဲစခန္းသို႔ စတင္တိုင္ၾကားခဲ့သူ ကိုေဆြ၀င္းတို႔ မ်က္ႏွာစံုညီ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

ထိုသို႔  ေတြ႕ဆံုေဆြးေႏြးေသာအခါ ရဲတပ္ဖြဲ႕က  အင္း၀အပ္ခ်ဳပ္ဆိုင္ ပိုင္ရွင္မ်ားသည္ ႏွိပ္စက္ညႇဥ္းပန္းမႈ ျပဳလုပ္ေၾကာင္း၊ ကြၽန္ျပဳေစခိုင္းမႈမ်ား ရွိေနေၾကာင္း၊ လုပ္အား ေခါင္းပံုျဖတ္မႈမ်ား ရွိေနေၾကာင္း ေကာ္မရွင္သို႔ အစီရင္ခံ တင္ျပခဲ့သည္။ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕၀င္တို႔ကမူ ေလ်ာ္ေၾကးယူၿပီး ေက်ေအးေပးရန္ မိန္းကေလးငယ္ႏွစ္ဦး၏ မိဘမ်ားအား တိုက္တြန္းခဲ့ရာ ၎တို႔၏ တိုက္တြန္းမႈေၾကာင့္  ႏွိပ္စက္ခံ မိန္းကေလးငယ္ႏွစ္ဦး၏ မိဘမ်ားက မစန္းေကခိုင္အတြက္ က်ပ္သိန္း ၄၀၊ မသဇင္အတြက္ က်ပ္ ၁၀ သိန္း ယူၿပီး ေက်ေအးခဲ့ရသည္ဟု ကိုေဆြ၀င္းက ေျပာၾကားသည္။

“ကြၽန္ေတာ္က ဥပေဒလမ္းေၾကာင္းအတိုင္းပဲ သြားသင့္တယ္လို႔ ၀င္ေျပာတယ္။ ဒါကို ေကာ္မရွင္အဖြဲ႕၀င္ ဦးေဇာ္၀င္းက ကာယကံရွင္ မဟုတ္တဲ့အတြက္ဆိုၿပီး မေျပာခိုင္းဘူး။ ကေလးမိဘေတြကိုပဲ ေျပာခိုင္းတယ္။ ကေလးမိဘေတြက ေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ ဘာေျပာရမွန္းမသိဘူး။ ေသခ်ာ ဆန္းစစ္လိုက္ေတာ့ ကေလးမိဘေတြက စာေတာင္ မဖတ္တတ္ဘူး။ ဒီအမႈကို ေျဖရွင္းရေတာ့မယ္။ အဲဒီအခ်ိန္မွာ က်ဴးလြန္ထားတဲ့ အပ္ခ်ဳပ္ဆိုင္ ပိုင္ရွင္ေတြကေန ေငြဘယ္ေလာက္ေပးရမလဲဆိုၿပီး ေျပာတယ္။ ဒုတိယအႀကိမ္ ကြၽန္ေတာ္ ထပ္ကန္႔ကြက္တယ္။ သက္ဆိုင္ရာ ဆရာ၀န္ေတြေခၚပါ။ ကေလးေတြရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြကို စစ္ေဆးပါ။ ကေလးေတြရဲ႕ လုပ္အားခကို အေသးစိတ္ျပန္တြက္ပါ။ ႏွစ္ရွည္လမ်ား ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတာဆိုေတာ့ အဲဒီလိုလုပ္ရမယ္ဆိုၿပီး ေျပာတယ္။ အမွန္ေတာ့ ဒီအၾကံကို မေပးခ်င္ခဲ့ပါဘူး။ ဥပေဒအတိုင္းပဲ ျဖစ္ခ်င္ခဲ့တာ။ ေငြေရးေၾကးေရးနဲ႔ ျဖစ္ေနၿပီဆိုေတာ့ ဒါႀကီးကို ကြၽန္ေတာ္က စိုးရိမ္လို႔ပါ။ ဒါကိုလည္း လက္မခံဘူး။ ေကာ္မရွင္အဖြဲ႕၀င္တခ်ဳိ႕က ခင္ဗ်ားတို႔ ဥပေဒအတိုင္းလုပ္ရင္ ေတာကေနၿမိဳ႕ကို တက္၊ ႐ံုးခ်ိန္းေတြနဲ႔ အခက္အခဲေတြ႕မယ္ဆိုၿပီး စကားလမ္းေၾကာင္းတယ္။ ေနာက္ဆံုး သံုးနာရီ၊ ေလးနာရီၾကာလာေတာ့ ဘာလုပ္ရမွန္းမသိတဲ့ ကေလးမိဘေတြဟာ ေငြေၾကးနဲ႔ပဲ ေက်ေအးလိုက္ရတယ္” ဟု ကိုေဆြ၀င္းက  ေျပာၾကားသည္။

