Kantharyar Centre
×

အေမရိကန္ႏုိင္ငံမွာ ၂၄ နာရီအတြင္း နယူးေယာ့ခ္ၿမဳိ႕ အပါအဝင္ ေနရာသုံးခုမွာ တုိက္ခိုက္ေတြ ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ စက္တင္ဘာ ၁၇ ရက္ ေဒသစံေတာ္ခ်ိန္ ၈ နာရီခြဲဝန္းက်င္းက နယူးေယာ့ခ္ၿမဳိ႕မွာ အမႈိက္ပုံးတစ္ခုအတြင္းမွ ဗုံးေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး လူ ၂၉ ဦး ဒဏ္ရာရခဲ့ပါတယ္။

ဒုတိယဗုံးကုိမူ ရဲတပ္ဖြဲ႕က ႐ွင္းလင္းႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ မင္နီဆုိတားျပည္နယ္မွာ လူတစ္ဦးက ဓားျဖင့္တုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီး နယူးဂ်ာစီျပည္နယ္မွာလည္း ရန္ပုံေငြ အေျပးၿပဳိင္ပြဲ မစတင္မီ ဗုံးေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။

ယခု ျဖစ္ရပ္ေတြဟာ တစ္ခုနဲ႕တစ္ခု ဆက္စပ္ေနေၾကာင္း အေထာက္အထားမ်ား မေတြ႕႐ွိရေပမဲ့ အၾကမ္းဖက္တုိက္ခုိက္မႈနဲ႕ ဆက္ႏြယ္ေနျခင္း႐ွိ မ႐ွိ အေမရိကန္ အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနေၾကာင္းပါတယ္။

တုိက္ခိုက္မႈေတြေၾကာင့္ အေမရိကန္မွာ လုံၿခဳံေရးအေျခအေနအေပၚ စုိးရိမ္မႈေတြ ျမင့္တက္ေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း နယူးယော့ခ်မြို့ အပါအဝင် နေရာသုံးခုမှာ တိုက်ခိုက်တွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ၈ နာရီခွဲဝန်းကျင်းက နယူးယော့ခ်မြို့မှာ အမှိုက်ပုံးတစ်ခုအတွင်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒုတိယဗုံးကိုမူ ရဲတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မင်နီဆိုတားပြည်နယ်မှာ လူတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နယူးဂျာစီပြည်နယ်မှာလည်း ရန်ပုံငွေ အပြေးပြိုင်ပွဲ မစတင်မီ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ယခု ဖြစ်ရပ်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြောင်း အထောက်အထားများ မတွေ့ရှိရပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အမေရိကန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်းပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အမေရိကန်မှာ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top