Property Expo
×

ေခါင္းကုိက္တဲ့ေဝဒနာကုိ ေန႕စဥ္နဲ႕အမွ် လူေပါင္းသန္းနဲ႕ခ်ီ ခံစားေနၾကရတယ္လို႕ ဆုိပါတယ္။ ေခါင္းကုိက္ေပ်ာက္ေစဖုိ႕ ေဆးဝါးအကူအညီ ယူၾကရပတယ္။ ေခါင္းကုိက္ေပ်ာက္ေစဖုိ႕ထက္ ေခါင္းကုိက္ေစတဲ့ အေၾကာင္းရင္းေတြကုိ သိထားဖုိ႕က အေရးႀကီးတယ္လို႕ ေဆးသိပၸံပညာ႐ွင္ေတြက အႀကံျပဳထားပါတယ္။ အခုေဖာ္ျပထားတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ေခါင္းကိုက္မႈကုိ ခံစားရေစႏုိင္ပါတယ္။

၁။ စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈနဲ႕ ေသာကေတြက ေခါင္းကိုက္ေစတဲ့ အဓိကအက်ဆုံး အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ ေန႕စဥ္ႀကဳံေတြ႕ရတဲ့ စိတ္ဖိစီးမႈေတြကုိ ေလ်ာ့ပါးေစဖုိ႕အတြက္ စိတ္ကုိတည္ၿငိမ္ေအာင္ထားရန္ ႀကဳိးပမ္းသင့္ၿပီး တရားထိုုင္ျခင္းကဲ့သုိ႕ အေလ့အက်င့္ လုပ္သင့္ပါတယ္။

၂။ က်န္းမာေရးနဲ႕မညီတဲ့ အစားအစာ

ေန႕စဥ္ စားေနက် အစားအစာေတြက က်န္းမာေရးနဲ႕ မညီညြတ္ခဲ့ရင္ စိတ္နဲ႕ခႏၶာ ျပႆနာအမ်ားအျပား ႀကဳံရႏုိင္ၿပီး ေခါင္းကိုက္တတ္တာလည္း အပါအဝင္ ျဖစ္ပါတယ္။ ကဖင္းဓာတ္ပါဝင္မႈမ်ားတာေတြကုိ ေ႐ွာင္ၾကဥ္ၿပီး က်န္းမာေရးနဲ႕ ညီညြတ္တဲ့ အစားအစာကုိ ဂ႐ုတစုိက္ စားသင့္ပါတယ္။

၃။ ေဆးမွားေသာက္ျခင္း

ေဆးေတြေသာက္ရာမွာလည္း သတိျပဳသင့္ပါတယ္။ အခ်ဳိ႕ေဆးမ်ား ေရာေႏွာေသာက္မိတာေၾကာင့္ ေခါင္းကိုက္တတ္သလုိ ေဆးမွားေသာက္မိပါကလည္း ေခါင္းကိုက္ေဝဒနာ ခံစားရႏုိင္ပါတယ္။

၄။ အျမင္အာ႐ုံစုိက္မႈ

တီဗီ၊ ကြန္ပ်ဴတာ၊ စမတ္ဖုန္း စတဲ့ အသုံးအေဆာင္ေတြကုိ အခ်ိန္ၾကာျမင့္စြာ ၾကည့္႐ႈျခင္းက ေခါင္းကုိက္ေစပါတယ္။ ဒီလို အသုံးအေဆာင္ေတြကုိ ၾကည့္႐ႈသုံးစြဲခ်ိန္ ကန္႕သတ္ထားသင့္ၿပီး မ်က္စိကုိလည္း ဆရာဝန္နဲ႕ စစ္ေဆးသင့္ပါတယ္။

၅။ ေနထုိင္မႈပုံစံ

အိပ္ခ်ိန္မ်ားလြန္းပါက ႏိုးလာတဲ့အခါ ေခါင္းကိုက္တတ္ပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္ကုိ စနစ္တက် သတ္မွတ္ထားၿပီး ပုံမွန္အိပ္စက္တာ ႏုိးထတာမ်ဳိး အေလ့အက်င့္႐ွိသင့္ပါတယ္။

၆။ ကုိယ္ေနဟန္ထား

ထုိင္တဲ့ပုံစံ မမွန္ျခင္းကလည္း ေခါင္းကိုက္ေစပါတယ္။ ခါးမတ္မတ္ထားၿပီး မထုိင္ျခင္းကဲ့သုိ႕ ထုိင္တဲ့ပုံစံ မမွန္ျခင္းက ေက်ာ႐ုိးက်န္းမာေရး ထိခုိက္ေစကာ ေခါင္းကိုက္ေဝဒနာ ခံစားရႏုိင္ပါတယ္။