“ကြၽန္မသမီးကို သြားေတြ႕လုိ႔ရွိရင္ ေပးမေတြ႕ဘူး။ ဘုရားပြဲသြားတယ္။ ေခ်ာင္းသာသြားတယ္ေျပာတယ္။ ဒီတစ္ေခါက္သြားေတာ့ ေဘးအိမ္ေတြကလည္း ျပန္ေခၚသြားပါ ႏွိပ္စက္တယ္လို႔ေျပာတယ္။ ႐ံုးမွာ သြားေတြ႕ေတာ့ ဒါေတြက ေတာကရလာတဲ့ ဒဏ္ရာေတြလို႔ ေျပာတယ္။ ကိုယ္ကေတာ့ သူတို႔ေပးတဲ့ဟာ ယူၿပီးျပန္လာတာပဲရွိတယ္။ ကြၽန္မတို႔က ဘယ္မွ မေရာက္ဖူးပါဘူး။ အဲဒါေလးပဲ ယူၿပီးေတာ့ ျပန္လာခဲ့တာပါ။ ေက်နပ္ေတာ့ သိပ္မေက်နပ္ဘူးေပါ့။ ဒါေပမဲ့ ကိုယ္က ဘယ္မွ မေရာက္ဖူးေတာ့ အေတြ႕အၾကံဳက မရွိေတာ့ေၾကာက္လည္း ေၾကာက္တယ္။ အရင္ကေတာ့ အမႈဖြင့္မယ္ စိတ္ကူးေပမယ့္ ကိုယ့္ဘာကိုယ္ပဲ ေက်ေအးခဲ့ရတယ္ဆိုပါေတာ့။ ေကာင္းမယ္ထင္လို႔ တစ္ေယာက္ေယာက္က အမႈဖြင့္ေပးရင္ေတာ့ လက္ခံမွာပါ”ဟု ညႇဥ္းပန္းႏွိပ္စက္ခံရသည့္ မစန္းေကခိုင္၏ မိခင္ေဒၚညိဳညိဳ၀င္းက ေျပာၾကားသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရး ဒုဥကၠ႒ ဦးစစ္ၿမိဳင္ က ေကာ္မရွင္တြင္ ထုိကဲ့သို႔ ၾကား၀င္ေစ့စပ္ညႇိႏိႈင္းေပးႏိုင္သည့္ လုပ္ပိုင္ခြင့္ရွိေၾကာင္း ျပန္လည္ေျဖၾကားထားသည္။

