Kantharyar Centre
×
Credit: Trend Myanmar
Unicode Version
လူအများစုဟာ ညရေဆာလ့ို ထသောက်ဖို့ ဖြစ်လာခဲ့ရင် အိပ်ယာမဝင်ခင် ရေတစ်ခွက် အိပ်ယာဘေး စားပွဲပေါ်ထားကြပါတယ်။ ဒီလိုလုပ်ဖူးသူတိုင်း မနက်မှာ ရေရဲ့ အရသာ တစ်မျိုးဖြစ်နေတာ သိကြပါလိမ့်မယ်။
အစားအသောက်နဲ့ မတူတာက သာမန်ရေမှာ သာမန်မျက်စိဖြင့်မမြင်နိုင်တဲ့ ပိုးမွှားတွေ ရှင်သန်တဲ့ သကြား သို့မဟုတ် ပရိုတိန်းဓာတ်တွေ မပါဝင်ပါဘူး။ ဒါ့ကြောင့် အရသာတမျိုးဖြစ်စေတာ ပိုးမွှားတွေ မဟုတ်ဘူးလို့ ပြောမရနိုင်ပါဘူး။
တစ်နည်းအားဖြင့် ဖန်ခွက်ထားခဲ့တဲ့ရေမှာ ဖုန်မုန့်များနဲ့ လေထုထဲ ပေါက်ဖွားတဲ့ ဘက်တီးရီးယားပိုးများ ရောက်သွားဖို့ ပိုမိုလွယ်ကူပါတယ်။
ရေဟာ လေထုနဲ့ ထိတွေ့တဲ့အခါ ကာဗွန်းနစ် အက်ဆစ်အဖြစ်ပြောင်းလဲသွားသော အစိတ်အပိုင်းသေးသေးလေေးတစ်ခုဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပါတယ်။ တစ်နည်းပြောရင် လေနဲ့ထိတွေ့တဲ့ ရေဟာ သူရဲ့ ဇီဝဖွဲ့စည်းမှုပြောင်းလဲသွား လေ့ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပိုမိုအသေးစိတ်ဆိုရရင် ကာဗွန်အက်ဆစ်က ပရိုတွန် တစ်လုံး သို့မဟုတ် နှစ်လုံး ထုတ်လုပ်တဲ့အခါ ကာဗွန်နှိပ် သို့မဟုတ် ဘိုင်ကာဗွန်နှိပ် ပြောင်းလဲကာ pH အဖြစ်သို့ရောက်သွားပါတယ်။ ဒီပြောင်းလဲမှုက ရေရဲ့အရသာကို အကျိုးသက်ရောက်စေပါတယ်။
တစ်ညလုံး ပစ်ထားခဲ့တဲ့ ရေကို သောက်တာ အန္တရာယ်ဖြစ်စေတယ် မဆိုလိုပေမယ့် ရေမှာ စုဝင်နေတဲ့ ဖုန်မုန့်နဲ့ လေထုတွင် ပေါက်ပွားသည့် ဘက်တီးရီးယားပိုးမွှားများ ရှိနေတဲ့အချက်ကြောင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သုံးသပ်နိုင်ပါတယ်။ နောက် ညတစ်ရေးနိုးလို့ ရေဆာရင် မီးဖိုချောင်း ပြေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ရေကိုသာ သောက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top