၇။ သုတ္ေဆးအနံ႕

သုတ္ေဆးအမ်ဳိးမ်ဳိးမွာ အဆိပ္သင့္ပစၥည္း ပါဝင္ၿပီး ထိုအနံ႕ေတြကုိ အတန္ၾကာ႐ွဴ႐ႈိက္မိတာမ်ဳိးေၾကာင့္ ေခါင္းကိုက္တတ္ပါတယ္။ အလုံပိတ္အခန္းထဲမွာ သုတ္ေဆးအနံ႕ေတြကုိ ႐ွဴ႐ႈိက္မိျခင္းက ပုိၿပီးေခါင္းကိုက္ေစပါတယ္။ သုတ္ေဆးအနံ႕က ေခါင္းကိုက္ေစ႐ုံသာမက က်န္းမာေရးကုိလည္း ထိခိုက္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ခေါင်းကိုက်တဲ့ဝေဒနာကို နေ့စဉ်နဲ့အမျှ လူပေါင်းသန်းနဲ့ချီ ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ခေါင်းကိုက်ပျောက်စေဖို့ ဆေးဝါးအကူအညီ ယူကြရပတယ်။ ခေါင်းကိုက်ပျောက်စေဖို့ထက် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို သိထားဖို့က အရေးကြီးတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။ အခုဖော်ပြထားတဲ့ အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်မှုကို ခံစားရစေနိုင်ပါတယ်။

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုနဲ့ သောကတွေက ခေါင်းကိုက်စေတဲ့ အဓိကအကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေဖို့အတွက် စိတ်ကိုတည်ငြိမ်အောင်ထားရန် ကြိုးပမ်းသင့်ပြီး တရားထိုုင်ခြင်းကဲ့သို့ အလေ့အကျင့် လုပ်သင့်ပါတယ်။

၂။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာ

နေ့စဉ် စားနေကျ အစားအစာတွေက ကျန်းမာရေးနဲ့ မညီညွတ်ခဲ့ရင် စိတ်နဲ့ခန္ဓာ ပြဿနာအများအပြား ကြုံရနိုင်ပြီး ခေါင်းကိုက်တတ်တာလည်း အပါအဝင် ဖြစ်ပါတယ်။ ကဖင်းဓာတ်ပါဝင်မှုများတာတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ဂရုတစိုက် စားသင့်ပါတယ်။

၃။ ဆေးမှားသောက်ခြင်း

ဆေးတွေသောက်ရာမှာလည်း သတိပြုသင့်ပါတယ်။ အချို့ဆေးများ ရောနှောသောက်မိတာကြောင့် ခေါင်းကိုက်တတ်သလို ဆေးမှားသောက်မိပါကလည်း ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၄။ အမြင်အာရုံစိုက်မှု

တီဗီ၊ ကွန်ပျူတာ၊ စမတ်ဖုန်း စတဲ့ အသုံးအဆောင်တွေကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းက ခေါင်းကိုက်စေပါတယ်။ ဒီလို အသုံးအဆောင်တွေကို ကြည့်ရှုသုံးစွဲချိန် ကန့်သတ်ထားသင့်ပြီး မျက်စိကိုလည်း ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

၅။ နေထိုင်မှုပုံစံ

အိပ်ချိန်များလွန်းပါက နိုးလာတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ထားပြီး ပုံမှန်အိပ်စက်တာ နိုးထတာမျိုး အလေ့အကျင့်ရှိသင့်ပါတယ်။

၆။ ကိုယ်နေဟန်ထား

ထိုင်တဲ့ပုံစံ မမှန်ခြင်းကလည်း ခေါင်းကိုက်စေပါတယ်။ ခါးမတ်မတ်ထားပြီး မထိုင်ခြင်းကဲ့သို့ ထိုင်တဲ့ပုံစံ မမှန်ခြင်းက ကျောရိုးကျန်းမာရေး ထိခိုက်စေကာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၇။ သုတ်ဆေးအနံ့

သုတ်ဆေးအမျိုးမျိုးမှာ အဆိပ်သင့်ပစ္စည်း ပါဝင်ပြီး ထိုအနံ့တွေကို အတန်ကြာရှူရှိုက်မိတာမျိုးကြောင့် ခေါင်းကိုက်တတ်ပါတယ်။ အလုံပိတ်အခန်းထဲမှာ သုတ်ဆေးအနံ့တွေကို ရှူရှိုက်မိခြင်းက ပိုပြီးခေါင်းကိုက်စေပါတယ်။ သုတ်ဆေးအနံ့က ခေါင်းကိုက်စေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top