“ဒီလိုကိစၥမ်ိဳးကို လုပ္ေဆာင္တဲ့အခ်ိန္မွာ တရားဥပေဒ ေဆာင္ၾကဥ္းေပးဖို႔ကေတာ့ လိုအပ္တယ္။ ေဆာင္ၾကဥ္းေပးတဲ့ အခ်ိန္မွာ ဘာသာစကား နားမလည္တဲ့၊ ေၾကာက္ရြံ႕တတ္တဲ့ အေျခခံလူတန္းစားေတြ အမ်ားႀကီးေတြရွိတယ္။ သူတို႔ေတြရဲ႕ လိုအပ္ခ်က္ကိုသိၿပီး ဘယ္အပိုင္းကေတာ့ သူတို႔အတြက္ အက်ဳိးရွိႏိုင္တယ္။ အကာအကြယ္ေပးႏိုင္တယ္။ အက်ဳိးရွိႏိုင္တယ္ဆိုတဲ့ Legal Counciling ရွိဖို႔ လိုအပ္တယ္။ ဒါမွမဟုတ္ဘဲ ေၾကာက္ၿပီး ရပ္လိုက္ရတာေတြ၊ ဘာမွမသိပါဘူး ဒီေလာက္ဆို လံုေလာက္ပါၿပီ ဆိုၿပီး ေၾကာက္ၿပီး ရပ္လိုက္ရတာမ်ဳိးေတြက မရွိသင့္ဘူး။ တရား႐ံုးခ်ိန္းေတြ လာရမယ္ဆိုၿပီး အားယူေျပာတဲ့ အခ်က္အလက္ကေတာ့ ေကာ္မရွင္အေနနဲ႔ မျဖစ္သင့္ဘူး။ တရားဥပေဒကို ေဆာင္ၾကဥ္းႏိုင္မယ့္ နည္းလမ္းကို သိၿပီးေတာ့မွ ဆိုးက်ဳိးကိုပဲေျပာၿပီးေတာ့ ေကာင္းက်ဳိးကို ခ်န္ထားခဲ့ၿပီး ဖိအားေပးတာမ်ဳိး မျဖစ္သင့္ဘူး။ ဒါေတြကို အမ်ားႀကီးေတြ႕ရတယ္။ ေကာ္မရွင္ရဲ႕ ဥပေဒထဲမွာ လူ႔အခြင့္အေရးအရ ဘယ္လိုမွလက္မခံႏိုင္တဲ့ ဒီလိုကိစၥေတြ ျဖစ္လာရင္ ေကာ္မရွင္ကေန ကိုယ္စားျပဳၿပီး အမႈအမွန္အတိုင္းျဖစ္ဖို႔ရယ္၊ ကေလးသူငယ္အခြင့္အေရး ခ်ဳိးေဖာက္ခံရတာ ျဖစ္တဲ့အတြက္ တရားစြဲႏိုင္တဲ့ အခ်က္အလက္မ်ဳိးရွိရင္ ဥပေဒအရ ပိုမိုအားေကာင္းလာမယ္။
ဥပေဒမွာမပါလို႔ မလုပ္ဘူးဆိုတဲ့ အခ်က္အလက္မ်ဳိးကို ေရွာင္ရွားႏိုင္ပါမယ္” ဟု လူ႔အခြင့္အေရးကိစၥရပ္မ်ားကို ေဆာင္ရြက္ေနသည့္ ညီမွ်ျခင္းျမန္မာမွ ဦးေအာင္မ်ဳိးမင္းက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရး ဥပေဒ၏ ပုဒ္မ ၄၀ (ဂ) တြင္ သက္ဆိုင္ရာဌာန၊  အဖြဲ႕အစည္း၊ လုပ္ငန္း၊ ပုဂၢိဳလ္ သို႔မဟုတ္ အာဏာပိုင္အဖြဲ႕အစည္းက အေရးယူေဆာင္ရြက္ေရးႏွင့္ ယင္းအၾကံျပဳ တိုက္တြန္းခ်က္မ်ားအေပၚ ၎တို႔၏ အေရးယူေဆာင္ရြက္ခ်က္မ်ားကို ေကာ္မရွင္သို႔ သင့္ေလ်ာ္ေသာ အခ်ိန္ကာလအတြင္း ျပန္ၾကားေရးဟု ျပ႒ာန္းထားေၾကာင္း သိရသည္။

