Property Expo
×

 ရီးရဲလ္မက္ဒရစ္ႏွင့္ ဂါရတ္ေဘးလ္တို႔သည္ တစ္ပတ္ လုပ္ခယူ႐ုိ ၄၁၇,၀၀၀ ျဖင့္ ေျခာက္ ႏွစ္သက္တမ္းရိွ စာခ်ဳပ္သစ္ကုိသေဘာတူလုိက္ေၾကာင္း ၿဗိတိန္ သတင္းဌာနမ်ားက တနဂၤေႏြေန႔ တြင္ ေဖာ္ျပသည္။


ၿပီးခဲ့သည့္ ေဘာလံုးရာသီ မ်ားက ဂါရတ္ေဘးလ္သည္ ပရီး မီးယားလိဂ္သုိ႔ ျပန္ေရာက္မည္ဆုိ ေသာ သတင္းမ်ားထြက္ေပၚခဲ့ ေသာ္လည္း ၎သည္ ရီးရဲလ္တြင္ အေျခက်ေနၿပီျဖစ္ကာ ရီးရဲလ္က လည္း ၎၏စြမ္းေဆာင္ရည္ ေၾကာင့္ အလြန္ေပ်ာ္ရႊင္ေန ေၾကာင္း သိရသည္။

ဂါရတ္ေဘးလ္သည္ ယူ႐ုိ ၂၀၁၆ ၿပိဳင္ပြဲတြင္လည္း ေ၀းလ္စ္လက္ေရြးစင္အသင္းကုိ အႀကိဳ ဗုိလ္လုပြဲသုိ႔ ေရာက္ေအာင္ စြမ္း ေဆာင္ေပးခဲ့သည္။

ရီးရဲလ္အတြက္ ဂါရတ္ ေဘးလ္သည္ အေရးပါေသာ အ ခန္းက႑မွပါ၀င္ကစားေနျခင္း ႏွင့္ ပတ္သက္၍ ေ၀းလ္စ္အသင္း နည္းျပ ခရစ္ကုိးမန္းကလည္း ခ်ီး က်ဴးေျပာၾကားသည္။

‘‘ဂါရတ္ေဘးလ္ဟာ အား လံုးနီးပါးလုပ္ႏုိင္စြမ္းရိွတယ္ဆုိတာ ကြၽန္ေတာ္သိပါတယ္။ ေဘးလ္ရဲ႕အနာဂတ္နဲ႔ ပတ္သက္ ၿပီး ရီးရဲလ္ကလည္း အရမ္းရင္ခုန္ ေနတယ္လို႔ ကြၽန္ေတာ္ထင္ပါ တယ္’’ဟု ကိုးမန္းက ေျပာၾကား သည္။

ေ၀းလ္စ္အသင္းသည္ ၂၀၁၈ ကမၻာ့ဖလားေျခစစ္ပြဲ ေဗြေဆာ္ဦးပြဲအျဖစ္ တနလၤာညတြင္ ေမာ္ဒုိဗာႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္ကာ ေဘးလ္ႏွင့္ ေ၀းလ္စ္အသင္းသားမ်ားက ယူ႐ုိ ၂၀၁၆ တြင္ ျပသခဲ့သည့္ ေျခစြမ္းကုိ ဆက္ထိန္းကာ ၁၉၅၈ ေနာက္ပုိင္းပထမဆံုး ကမၻာ့ဖလားယွဥ္ၿပိဳင္ခြင့္အတြက္ ႀကိဳးစားမည္ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရီးရဲလ်မက်ဒရစ်နှင့် ဂါရတ်ဘေးလ်တို့သည် တစ်ပတ် လုပ်ခယူရို ၄၁၇,၀၀၀ ဖြင့် ခြောက် နှစ်သက်တမ်းရှိ စာချုပ်သစ်ကိုသဘောတူလိုက်ကြောင်း ဗြိတိန် သတင်းဌာနများက တနင်္ဂနွေနေ့ တွင် ဖော်ပြသည်။


ပြီးခဲ့သည့် ဘောလုံးရာသီ များက ဂါရတ်ဘေးလ်သည် ပရီး မီးယားလိဂ်သို့ ပြန်ရောက်မည်ဆို သော သတင်းများထွက်ပေါ်ခဲ့ သော်လည်း ၎င်းသည် ရီးရဲလ်တွင် အခြေကျနေပြီဖြစ်ကာ ရီးရဲလ်က လည်း ၎င်း၏စွမ်းဆောင်ရည် ကြောင့် အလွန်ပျော်ရွှင်နေ ကြောင်း သိရသည်။

ဂါရတ်ဘေးလ်သည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ဝေးလ်စ်လက်ရွေးစင်အသင်းကို အကြို ဗိုလ်လုပွဲသို့ ရောက်အောင် စွမ်း ဆောင်ပေးခဲ့သည်။

ရီးရဲလ်အတွက် ဂါရတ် ဘေးလ်သည် အရေးပါသော အ ခန်းကဏ္ဍမှပါဝင်ကစားနေခြင်း နှင့် ပတ်သက်၍ ဝေးလ်စ်အသင်း နည်းပြ ခရစ်ကိုးမန်းကလည်း ချီး ကျူးပြောကြားသည်။

‘‘ဂါရတ်ဘေးလ်ဟာ အား လုံးနီးပါးလုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘေးလ်ရဲ့အနာဂတ်နဲ့ ပတ်သက် ပြီး ရီးရဲလ်ကလည်း အရမ်းရင်ခုန် နေတယ်လို့ ကျွန်တော်ထင်ပါ တယ်’’ဟု ကိုးမန်းက ပြောကြား သည်။

ဝေးလ်စ်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဗွေဆော်ဦးပွဲအဖြစ် တနင်္လာညတွင် မော်ဒိုဗာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဘေးလ်နှင့် ဝေးလ်စ်အသင်းသားများက ယူရို ၂၀၁၆ တွင် ပြသခဲ့သည့် ခြေစွမ်းကို ဆက်ထိန်းကာ ၁၉၅၈ နောက်ပိုင်းပထမဆုံး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်အတွက် ကြိုးစားမည်ဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top