Kantharyar Centre
×

 အဝတ္အစား အသံုးအေဆာင္ ေရြးခ်ယ္မႈ အဆင္မေျပေသာေၾကာင့္ တ႐ုတ္ သတင္းေထာက္ အမ်ိဳးသမီးတစ္ဦး အလုပ္ျပဳတ္မည့္အေရး ႀကံဳေနရေၾကာင္း သိရသည္။

Xiamen TVမွ ႐ုပ္ျမင္သံၾကား သတင္းေထာက္ အမ်ိဳးသမီး တစ္ဦးသည္ တိုင္ဖြန္းမုန္တုိင္း မီရန္တီ တိုက္ခတ္မႈအၿပီး ဇီယာမန္ၿမိဳ႕တြင္း ျပန္လည္ ထူေထာင္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေနပံုကို သြားေရာက္ အင္တာဗ်ဴးခဲ့သည္။ ထိုအခ်ိန္တြင္ အလုပ္လုပ္ေနသူ အားလံုးက ေနပူပူေအာက္တြင္ ေခၽြးသံတရႊဲရႊဲ ျဖစ္ေနေသာ္လည္း သတင္းမ်ားတြင္ အမည္ေဖာ္မျပသည့္ အမ်ိဳးသမီးက ေနကာမ်က္မွန္တပ္ကာ ထီးေဆာင္းၿပီး လုိက္လံ အင္တာဗ်ဴးေနခဲ့သည္။

ထိုအင္တာဗ်ဴးကို အင္တာနက္တြင္ လႊင့္တင္လုိက္ၿပီးေနာက္ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားၿပီး သတင္းေထာက္၏ အသံုးအေဆာင္ ေရြးခ်ယ္မႈအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္မႈမ်ား ထြက္ေပၚလာသည္။ ထိုကိစၥ ပိုမိုအရွိန္ေကာင္းလာသည့္အခါ Xiamen TVက သူမကို လက္ရွိ အလုပ္တာဝန္မွ ဆိုင္းငံ့ထားလိုက္သည္။

Xiamen TVက ပေရာ္ဖက္ရွင္နယ္ မဆန္သည့္ အျပဳအမူႏွင့္ ပတ္သက္၍ ျပန္လည္ စစ္ေဆးမႈမ်ား ျပဳလုပ္မည္ဟု ေၾကညာသည္။ အေျခအေနအရ အမ်ိဳးသမီးသည္ သူမ၏ အလုပ္ကိုပါ ဆံုး႐ံႈးမည့္ အလားအလာ ရွိေနသည္။

“ဌာနရဲ႕ သတင္းေထာက္ တစ္ေယာက္ဟာ သတ္မွတ္ စည္းကမ္းေတြကို လုိက္နာျခင္း မျပဳဘဲ မေလ်ာ္ကန္တဲ့ ပံုစံမ်ိဳးနဲ႔ အင္တာဗ်ဴးမိခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ သတင္းမီဒီယာသမားေတြအေပၚ အမ်ားျပည္သူရဲ႕ အႏုတ္လကၡဏာဆန္တဲ့ အျမင္မ်ိဳး သက္ေရာက္လာႏုိင္ပါတယ္”ဟု Xiamen TVမွ ေျပာေရးဆိုခြင့္ရ အရာရွိက ဝန္ခံခဲ့သည္။

တိုင္ဖြန္း မီရန္တီသည္ ယခုႏွစ္၏ အင္အားအျပင္းထန္ဆံုး မုန္တိုင္းတစ္ခု ျဖစ္ခဲ့ၿပီး တ႐ုတ္တြင္ ဖူဂ်ီအန္းျပည္နယ္ ေတာင္ပိုင္း၌ ဆိုးဆိုးရြားရြား ပ်က္စီးဆံုး႐ံႈးမႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အဝတ်အစား အသုံးအဆောင် ရွေးချယ်မှု အဆင်မပြေသောကြောင့် တရုတ် သတင်းထောက် အမျိုးသမီးတစ်ဦး အလုပ်ပြုတ်မည့်အရေး ကြုံနေရကြောင်း သိရသည်။

Xiamen TVမှ ရုပ်မြင်သံကြား သတင်းထောက် အမျိုးသမီး တစ်ဦးသည် တိုင်ဖွန်းမုန်တိုင်း မီရန်တီ တိုက်ခတ်မှုအပြီး ဇီယာမန်မြို့တွင်း ပြန်လည် ထူထောင်မှု လုပ်ငန်းများ ဆောင်ရွက်နေပုံကို သွားရောက် အင်တာဗျူးခဲ့သည်။ ထိုအချိန်တွင် အလုပ်လုပ်နေသူ အားလုံးက နေပူပူအောက်တွင် ချွေးသံတရွှဲရွှဲ ဖြစ်နေသော်လည်း သတင်းများတွင် အမည်ဖော်မပြသည့် အမျိုးသမီးက နေကာမျက်မှန်တပ်ကာ ထီးဆောင်းပြီး လိုက်လံ အင်တာဗျူးနေခဲ့သည်။

ထိုအင်တာဗျူးကို အင်တာနက်တွင် လွှင့်တင်လိုက်ပြီးနောက် လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး သတင်းထောက်၏ အသုံးအဆောင် ရွေးချယ်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ထိုကိစ္စ ပိုမိုအရှိန်ကောင်းလာသည့်အခါ Xiamen TVက သူမကို လက်ရှိ အလုပ်တာဝန်မှ ဆိုင်းငံ့ထားလိုက်သည်။

Xiamen TVက ပရော်ဖက်ရှင်နယ် မဆန်သည့် အပြုအမူနှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးမှုများ ပြုလုပ်မည်ဟု ကြေညာသည်။ အခြေအနေအရ အမျိုးသမီးသည် သူမ၏ အလုပ်ကိုပါ ဆုံးရှုံးမည့် အလားအလာ ရှိနေသည်။

“ဌာနရဲ့ သတင်းထောက် တစ်ယောက်ဟာ သတ်မှတ် စည်းကမ်းတွေကို လိုက်နာခြင်း မပြုဘဲ မလျော်ကန်တဲ့ ပုံစံမျိုးနဲ့ အင်တာဗျူးမိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သတင်းမီဒီယာသမားတွေအပေါ် အများပြည်သူရဲ့ အနုတ်လက္ခဏာဆန်တဲ့ အမြင်မျိုး သက်ရောက်လာနိုင်ပါတယ်”ဟု Xiamen TVမှ ပြောရေးဆိုခွင့်ရ အရာရှိက ဝန်ခံခဲ့သည်။

တိုင်ဖွန်း မီရန်တီသည် ယခုနှစ်၏ အင်အားအပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့ပြီး တရုတ်တွင် ဖူဂျီအန်းပြည်နယ် တောင်ပိုင်း၌ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top