“နစ္နာတဲ့သူေတြျဖစ္တဲ့ ႏွိပ္စက္ခံရတဲ့ မိန္းကေလးေတြဘက္က ေလ်ာ္ေၾကး ဘယ္ေလာက္ပဲ ယူထားထား၊ ရာဇ၀တ္မႈေတြျဖစ္တဲ့အတြက္ ဥပေဒအရ အမႈဖြင့္ပိုင္ခြင့္ ရွိေသးတယ္။ အခု ရဲကေနၿပီးေတာ့ လူကုန္ကူးဥပေဒ နဲ႔ အမႈဖြင့္ထားေတာင္မွ တရားလိုေတြဘက္ကေန အျပင္းအထန္ နာက်င္ေစမႈလို ရာဇ၀တ္မႈ ပုဒ္မေတြနဲ႔ ထပ္ဖြင့္လို႔ရေသးတယ္။ လူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ကေတာ့ ျပစ္မႈထင္ရွားေနတာျဖစ္တဲ့အတြက္ ရဲကို အေၾကာင္းၾကားရပါမယ္။ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔ လမ္းညႊန္အၾကံေပးသင့္ပါတယ္။ လူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ဒါမ်ဳိးမလုပ္သင့္ပါဘူး”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးစိုးတင့္ရည္က ေျပာၾကားသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္႐ံုးတြင္ စက္တင္ဘာ ၂၁ ရက္ မြန္းလြဲပိုင္း၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven

#Unicode Version

အိမ်အကူ မိန်းကလေးငယ်နှစ်ဦးအား လက်ဆစ်ရိုက်ချိုးခြင်း၊ ဓားဖြင့်မွှန်းခြင်း၊ နှာခေါင်းကို လှီးဖြတ်ခြင်းများ ပြုလုပ်နှိပ်စက်ခဲ့သည့် ရန်ကုန်မြို့ လမ်း (၄၀) အထက်ဘလောက်ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီး နှစ်ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူလိုက်ပြီဖြစ်ကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ သိရသည်။

အသက် ၁၇ နှစ်အရွယ် မိန်းကလေး မစန်းကေခိုင်နှင့် အသက် ၁၆ နှစ် အရွယ် မသဇင်တို့မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်း က အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်သူများဖြစ်ပြီး ယင်းကာလအတွင်း မစန်းကေခိုင်၏ လက်ချောင်း ၁၀ ချောင်းစလုံးမှ လက်ဆစ်များကို ရိုက်ချိုးခြင်း၊ မျက်နှာ၊ လက်ဖျံနှင့် လည်ပင်းတို့ကို ဓားဖြင့် မွှန်းခြင်း၊ မသဇင်၏ နှာခေါင်းကို ဓားဖြင့်လှီးခြင်း စသည့် နှိပ်စက်မှုများ ပြုလုပ်ခံခဲ့ရသူများဖြစ်ကာ ၂၀၁၄ ခုနှစ်မှစ၍ ၎င်းတို့၏ လုပ်အားခများ ရရှိခြင်း မရှိတော့ကြောင်း သိရသည်။

ထိုသို့ အိမ်အကူ မိန်းကလေးနှစ်ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်အားခမပေးသည့် အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာနှင့် ဒေါ်သီရိလတ်တို့နှစ်ဦးအား  ကျောက်တံတားမြို့မရဲစခန်းတွင် (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ထားကြောင်း သိရသည်။

“လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွေနဲ့ သူတို့ကို အမှုဖွင့်လိုက်ပြီ။ အမှုဖွင့်တဲ့ လုပ်ငန်းဆောင်တာတွေပြီးရင် သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးရမှာပေါ့။ ပုဒ်မ ၂၄ က ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်တယ်။ ပုဒ်မ ၃၂ ကတော့ ပူးပေါင်းပါဝင်သူတွေကို အဲဒီအတိုင်းပဲ ပြစ်ဒဏ်ချမှတ်နိုင်တာ ဖြစ်တယ်။ အားပေးကူညီသူ၊ ငွေကြေးထောက်ပံ့သူတွေကိုပေါ့”ဟု တရားလိုပြုလုပ်ထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသိန်းက ပြောကြားသည်။

ထိုသို့ မိန်းကလေးငယ်များ နှိပ်စက်ခံခဲ့ရသည့်ဖြစ်စဉ်ကို Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက လွန်ခဲ့သည့် လေးလခန့်တွင် စတင်သိရှိပြီး ကျောက်တံတားရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ နှစ်ပတ်ခန့် ကြာသောအခါ ထူးခြားမှု မရှိသောကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ထပ်မံတိုင်တန်းခဲ့သည်။ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ နှိပ်စက်ခံရသည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ၊  ကော်မရှင်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိန်းကလေးငယ်နှစ်ဦး၏ အရေးကို ရဲစခန်းသို့ စတင်တိုင်ကြားခဲ့သူ ကိုဆွေဝင်းတို့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့  တွေ့ဆုံဆွေးနွေးသောအခါ ရဲတပ်ဖွဲ့က  အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များသည် နှိပ်စက်ညှဉ်းပန်းမှု ပြုလုပ်ကြောင်း၊ ကျွန်ပြုစေခိုင်းမှုများ ရှိနေကြောင်း၊ လုပ်အား ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း ကော်မရှင်သို့ အစီရင်ခံ တင်ပြခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တို့ကမူ လျော်ကြေးယူပြီး ကျေအေးပေးရန် မိန်းကလေးငယ်နှစ်ဦး၏ မိဘများအား တိုက်တွန်းခဲ့ရာ ၎င်းတို့၏ တိုက်တွန်းမှုကြောင့်  နှိပ်စက်ခံ မိန်းကလေးငယ်နှစ်ဦး၏ မိဘများက မစန်းကေခိုင်အတွက် ကျပ်သိန်း ၄၀၊ မသဇင်အတွက် ကျပ် ၁၀ သိန်း ယူပြီး ကျေအေးခဲ့ရသည်ဟု ကိုဆွေဝင်းက ပြောကြားသည်။

“ကျွန်တော်က ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားသင့်တယ်လို့ ဝင်ပြောတယ်။ ဒါကို ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကာယကံရှင် မဟုတ်တဲ့အတွက်ဆိုပြီး မပြောခိုင်းဘူး။ ကလေးမိဘတွေကိုပဲ ပြောခိုင်းတယ်။ ကလေးမိဘတွေက တောင်ကြည့်မြောက်ကြည့်နဲ့ ဘာပြောရမှန်းမသိဘူး။ သေချာ ဆန်းစစ်လိုက်တော့ ကလေးမိဘတွေက စာတောင် မဖတ်တတ်ဘူး။ ဒီအမှုကို ဖြေရှင်းရတော့မယ်။ အဲဒီအချိန်မှာ ကျူးလွန်ထားတဲ့ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေကနေ ငွေဘယ်လောက်ပေးရမလဲဆိုပြီး ပြောတယ်။ ဒုတိယအကြိမ် ကျွန်တော် ထပ်ကန့်ကွက်တယ်။ သက်ဆိုင်ရာ ဆရာဝန်တွေခေါ်ပါ။ ကလေးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို စစ်ဆေးပါ။ ကလေးတွေရဲ့ လုပ်အားခကို အသေးစိတ်ပြန်တွက်ပါ။ နှစ်ရှည်လများ ဖမ်းဆီးချုပ်နှောင်ထားတာဆိုတော့ အဲဒီလိုလုပ်ရမယ်ဆိုပြီး ပြောတယ်။ အမှန်တော့ ဒီအကြံကို မပေးချင်ခဲ့ပါဘူး။ ဥပဒေအတိုင်းပဲ ဖြစ်ချင်ခဲ့တာ။ ငွေရေးကြေးရေးနဲ့ ဖြစ်နေပြီဆိုတော့ ဒါကြီးကို ကျွန်တော်က စိုးရိမ်လို့ပါ။ ဒါကိုလည်း လက်မခံဘူး။ ကော်မရှင်အဖွဲ့ဝင်တချို့က ခင်ဗျားတို့ ဥပဒေအတိုင်းလုပ်ရင် တောကနေမြို့ကို တက်၊ ရုံးချိန်းတွေနဲ့ အခက်အခဲတွေ့မယ်ဆိုပြီး စကားလမ်းကြောင်းတယ်။ နောက်ဆုံး သုံးနာရီ၊ လေးနာရီကြာလာတော့ ဘာလုပ်ရမှန်းမသိတဲ့ ကလေးမိဘတွေဟာ ငွေကြေးနဲ့ပဲ ကျေအေးလိုက်ရတယ်” ဟု ကိုဆွေဝင်းက  ပြောကြားသည်။

“ကျွန်မသမီးကို သွားတွေ့လို့ရှိရင် ပေးမတွေ့ဘူး။ ဘုရားပွဲသွားတယ်။ ချောင်းသာသွားတယ်ပြောတယ်။ ဒီတစ်ခေါက်သွားတော့ ဘေးအိမ်တွေကလည်း ပြန်ခေါ်သွားပါ နှိပ်စက်တယ်လို့ပြောတယ်။ ရုံးမှာ သွားတွေ့တော့ ဒါတွေက တောကရလာတဲ့ ဒဏ်ရာတွေလို့ ပြောတယ်။ ကိုယ်ကတော့ သူတို့ပေးတဲ့ဟာ ယူပြီးပြန်လာတာပဲရှိတယ်။ ကျွန်မတို့က ဘယ်မှ မရောက်ဖူးပါဘူး။ အဲဒါလေးပဲ ယူပြီးတော့ ပြန်လာခဲ့တာပါ။ ကျေနပ်တော့ သိပ်မကျေနပ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ်က ဘယ်မှ မရောက်ဖူးတော့ အတွေ့အကြုံက မရှိတော့ကြောက်လည်း ကြောက်တယ်။ အရင်ကတော့ အမှုဖွင့်မယ် စိတ်ကူးပေမယ့် ကိုယ့်ဘာကိုယ်ပဲ ကျေအေးခဲ့ရတယ်ဆိုပါတော့။ ကောင်းမယ်ထင်လို့ တစ်ယောက်ယောက်က အမှုဖွင့်ပေးရင်တော့ လက်ခံမှာပါ”ဟု ညှဉ်းပန်းနှိပ်စက်ခံရသည့် မစန်းကေခိုင်၏ မိခင်ဒေါ်ညိုညိုဝင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ဒုဥက္ကဋ္ဌ ဦးစစ်မြိုင် က ကော်မရှင်တွင် ထိုကဲ့သို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်သည့် လုပ်ပိုင်ခွင့်ရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

“ဒီလိုကိစ္စမျိုးကို လုပ်ဆောင်တဲ့အချိန်မှာ တရားဥပဒေ ဆောင်ကြဉ်းပေးဖို့ကတော့ လိုအပ်တယ်။ ဆောင်ကြဉ်းပေးတဲ့ အချိန်မှာ ဘာသာစကား နားမလည်တဲ့၊ ကြောက်ရွံ့တတ်တဲ့ အခြေခံလူတန်းစားတွေ အများကြီးတွေရှိတယ်။ သူတို့တွေရဲ့ လိုအပ်ချက်ကိုသိပြီး ဘယ်အပိုင်းကတော့ သူတို့အတွက် အကျိုးရှိနိုင်တယ်။ အကာအကွယ်ပေးနိုင်တယ်။ အကျိုးရှိနိုင်တယ်ဆိုတဲ့ Legal Counciling ရှိဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ဘဲ ကြောက်ပြီး ရပ်လိုက်ရတာတွေ၊ ဘာမှမသိပါဘူး ဒီလောက်ဆို လုံလောက်ပါပြီ ဆိုပြီး ကြောက်ပြီး ရပ်လိုက်ရတာမျိုးတွေက မရှိသင့်ဘူး။ တရားရုံးချိန်းတွေ လာရမယ်ဆိုပြီး အားယူပြောတဲ့ အချက်အလက်ကတော့ ကော်မရှင်အနေနဲ့ မဖြစ်သင့်ဘူး။ တရားဥပဒေကို ဆောင်ကြဉ်းနိုင်မယ့် နည်းလမ်းကို သိပြီးတော့မှ ဆိုးကျိုးကိုပဲပြောပြီးတော့ ကောင်းကျိုးကို ချန်ထားခဲ့ပြီး ဖိအားပေးတာမျိုး မဖြစ်သင့်ဘူး။ ဒါတွေကို အများကြီးတွေ့ရတယ်။ ကော်မရှင်ရဲ့ ဥပဒေထဲမှာ လူ့အခွင့်အရေးအရ ဘယ်လိုမှလက်မခံနိုင်တဲ့ ဒီလိုကိစ္စတွေ ဖြစ်လာရင် ကော်မရှင်ကနေ ကိုယ်စားပြုပြီး အမှုအမှန်အတိုင်းဖြစ်ဖို့ရယ်၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တဲ့အတွက် တရားစွဲနိုင်တဲ့ အချက်အလက်မျိုးရှိရင် ဥပဒေအရ ပိုမိုအားကောင်းလာမယ်။
ဥပဒေမှာမပါလို့ မလုပ်ဘူးဆိုတဲ့ အချက်အလက်မျိုးကို ရှောင်ရှားနိုင်ပါမယ်” ဟု လူ့အခွင့်အရေးကိစ္စရပ်များကို ဆောင်ရွက်နေသည့် ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ဥပဒေ၏ ပုဒ်မ ၄၀ (ဂ) တွင် သက်ဆိုင်ရာဌာန၊  အဖွဲ့အစည်း၊ လုပ်ငန်း၊ ပုဂ္ဂိုလ် သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းက အရေးယူဆောင်ရွက်ရေးနှင့် ယင်းအကြံပြု တိုက်တွန်းချက်များအပေါ် ၎င်းတို့၏ အရေးယူဆောင်ရွက်ချက်များကို ကော်မရှင်သို့ သင့်လျော်သော အချိန်ကာလအတွင်း ပြန်ကြားရေးဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

“နစ်နာတဲ့သူတွေဖြစ်တဲ့ နှိပ်စက်ခံရတဲ့ မိန်းကလေးတွေဘက်က လျော်ကြေး ဘယ်လောက်ပဲ ယူထားထား၊ ရာဇဝတ်မှုတွေဖြစ်တဲ့အတွက် ဥပဒေအရ အမှုဖွင့်ပိုင်ခွင့် ရှိသေးတယ်။ အခု ရဲကနေပြီးတော့ လူကုန်ကူးဥပဒေ နဲ့ အမှုဖွင့်ထားတောင်မှ တရားလိုတွေဘက်ကနေ အပြင်းအထန် နာကျင်စေမှုလို ရာဇဝတ်မှု ပုဒ်မတွေနဲ့ ထပ်ဖွင့်လို့ရသေးတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ကတော့ ပြစ်မှုထင်ရှားနေတာဖြစ်တဲ့အတွက် ရဲကို အကြောင်းကြားရပါမယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လမ်းညွှန်အကြံပေးသင့်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒါမျိုးမလုပ်သင့်ပါဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top